မာတိကာသို့ ခုန်သွားရန်

တိုင်းဝမ်ကျွန်း

ဝီကီပီးဒီးယား မှ

တရုတ်နိုင်ငံမှ အ‌ရှေ့ဘက်သို့ မိုင် ၁၀၀ ခန့်၊ ဖိလစ်ပိုင် ကျွန်းမှ ‌မြောက်စူးစူးသို့ မိုင် ၂၀၀ ခန့်အကွာတွင် ‌တော‌တောင် ‌ေ၇‌မြေတို့ဖြင့် အလွန်လှပတင့်တယ်‌သော ကျွန်းတကျွန်းတည် ရှိ၏။ ထိုကျွန်းကို ၁၅၉၀ ပြည့်နှစ်‌လောက်တွင် ‌ပေါ်တူဂီလူမျိုး ‌ေ၇‌ကြောင်းသွားလာသူ ခရီးသည်တစ်စုက ‌တွေ့မြင် ကြ‌လေရာ၊ ‌ကျောက်‌တောင် ‌ကျောက်စွန်းများဖြင့် လှပ‌သော ကမ်းရိုးတန်း၊ မြင့်မားလှ‌သော ‌တောင်တန်းကြီး၊ စိမ်းလန်းစို‌ပြေ‌သောသစ်‌တော၊ အ‌ရောင်မျိုးစုံခြယ်သန်း‌နေ‌သော ‌တောပန်းစသည်တို့ဖြင့် အလွန် လှပတင့်တယ် ရှုချင် စဖွယ်‌ကောင်းလှသဖြင့် ‌ပေါ်တူဂီတို့ စကားဖြင့် ‘အစ်လာ ‌ဖော်မိုးဆား’ (လှပသည့်ကျွန်း)ဟု အမည် ‌ပေး ခဲ့‌လေသည်။ ထိုအခါမှစ၍ ‌ဖော်မိုးဆားကျွန်းဟု တွင်သည်။ တရုတ်တို့ကမူ တိုင်ဝမ်ကျွန်းဟု ‌ခေါ်ကြသည်။

ထိုကျွန်းသည် အ‌ရှေ့မှအ‌နောက်သို့ မိုင် ၉၀ ကျယ်၍၊ ‌တောင်မှ ‌မြောက်သို့ ၂၃၅ မိုင်ရှည်‌လေသည်။ စတုရန်းမိုင်‌ပေါင်း ၁၃၈၉၀ ကျယ်ဝန်း၍၊ ၁၉၅၁ ခုနှစ် သန်း‌ခေါင်စာရင်းအရ လူဦး‌ရေကား စစ်သားများမှအပ ၈ သန်းနီးပါးရှိ၏။ ကမ္ဘာ့ အ‌ရှေ့ဖျားတွင် အကျယ်အဝန်းနှင့် မလိုက်‌အောင် လူဦး‌ရေ အများဆုံး‌သော‌ဒေသဖြစ်၏။ သို့ရာတွင် တိုင်းရင်းသားကား ၁၄၀၀၀၀ ခန့်သာရှိ၍၊ ကျန်လူဦး‌ရေမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။

တိုင်ဝမ်ကျွန်းသည် ဂျပန်ကျွန်းတန်း၏ အဆက်ဖြစ်‌သော် လည်း ဂျပန်နိုင်ငံကဲ့သို့ မီး‌တောင်များမရှိ‌ချေ။ သို့ရာတွင် ‌ရေပူတွင်းနှင့် ‌ရေပူစမ်းများ ‌ပေါလှသည်။ အလယ်ပိုင်းသည် ကား ‌တောင်ထူထပ်လှ၏။ နီအီတားကားယာမာ‌ခေါ် ‌မော်ရီဆန် ‌တောင်ထိပ်သည် ‌ပေ‌ပေါင်း ၁၄ရ၂၀ ခန့်မြင့်၍ ဂျပန်နိုင်ငံရှိ ဖူဂျီယာမာ‌တောင်ထက်ပင် မြင့်‌သေးသည်။ မြင့်မား‌သော ‌တောင်တန်းတို့တွင် ထင်ရှူး‌တောများရှိ၍ နိမ့်ရာအရပ်တို့တွင် ကား ငှက်‌ပျောပင် ‌ဖော့ပင်၊ ပရုတ်ပင်၊ ‌ကျောက်ခက်ပင်၊ နွယ် ပင်များဖြင့် ပိတ်ဖုံး‌နေ‌သော‌ကြောင့် အသွားအလာ မလွယ်ကူ ‌ချေ။ ထိုသို့ ‌တောကြီး‌သောအရပ်တွင် ‌တောရိုင်းတိရစ္ဆာန်တို့ အပြင် အဆိပ်ပြင်း‌သော ‌မြွေများ‌ပေါသဖြင့် အထူးပင်အန္တရာယ် များလှသည်။ တိရစ္ဆာန်တို့၏ ‌ဘေးအန္တရာယ်သာမက ‌တောနက် ကြီးများတွင် ‌နေထိုင်ကြ‌သော အလွန်ရိုင်းစိုင်း၍ လူတို့ကို လိုက်လံ‌ခေါင်းဖြတ် သတ်‌လေ့ရှိ‌သော လူရိုင်းများ၏ အန္တရာယ် လည်း ‌ကြောက်မက်ဖွယ်ဖြစ်သည်။

တိုငးဝမ်ကျွန်းသည် ခရစ် ၁၆၈၃ ခုနှစ်‌လောက်ကစ၍ တရုတ်ပိုင် ဖြစ်ခဲ့‌သော်လည်း၊ ၁၈၉၅ ခုနှစ်တွင် ဂျပန်တို့၏ လက်‌အောက်သို့ ကျ‌ရောက်ခဲ့သည်။ ထိုကျွန်းတွင် တရုတ်တို့ မအုပ်စိုးမီက မ‌လေး ဖိလစ်ပီနိုလူရိုင်းမျိုးတို့ ‌နေထိုင်ကြ၏။ တရုတ်လူမျိုးနှင့် ဂျပန်လူမျိုး နယ်သစ်ရှာ‌ဖွေသူများသည် ထို ကျွန်းသို့‌ရောက်၍ အပြိုင်အဆိုင် သိမ်းပိုက်ရန် စီစဉ်ခဲ့‌သော် လည်း တိုင်းရင်းသား လူရိုင်းများ၏ အန္တရာယ်ပြုမှု‌ကြောင့် မ‌နေနိုင်ကြ‌ချေ။ ထို့ပြင် ‌ပေါ်တူဂီ နယ်သစ်ရှာသမားတို့သည် လည်း ကြာရှည်မ‌နေနိုင်ကြ‌ချေ။ ၁၆၂၄ ခုနှစ် ‌လောက်ကျမှ ဒပ်ချလူမျိုးတို့သည် အ‌နောက်ဘက်ကမ်းတွင်စခန်းချ၍‌နေနိုင်ကြ ‌လေသည်။ ၁၆၆၂ ခုနှစ်တွင်မူ တရုတ်မျိုးချစ် ပုဂ္ဂိုလ်တဦးဖြစ်သည့် ‌ကော့ဆင်ဂါဟုတွင်သူ ချင်းချင်းကွန်းသည် ပင်လယ်ဓားပြများကို ‌ခေါင်း‌ဆောင်ကာ၊ လူရိုင်းများကို နှိမ်နင်း၍ တကျွန်းလုံးကို သိမ်းပိုက်လိုက်‌လေသည်။ ထို‌နောက် ၁၈၉၅ ခုနှစ်တွင် တရုပ်တို့ လက်ထဲမှ ဂျပန်တို့က သိမ်းယူခဲ့၏။ ယခု ဒုတိယကမ္ဘာစစ် ပြီးသည့်‌နောက်၁၉၄၅ ခုနှစ်တွင် ကိုင်ရို ‌ကျေညာချက်အ၇၊ ဂျပန်တို့လက်မှ တရုပ်လက်သို့ အပ်လိုက်၇‌လေသည်။ ထိုစဉ်က တရုပ်ပြည်မကြီးတွင် ချန်‌ကေရှိတ်၏ အမျိုးသားအစိုးရ အုပ်ချုပ် ‌နေ‌သောအခါဖြစ်သည်။ ပြည်မကြီးမှ ချန်‌ကေရှိတ် ဆုတ်ခွာ၍ ‌ပေး၇‌သောအခါ၊ ၁၉၅၀ ပြည့်နှစ် မတ်လ ၁ ရက်‌နေ့တွင် ချန်‌ကေရှိတ်သည် တိုင်းဝမ်ကျွန်း၌ တရုပ်အမျိုးသားအစိုးရကို ဆက်လက် တည်‌ထောင်‌လေသည်။

တိုင်းဝမ်ကျွန်းသည် ကမ္ဘာ‌ပေါ်တွင် ပရုတ်အများဆုံးထွက်‌သော ကျွန်းဖြစ်သည်။ ပရုတ်ပင်တို့သည် ‌တော‌တောင်အလုံး၌ အလိုလိုပင် ‌ပေါက်‌ရောက်၏။ ပရုတ်သည် ‌ဆေးဖက်တွင် များစွာအသုံးဝင်သဖြင့်၊ အဖိုးတန်လှသည်။ သို့ရာတွင် ‌ခေါင်းဖြတ် သတ်တတ်‌သော လူရိုင်း များ‌ကြောင့်၊ ပရုတ်ရှာသူတို့သည် ‌တောကြီးများသို့ မသွားရဲကြ‌ချေ။ ‌တောကြီးများ၏အတွင်းပိုင်းသို့ လူရိုင်းများမှတပါး၊ ယ‌နေ့တိုင် မည်သူမျှ မ‌ရောက်ဘူးကြ‌သေး‌ချေ။ တိုင်းရင်းသားလူရိုင်းများသည် တ‌တောင်နှင် တ‌တောင်ကို ကြိုးတန်တားဖြင့်ဆက်၍ ကူးကြသည်။ သို့ရာတွင် မကျင်လျင်သူတို့အဖို့ကား၊ မလွယ်ကူ‌ချေ။ လူရိုင်းများသည် ‌တော‌တောင်ထဲတွင် အသွားအလာ ကျင်လျင်ပြီးဖြစ်သဖြင့်၊ အမဲသား ငါးလိုက်၍ စား‌သောက်ကာ ‌နေထိုင်ကြ၏။

ဂျပန်တို့အုပ်စိုးစဉ်က လူရိုင်းများ၏‌ဘေးရန်ကို အထူးကာကွယ်‌ပေး၍၊ ပရုတ်လုပ်ငန်းကို အား‌ပေးသဖြင့်၊ အလွန်တိုးတက်လာခဲ့သည်။ ယခုအခါ လူရိုင်းများကို တစတစ ယဉ်‌ကျေး‌အောင်ပြုပြင်‌ပေး၍၊ လယ်ယာ လုပ်ကိုင်ခြင်းများကို သင်‌ပေးခဲ့သဖြင့်၊ ထိုလူရိုင်းတို့သည် တစတစ ယဉ်‌ကျေးလာ‌ပေပြီ။ ဂျပန်အစိုးရလက်‌အောက်တွင် ဆား၊ ပရုတ်၊ ‌ဆေးနှင့် ဘိန်းလုပ်ငန်းတို့ကို အစိုးရပိုင်လုပ်ငန်းများအဖြစ် လုပ်ကိုင်ကြသည်။

ဆန်စပါးနှင့် လက်ဖက်ကိုလည်း စိုက်ပျိုးကြသည်။ ကြံပင်များကိုလည်း စိုက်ပျိုးကြသဖြင့်၊ သကြားစက်ရုံ‌ပေါင်း ၁၅၀ ခန့်ရှိ၍၊ နိုင်ငံခြားသို့ တင်ပို့နိုင်သည်။ မိုင်‌ပေါင်း ၆၀၀ ‌ကျော်‌သော အစိုးရမီးရထားလမ်းများနှင့် သကြားကုမ္ပဏီမာျး၏ မီးရထားလမ်း များစွာပင်ရှိသည်။ သတ္တုလုပ်ငန်းသည် ဤ‌ခေတ်တွင်မှ အထူးတိုးတက်လျက်ရှိသည်။ ‌ရွှေ၊ ‌ငွေ၊ ‌ကြေး၊ ‌ကျောက်မီး‌သွေး ထုတ်လုပ်‌ရေးသည် အဓိက သတ္တုလုပ်ငန်း ဖြစ်၏။ ဒန်၊ သံ၊ သံမဏိတို့ကိုလည်း ထုတ်လုပ်၍ရသည်။ ၁၉၅၆ ခုနှစ်က တိုင်းဝမ်ကျွန်းသည် ‌ရေနံ‌ချေးတန်ချိန် ရဝ၀၀၀၀ ထုတ်လုပ်နိုင်ခဲ့သည်။

တိုင်ဟိုကူးမြို့‌ခေါ် တိုင်‌ပေမြို့သည် တိုင်းဝမ်ကျွန်းမြို့‌တော်ဖြစ်၏။ ၁၉၂၈ ခုနှစ်က ထိုမြို့တွင် တက္ကသိုလ်‌ကျောင်းကြီး တ‌ကျောင်း စတင်ဖွင့်လှစ် ခဲ့‌လေသည်။ ကီလွန်းမြို့နှင့် တိုင်နန်မြို့သည် တိုင်းဝမ်ကျွန်း၏ ‌ကျော်ကြား ‌သော သ‌ဘေင်္ာဆိပ်မြို့များဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅