တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
|---|---|
| ဖွဲ့စည်းခြင်း | ၃၀ မတ် ၂၀၁၆ ခုနှစ်(ဦးစီးဌာန) |
| ဝန်ကြီးများ | ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် |
| ဌာနအကြီးအမှူးများ | -၊ ညွှန်ကြားရေးမှူးချုပ် |
| မိခင်အဖွဲ့အစည်း | တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန |
| ဝက်ဘ်ဆိုက် | moea.gov.mm |
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန(အင်္ဂလိပ်: DEPARTMENT OF ETHNIC LITERATURE AND CULTURE) သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။ ထိုဦးစီးဌာန၏ လက်ရှိ ညွန်ကြားရေးမှူးချုပ်မှာ ဦးဝင်းနိုင် ဖြစ်သည်။
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ဘာသာစကား၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းပါးနေသည့် လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ယူသော အစိုးရဌာနတစ်ခုဖြစ်သည်။ ဤဌာနသည် တိုင်းရင်းသားလူမျိုးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပြည်ထောင်စုစိတ်ဓာတ် တည်ဆောက်ရေးအတွက် အဓိက ရည်ရွယ်ချက်လည်း ထားရှိသည်။[၁]
ထို့အပြင် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် အခွင့်အရေးများကို ကာကွယ်မြှင့်တင်၍ လူမှုစီးပွားဘဝ တိုးတက်စေရန် မျှော်မှန်းချက်ထားရှိသည်။
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနကို စာပေနှင့်ဘာသာစကားဌာနခွဲ၊ရိုးရာဓလေ့နှင့်အမွေအနှစ်ဌာနခွဲ၊တိုင်းရင်းသားလူမှုဘဝမြှင့်တင်ရေးဌာနခွဲ နှင့် စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဌာနခွဲဟူ၍ ဌာနခွဲ ၄ ခုရှိသည်။ဤဌာနတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံး ၁၄ ရုံး အပြင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)လည်း ရှိသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)
[ပြင်ဆင်ရန်]၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၉) အရ သဘောတူ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်မှ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန အောက်သို့ သွတ်သွင်း ဖွဲ့စည်းခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများအားတွေ့ဆုံ။ MOI Myanmar (၈ ဖေဖော်ဝါရီ ၂၀၂၆)။ ၁၂ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ။ MYANMAR NATIONAL PORTAL (၁၈ စက်တင်ဘာ ၂၀၂၅)။ ၁၂ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။