တိုင်းဂရစ်မြစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တိုင်းဂရစ်မြစ်သည် ယင်း၏ လှပမှုနှင့် အသုံးဝင်မှုကြောင့် နာမည်ကျော်သည်။

တိုင်းဂရစ်မြစ်သည် မိုင်‌ပေါင်း ၁၁၅၀ မျှရှည်လျားသည်။ မိုဆူမြို့မှ ‌အောက်သို့ ၂၁ ရာသီပတ်လုံး သ‌ဘေင်္ာများ ဆန် တက်သွားလာနိုင်၏။ အာရှတိုက်အ‌နောက်ပိုင်းရှိ ကူးဒစ္စ တန်‌တောင်တန်းများမှာ မြစ်ဖျားခံ၍ စီးဆင်းခဲ့ရာ မြစ်ညာတွင် အ‌ရှေ့ဘက်မှစီးဝင်‌သော မြစ်လက်တက်များ၏ ‌ရေလုံးအားကြီး သဖြင့် ‌ရေစီးသန်၏။

ထို‌နောက် ‌ကော်နာမြို့တွင် ယူဖ‌ရေးတီး မြစ်နှင့် ‌ပေါင်းဆုံကာ ရှက်တတယ်အာရပ်အမည်ဖြင့် ပါရှင်း ပင်လယ်‌ကွေ့ထဲသို့ စီးဝင်‌လေသည်။ ‌ရှေး‌ခေတ်က ဗက်ဗီလုံးနှင့် အဆီးရီးယန်း အင်ပိုင်ယာနိုင်ငံကြီးများတွင် ထင်ရှား ခဲ့‌သော မြစ်ဖြစ်၍ ‌ရှေး‌ဟောင်းမြို့ကြီးများမှာ ဤမြစ်‌ပေါ်၌ တည်ရှိခဲ့၏။

ယခု‌ခေတ် မြို့ကြီးများဖြစ်‌သော ဗာဆရာ၊ ဗဂ္ဂဒက်နှင့် မိုဆူစ‌သော မြို့ကြီးများသည်လည်း ဤမြစ်ကမ်း‌ပေါ်တွင် တည် ရှိ‌လေသည်။ ပထမ ကမ္ဘာစစ်ကြီးအတွင်းတွင် ဂျာမန်တို့က တိုင်းဂရစ်မြစ်နှင့် ယူဖ‌ရေးတီး မြစ်နှစ်သွယ်ကြားရှိ ‌မြေဩဇာ ‌ကောင်း‌သောနယ်ကို သိမ်းပိုက်ရန်ကြိုးစားသဖြင့် ဗြိတိသျှတို့က ဝင်‌ရောက်သိမ်း ပိုက်ခဲ့၇‌လေသည်။ ‌ရှေး‌ခေတ်မှစ၍ ယ‌နေ့တိုင် ‌အောင်ပင် ဤမြစ်မှ‌ရေကို တူး‌မြောင်းများဖြင့် သွယ်ယူ၍ ‌ကောက်ပဲသီးနှံများကို စိုက်ပျိုးကြ‌လေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅။