တိလောက

ဝီကီပီးဒီးယား မှ

တိလောက၊ ဆရာ‌တော်ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ မိုး‌ကောင်းမြို့၊ မဟာတိ‌လောကာရာမ‌ကျောင်းတိုက် (မြန်မာ-၁၂၆၈)

ဆရာ‌တော် ဘဒ္ဒန္တတိ‌လောကကို ကချင်ပြည်နယ် မိုး‌ကောင်းမြို့ နန့်ရင်းရပ်တွင် ခမည်း‌တော် ဦးဘိုး‌အောင်၊ မယ်‌တော် ‌ဒေါ်စိန် တို့က မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ် နတ်‌တော်လပြည့်‌ကျော် ၈ ရက် စ‌နေ‌နေ့၌ ဖွားမြင်သည်။

‌ကျောင်းသားအရွယ်တွင် မိုး‌ကောင်းမြို့ အလယ်‌ကျောင်း ဆရာ‌တော် ဘဒ္ဒန္တအရိယမဟာ‌ထေရ်ကို ဥပဇ္ဈာယ် ပြုလျက် ခမည်း‌တော် မယ်‌တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမ‌ဏေ အဖြစ်သို့ ‌ရောက်သည်။ သာမ‌ဏေဘွဲ့မှာ ရှင်တိ‌လောက ဖြစ်သည်။

ထို့‌နောက် သက္ကရာဇ် ၁၂၈၈ ခုနှစ်တွင် မိုး‌ကောင်း အ‌နောက်‌ကျောင်း ဆရာ‌တော် ဘဒ္ဒန္တဝံသမဟာ‌ထေရ်ကို ဥပဇ္ဈာယ်ပြုလျက် ခမည်း‌တော် မယ်‌တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ ‌ရောက်‌တော်မူသည်။

ဆရာ‌တော်သည် မိုး‌ကောင်းမြို့အလယ်‌ကျောင်းဆရာ‌တော် ဘဒ္ဒန္တအရိယယံတွင် ပရိယတ္တိအ‌ခြေခံပညာရပ်များကို သင်ကြား ‌တော်မူခဲ့သည်။ ထို့‌နောက် မန္တ‌လေးမြို့ ဒက္ခိဏာရာမဘုရားကြီး တိုက် ဆရာ‌တော်ဦးဝိုင်း၊ ဦးနာရဒနှင့် စာချဆရာ‌တော်များထံ တွင် ကစ္စည်းသဒ္ဒါကြီး အဘိဓမ္မတ္ထသဂင်္ဟ၊ ရူပသိဒ္ဓိ၊ ကစ္စာယန သာရ၊ ပုဒ်စစ်စ‌သော ကျမ်းဂန်များကိုလည်း‌ကောင်း၊ အမရပူရ မြို့ မင်္ဂလာတိုက်ဆရာ‌တော် ဦးဝိမလထံတွင် မာတိကာဓာတု ကထာယမိုက်၊ ပဋ္ဌာန်း၊ ဋီကာ‌ကျော်ကျမ်းများကိုလည်း‌ကောင်း၊ စစ်ကိုင်းမြို့ စကု‌မော်‌ကျောင်း တိုက် ဆရာ‌တော်နှင့် စစ်ကိုင်း ‌တောင်ရိုး စာချဆရာ‌တော်များထံတွင် ‌နေ့ဝါညဝါ ကျမ်းစာများကို လည်း‌ကောင်း၊ ‌တောင်ငူမြို့နယ် အုတ်တွင်းမြို့ ကန်က‌လေး ‌တောရစာသင်တိုက် ဆရာ‌တော်ထံတွင် ဆန်း၊ အလင်္ကာ ဝါကျ ဝိနိစ္ဆယစ‌သော ကျမ်းဂန်များကိုလည်း‌ကောင်း၊ ရန်ကုန်မြို့ ‌ခြောက်ထပ်ကြီး‌ကျောင်းတိုက် စာချဆရာ‌တော်များထံတွင် ပါဠိ‌တော် အဋ္ဌကထာဋီကာကျမ်းများကိုလည်း‌ကောင်း ‌လေ့လာသင်ကြား‌တော်မူခဲ့သည်။

ဆရာ‌တော်သည် သာသနာ‌တော် သန့်ရှင်းတည်တံ့ပြန့်ပွား ‌ရေးအတွက် ‌ဆောင်ရွက်‌တော်မူခဲ့ရာတွင် ၁၃၀၈ ခုနှစ်မှစ၍ မြစ်ကြီးနားသို့ ကြွ‌ရောက်ပြီး ကချင်ပြည်နယ်တွင် ဗုဒ္ဓသာသနာ‌တော်ပြန့်ပွားရန် ပြည်နယ်‌တောင်တန်းသာသနာပြု‌ကျောင်း ဖြစ်‌မြောက်‌ရေးနှင့် ပြည်နယ်သာသနာတိုးတက်‌ရေးအတွက် ပါဝင်‌ဆောင်ရွက် ‌တော်မူခဲ့သည်။ ထို့အပြင် ရုပ်ပွား‌တော်နှင့် ‌စေတီ‌တော်ကြီးငါးဆူကိုလည်း‌ကောင်း၊ အစိုးရမူလတန်း‌ကျောင်း ငါး‌ကျောင်းကိုလည်း‌ကောင်း တည်‌ဆောက် ဖွင့်လှစ်‌တော်မူခဲ့သည်။ ၁၃၂၆ ခုနှစ် ‌မှော်ဘီဂိုဏ်း‌ပေါင်းစုံ သံဃာ့အစည်းအ‌ဝေးပွဲတွင်လည်း သံဃာ့ကိုယ်စားလှယ်အဖြစ် တက်‌ရောက် ‌ဆောင်ရွက်‌တော်မူခဲ့သည်။

၁၃၃၅ ခုနှစ်တွင် မိမိသီတင်းသုံးရာ မိုး‌ကောင်းအလယ် ‌ကျောင်းတိုက်ကို မဇ္ဈိမရာမအမည်ဖြင့် စာသင်တိုက်ဖွင့်လှစ်လျက် သံဃာ‌တော် ၇၅ ပါးတို့အား ပရိယတ္တိစာ‌ပေများကို အမြဲမပြတ် သင်ကြားပို့ချ‌ပေး‌တော်မူခဲ့သည်။

၁၃၃၇ ခုနှစ်တွင် ဦးစိန်၊ ‌ဒေါ်‌ထွေးကြည်တို့လှူဒါန်း‌သော ခုနစ်ဧကကျယ်ဝန်းသည့် ‌မြေကွက်တွင် ပရိယတ္တိနှင့် ပဋိပတ္တိ သာသနာအ‌ခြေခံ ခိုင်ခံ့တည်တံ့ပြန့်ပွားမှုကို ‌ရှေးရှုလျက် မဟာတိ‌လောကာရာမစာသင် တိုက်နှင့် မဟာတိ‌လောကာရာမ သာသနာ့ရိပ်သာတို့ကို တွဲဖက်ဖွင့်လှစ်‌တော်မူပြီး ပါဠိပထမပြန် စာ‌မေးပွဲ စာ‌ဖြေဌာနရရှိ‌အောင်လည်း ‌ဆောင်ရွက်‌တော်မူသည်။

ဆရာ‌တော်သည် စာသင်တိုက်ရှိ သံဃာ‌တော် ၁၀၀ ‌ကျော် တို့အား ပါဠိ အဋ္ဌကထာ ဋီကာကျမ်းများကို အမြဲမပြတ် ပို့ချ‌တော်မူခြင်း၊ တရားအားထုတ်ကြ‌သော ရဟန်း‌ယောဂီ လူ‌ယောဂီ များကို တရားဓမ္မ ‌ဟော‌ပြော ပြသ‌တော်မူခြင်း၊ ကချင်ပြည်နယ် သံဃနာယကဥက္ကဋ္ဌအဖြစ်ဖြင့် ပြည်နယ်အတွင်း ‌ပေါ်‌ပေါက် သည့် သာသနာ‌ရေးကိစ္စများကို ‌ဖြေရှင်း‌တော်မူခြင်းစ‌သော သာသနာ့တာဝန်များကို အားသွန်ထမ်းရွက်‌တော်မူလျက်ရှိသည်။

ဤသို့ သာသနာ‌တော်အကျိုးကို သယ်ပိုး‌ဆောင်ရွက် ‌တော်မူသည့် သီလ၊ သမာဓိ၊ ပညာဂုဏ်တို့နှင့် ပြည့်စုံ‌တော်မူ‌သော ဆရာ‌တော်ဘဒ္ဒန္တ တိ‌လောကသည် ၁၉၈၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ပြည်‌ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ‌တော်၊ နိုင်ငံ‌တော်‌ကောင်စီက ဆက်ကပ်လှူဒါန်း‌သော အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်‌တော်ကို အလှူခံရရှိ‌တော် မူသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)