တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးဦးစီးဌာန
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ သုတေသနပြုထုတ်လုပ်သည့် လုပ်ငန်းကို၁၉၂၈ ခုနှစ် နှစ်ဦး ကာလများမှ စတင်စမ်းသပ်အကောင်အထည်ဖော်လာခဲ့ရာ ၁၉၈၈ ခုနှစ်တွင် နှစ် ၆ဝပြည့်ကာလ သို့တိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့ နှစ်ပေါင်း ၆ဝ ကြာမျှ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခဲ့ သည့် လုပ်ငန်းအတွေ့အကြုံများ ကြွယ်ဝလာခဲ့သည့် အလျောက် နိုင်ငံတကာ အဆင့်မီ ကာကွယ်ဆေးများ ထုတ်လုပ် အောင်မြင်နေသည့် နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့ သည်။
တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းသည် လယ်ယာစိုက်ပျိုး ရေး၊ ကျေးလက်ပြည်သူ အများစု၏ ဝန်တင် သယ်ယူပို့ဆောင် ရေး၊ အစာအာဟာရအဖြစ် အသားနှင့် နို့ရရှိရေးနှင့် အချို့သော စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းရရှိရေးတို့တွင် အရေးပါ လျက်ရှိသည်။ ထို့အတူ မွေးမြူသည့် တိရစ္ဆာန်များ ကြံ့ခိုင်ကျန်း မာရေးနှင့် အနာရောဂါကင်းစင်ရေးအတွက် တိရစ္ဆာန်ရောဂါကာ ကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများသည်လည်း မရှိမဖြစ် လိုအပ် သော လုပ်ငန်းများ ဖြစ်သည်။
တိရစ္ဆာန်ဆေးကုသုတေသန ဓာတ်ခွဲခန်း မပေါ်မီ ၅၅ နှစ်ကျော် ကာလအတွင်းက မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးကု လုပ်ငန်းသည် တပ်မတော် ဝန်တင်တပ်များရှိ မြင်းနှင့် လားများ ၏ ကျန်းမာရေးကို စောင့် ရှောက်ရသည့်လုပ်ငန်းအဆင့်သာ ရှိခဲ့ သည်။ ထို့နောက်တွင်မှ မြန်မာနိုင်ငံအတွင်း များစွာ သေဆုံးရ သည့် ကျောက်ရောဂါဖြစ်ပွားခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ တိရစ္ဆာန်ဆေးကုပညာ နှစ်နှစ်သင်တန်း ကျောင်းတစ် ကျောင်းဖွင့်လှစ်ပို့ချပြီး သင်တန်းဆင်းမြန်မာအမျိုးသားများအား စုစည်း၍ တိရစ္ဆာန်ကူးစက်ရောဂါများ နှိမ်နင်း ထိန်းချုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
၁၉၂၄ ခုနှစ်ဦးပိုင်းတွင် လယ်ယာစိုက်ပျိုးရေး ဌာန၌ တိရစ္ဆာန်ဆေးကု ဌာနခွဲ တွဲဖက်ထားရှိခဲ့ပြီး ၁၉၃ဝ ပြည့်နှစ်တွင် တိရစ္ဆာန်ဆေးကုဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည်။
တိရစ္ဆာန်ဆေးကု သုတေသနလုပ်ငန်းစတင်သော ၁၉၂၈ ခု နှစ်ဦးတွင် အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ကောလိပ်အ ဆောက်အအုံ တစ်စိတ်တစ်ဒေသကို မွမ်းမံ၍ ဓာတ်ခွဲခန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းသည်။ တောင်အာဖရိကနိုင်ငံမှ မှာယူသော ထောင့်သန်းရောဂါ ကာကွယ်ဆေးရည်အပျစ်ကို ပြန်လည်ပြုပြင် ဖော်စပ် သည့် ကာကွယ်ဆေး၊ ကျွဲ နွား လည်ချောင်းကွဲရောဂါ နှင့် ကျောက်ရောဂါ ကာကွယ်ဆေးတို့ကို သုတေသနပြုစမ်းသပ် ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ကျွဲ နွား ကျောက်ရောဂါ ကာကွယ် ဆေးသက်တမ်းသည် ၂၁ လအထိ အာနိသင် ထက်မြက် ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။
လွတ်လပ်ရေး ရရှိပြီးနောက် တိရစ္ဆာန် ဆေးကုဌာန အောက်တွင် တိရစ္ဆာန်ဆေးကုသုတေသနဌာနကို ပြင်ဆင်ဖွဲ့စည်း သည်။ ထို့ပြင် ရောဂါရှာဖွေစစ်ဆေးရေး သုတေသနလုပ်ငန်းများ နှင့်အတူ ယခင်ထုတ်လုပ်ခဲ့သည့် ကာကွယ်ဆေးများ အပြင် ကာကွယ်ဆေးသစ်များ အဖြစ် ခွေးရူးရောဂါ၊ ကြက် ဘဲ ဝမ်းကျ ရောဂါ၊ကြက်လည်လိမ်နှင့် ကြက်ကျောက်ပေါက်ရောဂါ ကာကွယ်ဆေးများကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်ပေး နိုင်ခဲ့ သည်။ ကုလသမဂ္ဂက စားနပ်ရိက္ခာအဖွဲ့ကလည်း နည်းပညာ ကျွမ်းကျင်မှု အကူအညီများပေးခဲ့သဖြင့် ကာကွယ်ဆေး ထုတ်လုပ်မှုလုပ်ငန်းများ အရှိန်သွက်လာခဲ့ပြီး ပြည်ပမှ မှာယူရော စပ်သုံး စွဲနေရသည့်ထောင့် သန်းရောဂါ ကာကွယ်ဆေးများကို ပြည်တွင်း၌ပင် စတင်သုတေသနပြုထုတ်လုပ်နိုင်ခဲ့သည်။ ယခင် ကအာနိ သင်ထက်မြက်မှု တစ်လအတွင်းသာ ရှိခဲ့သည့် ကျွဲ နွား လည်းချောင်းကွဲရောဂါ ကာကွယ်ဆေးကို တစ်နှစ်အထိ ဆေးစွမ်း ထက်သည့် ဆီဆေးနှင့် ကျောက်ချဉ်ဆေးရည် နှစ်မျိုးအဖြစ် အောင်မြင်စွာ သုတေသနပြုစမ်း သပ်ထုတ်လုပ် အသုံးပြုနိုင်ခဲ့ သည်။ ဤကာလအတွင်း ကျွဲ နွား ကျောက်ရောဂါ ကာကွယ် ဆေး ထိုးနှံ့ခြင်း ဖြင့် မြန်မာနိုင်ငံ၌ ကျွဲ နွား ကျောက်ရောဂါကို အမြစ်ပြတ် ကုသပေးနိုင်ခဲ့သည်။
၁၉၆၈ ခုနှစ် နောက်ပိုင်းကာလများသည် တိရစ္ဆာန် ဆေးကု သုတေသနလုပ်ငန်း အရှိန်အဟုန် မြင့်မားဆုံးကာလပင် ဖြစ်သည်။ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် ယုန်၊ ပူး၊ သိုး၊ ဆိတ် စ သည့်စမ်းသပ်ခံ တိရစ္ဆာန်များကို ထိုးနှံ အသုံးပြုထုတ်ယူသည့် ကာကွယ်ဆေးများအဖြစ်မှ ခေတ်မီတစ် သျှူး မွေးမြူနည်းများကို အသုံးပြု၍ ထုတ်လုပ်ရေး သုတေသန ပြု ကြိုးပမ်းမှုများအောင်မြင်ခဲ့ရာ ဤနည်းဖြင့်ဝက် ဝမ်းကျရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ပြင် ကြက်ဥသေ သားတွင် ဗိုင်းရပ်စ်ပိုးထိုးနှံမွေးမြူ၍ ထုတ်လုပ်သည့် နည်းများ ဖြင့်လည်း ကြက်လည်လိမ်၊ ကြက်ကျောက်ပေါက် ရောဂါများနှင့် ခွေးရူး၊ခွေး ကျောက်ရောဂါ ကာကွယ်ဆေးများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။
၁၉၇၆ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ်အထိ တိရစ္ဆာန်မွေးမြူ ရေး ဖွံ့ဖြိုးမှုလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့သည့်အတွက် တိရစ္ဆာန်ရောဂါ ရှာဖွေရေးနှင့် ကာကွယ် ရေး သုတေသနလုပ်ငန်းများနှင့် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း များဆိုင်ရာ ခေတ်မီ စက်ပစ္စည်းကိရိယာများကို စက်စွမ်းအား ပြည့်အသုံး ချနိုင်ခဲ့သည်။ ထို့ပြင် ၁၉၅၆ ခုနှစ်မှ စတင်ထုတ် လုပ်ခဲ့သည့် ကျွဲ နွား ပေါင်ပုပ် လက်ပုပ်ရောဂါကာကွယ် ဆေး၏ အာနိသင်ထက်မြက်မှု တစ်သမတ်တည်း မရှိခြင်းကို တည်မြဲသည့် အာနိသင်ရရှိအောင် ဆောင်ရွက် နိုင်ခဲ့သည်။
ယခုအခါတွင် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသည့် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ငါးမျိုးနှင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ခြောက်မျိုးတို့ကို နှစ်စဉ် စီမံကိန်းလျာထား ချက်များချမှတ်၍ သုတေသနပြု ထုတ်လုပ်လျက်ရှိသည်။ စီမံကိန်းလျာထားချက်များတွင် မပါဝင် သောအခြား ကာကွယ်ဆေး၊ စမ်းသပ်ဆေးများကိုလည်း ဆက်လက်သုတေသနပြု ထုတ်လုပ်လျက်ရှိသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ကာကွယ်ဆေး ထုတ်လုပ်ရေး ဌာနခွဲ၊ ရောဂါရှာဖွေကု ဌာနခွဲ၊ မေထုန်မဲ့ သားစပ်ဌာနခွဲ၊ ခွာနာလျှာနာရောဂါ ကာကွယ်ရေးဌာနခွဲနှင့် လေ့ကျင့်ပညာပေးရေး ဌာနခွဲဟူ၍ ဖွဲ့စည်းထားရှိပြီး တိရစ္ဆာန် များအား ဆေးဝါးကုသရေးလုပ်ငန်း၊ ကာကွယ်ဆေးထုတ်လုပ်ရေး နှင့် ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်း၊ မျိုးကောင်း မျိုးသန့် တိရစ္ဆာန်များ ပွားများရေးနှင့် ခိုင်းနွား၊ နို့စားနွား မျိုးရည်ဖြန့်ဖြူး ရေးနှင့် လေ့ကျင့်ပေးရေးလုပ်ငန်းများကို စီမံချက်များ ချမှတ်အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေးလုပ်ငန်း သည် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်နေသည့် တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်း များ၏ အဓိကလုပ်ငန်းတစ် ခုဖြစ်သည်။ ကူးစက်ရောဂါ ကြို တင်ကာကွယ်ရေး စီမံကိန်းများအတွက် ကာကွယ်ဆေး အပြည့် အဝ ထုတ်လုပ်ပေးနိုင်ရန် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေး ထုတ်လုပ်ရေး ဌာနခွဲသည် ဘက်တီးရီး ယား ကာကွယ်ဆေး ထုတ်လုပ်ရေး ဌာနစု၊ ဗိုင်းရပ်စ်ကာကွယ် ဆေး ထုတ်လုပ်ရေး ဌာနစုနှင့် စံချိန်စံညွှန်း အရည်အသွေး စစ်ဆေးရေး ဌာနစုများဖြင့် ကာကွယ်ဆေးထုတ်လုပ်မှု လုပ်ငန်း များကို အချိုးညီစွာ ဆောင်ရွက်လျက်ရှိသည်။ ဘက်တီးရီးယား ကာကွယ် ဆေး ထုတ်လုပ်ရေးဌာနစုသည် ဘက်တီးရီးယားပိုး ကြောင့် ဖြစ်ပွားသည့် ကူးစက်ရေဂါများအတွက်ကာကွယ်ဆေး များနှင့် ရောဂါစစ်ဆေးခြင်းလုပ်ငန်းများတွင် အသုံးပြုသည့် စမ်းသပ် ဆေးများကိုတာဝန်ယူ ထုတ်လုပ် သကဲ့သို့ ဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ရေး ဌာနစုသည် ဗိုင်ရပ်စ်ပိုးများကြောင့် ဖြစ်ပွားသည့်ရောဂါများ အတွက် ကာကွယ်ဆေးများကို တာဝန် ယူထုတ်လုပ်လျက် ရှိသည်။ ဘက်တီးရီးယား ဌာနစုက ကျွဲနွား များ အတွက် ကာကွယ်ဆေးသုံးမျိုး၊ ဝက်နှင့်ကြက်အတွက် ကာကွယ်ဆေးတစ်မျိုးစီကို စီမံကိန်းလျာထားချက်များ အတိုင်း သုတေသနပြုထုတ်လုပ်လျက်ရှိသည်။
ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသည့် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများကို သုတေသန် ပြုထုတ်လုပ်ရာတွင် ကျွဲနွားလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးနှင့် ဝက်ပလိပ်ရောဂါ ကာကွယ်ဆေး၊ ကြက် ဘဲဝမ်းကျရောဂါ ကာကွယ်ဆေးတို့ကို လေသွင်းပိုးပျိုး မျိုးဖောက်နည်ဖြင့်လည်းကောင်း၊ ကျွဲနွား ပေါင် ပုပ် လက်ပုပ်ရောဂါ ကာကွယ်ဆေးကို လေမဲ့ပိုးပျိုးမျိုး ဖောက် နည်းဖြင့်လည်းကောင်း၊ ထောင့်သန်း ရောဂါကာ ကွယ်ဆေးနှင့် ကြက်ချေးဖြူရောဂါ စမ်းသပ်ဆေးတို့ကို အာဟာရ ကျောက် ကြောပြင်ပေါ်တွင် မွေးမြူနည်း ဖြင့်လည်းကောင်း ဆေးဝါးဖော် စပ်ထုတ်လုပ်လျက်ရှိသည်။
ထောင့်သန်းရောဂါသည် အပူအအေးနှင့် ပိုးသတ်ဆေး များဒဏ်ကို ခံနိုင်စွမ်းရှိပြီး အသက်ပြင်းသည့် ဘက်စီးလပ်စ်အင် သရာစစ် ဘက်တီးရီးယားကြောင့် ကျွဲနွားများသာမက ဆင်၊ မြင်း၊ သိုး၊ ဆိတ်နှင့်ဝက်များ တွင်လည်း ရောဂါဖြစ်ပွားတတ် လေသည်။ ထို့ပြင်ထောင့်သန်းရောဂါသည် တိရစ္ဆာန်များကို သာမက လူကိုပါ ကူးစက်နိုင်သည့် ရောဂါလည်းဖြစ်သည်။
၁၉၅၂ ခုနှစ်အထိ ပြည်ပမှ မှာယူရောစပ် ထိုးနှံပေးခဲ့ရသော် လည်း ၁၉၅၃ ခုနှစ်တွင် ထောင့်သန်းရောဂါကာကွယ်ဆေးများကို ကောင်ရေ ၃ဝယဝဝဝ စာထုတ်လုပ်နိုင်ခဲ့သည်။ ယခုအချိန်တွင် ပိုးမွေးနှုန်းမြန်သည့် နည်းစနစ်ကိုအသုံးပြုပြီး ကောင်ရေ ၁ဝ သန်းစာနှစ်စဉ် ထုတ်လုပ်ပေး လျက်ရှိသည်။ ထို့ကြောင့် ထောင့်သန်းရောဂါကြောင့် သေဆုံးသည့်တိရစ္ဆာန်ကောင်ရေလည်း အလွန်နည်းပါး သွားသည်ကို တွေ့ရှိရသည်။
ယခုအခါ အဓိကဦးစားပေးထုတ်လုပ်ပေးသော ကာကွယ်ဆေးမှာ ကျွဲနွား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ပင်ဖြစ်သည်။ ဒုတိယကမ္ဘာ့စစ်မတိုင်မီကာလအထိ ကျွဲနွားကောင် ရေ ငါးထောင်နီးပါး နှစ်စဉ် သေဆုံးခဲ့ရပြီး ယနေ့အချိန်အထိ အဓိကဦးစားပေး ကာကွယ်ဆေးထုတ်လုပ် ပေးရသည့်ရောဂါမှာ ကျွဲနွား လည်ချောင်းကွဲရောဂါဖြစ်သည်။ ပါစဂျူရဲလားမာလ်တို စီဒါ ဘက်တီးရီးယားပိုးကို ပွားစာရည်တွင် လေသွင်း ပိုးပျိုး မျိုးပွားစေနည်းဖြင့် မွေးမြူပြီးဖော်မလင်ဆေးရည်ဖြင့် သေစေ၍ ကျောက်ချဉ်ဖြင့် ရောစပ်ထုတ်လုပ်လျက် ရှိသည်။ ကျွဲနွားကောင် ရေ ၁၂ဝ အတွက် ဆိုဒါပုလင်းကို အသုံးပြုထုတ်လုပ်သော ဤကာကွယ်ဆေးသည် ထိုးနှံပြီးနောက်သုံးရက်မှ ငါးရက်အတွင်း ရောဂါအခံဓာတ်ရရှိစေပြီး ခြောက်လအထိ ကာကွယ်မှုကိုပေး သည်။
ဤကာကွယ်ဆေးကိုပင် အသက်ရှင်ပိုး အသုံးပြု၍ အာနိသင်ပိုမို ထက်မြက်စေပြီး သက်တမ်းရှည်ကြာစွာ အသုံးပြု နိုင်ရန် ပဏာမစမ်းသပ် သုတေသနပြုလုပ်နိုင်ခဲ့ရာ ဇီဝသိပ္ပံပညာ ရပ်များဆိုင်ရာ သုတေသန လုပ်ငန်းများ စာတမ်းဖတ်ပွဲသို့ တင်သွင်းဖတ်ကြားခဲ့ပြီး သုတေသနတွေ့ရှိချက်များကို ကျယ် ကျယ်ပြန့်ပြန့် စမ်းသပ်မှုပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဗိုင်ရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရေးဌာနစုက ဗိုင်းရပ်စ် ကြောင့်ဖြစ်ပွားသည့် ကျွဲနွားအတွက်ကာ ကွယ်ဆေးတစ်မျိုး၊ ဝက် အတွက်ကာကွယ်ဆေးတစ်မျိုးနှင့် ကြက်ရောဂါကာကွယ်ဆေး လေးမျိုးကို စီမံကိန်း လျာထားချက်များအတိုင်း နှစ်စဉ်ထုတ်လုပ် ပေးလျက် ရှိသည်။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ကျွဲနွား ကျောက်ရောဂါ ကာကွယ်ဆေးကို ဆိတ်၏သရက်ရွက်တွင် ပိုးမျိုးပွားသည့် နည်း စနစ်ဖြင့် လည်းကောင်း၊ ဝက် ဝမ်းကျကာကွယ်ဆေးကို ခေတ်မီ တစ်သျှူးမွေးမြူနည်း စနစ်ဖြင့်လည်းကောင်း၊ ကြက်ကြီးနှင့်ကြက် ငယ် လည်လိမ်ရောဂါနှင့် ကျောက်ရောဂါကာကွယ်ဆေးနှစ်မျိုးကို ကြက်ဥသေသားလောင်းအတွင်း ပိုးမျိုးထည့်သွင်း မွေးမြူခြင်း နည်းစနစ်ဖြင့်လည်းကောင်း ဖော်စပ်ထုတ် လုပ်လျက်ရှိသည်။
ကျွဲနွားကျောက်ရောဂါမှာ စစ်ကိုင်းတိုင်း အတွင်း ၁၉၅၇ ခုနှစ်၌ နောက်ဆုံးဖြစ်ပွားခဲ့သည်မှလွဲ၍ ယနေ့တိုင်မြန်မာနိုင်ငံ၌ ကျောက်ရောဂါကင်းရှင်းခဲ့ပြီ ဖြစ်သော်လည်း အိမ်နီးချင်း နိုင်ငံ များမှ မတော်တဆ ဝင်ရောက်လာပါက တားဆီးနိုင်ရန် နယ်စပ် ဒေသများ အတွက် ထုတ်လုပ်ကာကွယ်မှု ပြုသည်ဟုဆိုသည်။
ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေးကို ကြက်သေ သား လောင်းကိုပါ ကြက်ဥထဲသို့ ကိုမာရော့ ဗိုင်းရပ်စ်ပေါက်ပွား စေခြင်းနည်းဖြင့် ရရှိလာသည့်ဗိုင်ရပ်စ်အရှင်ကို အအေးဖြင့်အ ခြောက်ခံနည်းကို သုံးပြီး ထုတ်လုပ် ထားခြင်းဖြစ်သည်။
ဝက်ဝမ်းကျ ကာကွယ်ဆေးကို တစ်မူထူးခြားစွာ ထုတ်လုပ်လာသည်ကိုတွေ့ရသည်။ ပူး၏ကျောက် ကပ်ကိုအသုံး ပြုသည့် တစ်သျှူးမျိုးပွားနည်းဖြင့် ဖော်စပ်ကာဗိုင်းရပ်စ်ပိုးပျိုး ထားသော ပွားစာရည်ကို အအေးခဲ အခြောက်ခံနည်းသုံး၍ ထုတ်လုပ်သည့်ကာကွယ်ဆေး အမျိုးအစားဖြစ်သည်။ ဗိုင်းရပ်စ် အရှင်ဖြစ်သည့်အတွက် ကာကွယ်ဆေးကိုရေခဲဘူးဖြင့် သယ် ဆောင်ရသည်။ လေးဒီဂရီစင်တီဂရိတ် ရေခဲသျွှောတွင် သိမ်းထားမည် ဆိုလျှင် တစ်နှစ်အထိ သိမ်းဆည်းထားနိုင်သည်။
သို့သော် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ရှေင်ရှားရမည်ဟု ဆိုသည်။ ကာကွယ်ဆေးထုတ်လုပ်ရေးဌာနခွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးရေး စီမံကိန်းများအတွက် အမှန်တကယ်အသုံးပြုမည့် ကာကွယ်ဆေးအရည်အတွက် အပြည့်အဝရရှိရေးကို ဦးတည် ကြိုးပမ်းထုတ်လုပ်ခဲ့ရာ ၁၉၈၆-၈၇ ခု ဘဏ္ဍာနှစ်အတွင်း ထောင့်သန်းရောဂါ ကာကွယ် ဆေး ၉ ဒသမ ဝ၇ သန်း၊ လည်ချောင်းကွဲရောဂါ ကာကွယ် ဆေး ၉ ဒသမ ၇၇ သန်း၊ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ် ဆေး ၂ ဒသမ ၅၄ သန်း၊ ကျွဲနွားကျောက်ရောဂါကာကွယ်ဆေး ဒသမ ၁၁ သန်း ထုတ်လုပ် ပေးနိုင်ခဲ့သည်။
ထို့အတူ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး ဒသမ ၆၈ သန်း၊ ဝက် ပုလိပ်ရောဂါ ကာကွယ်ဆေး ဒသမ ၃၆ သန်း၊ ကြက်ဘဲဝမ်းကျရောဂါ ကာကွယ်ဆေး ၃ ဒသမ ၆၆ သန်း၊ ကြက် လည်လိမ်ရောဂါကာ ကွယ်ဆေး ၃၇ ဒသမ ၂၆ သန်း၊ ကြက်ကျောက်ရောဂါ ကာကွယ်ဆေး သုညဒသမ ၃၃ သန်း၊ ခွေးရူး ရောဂါ ကာကွယ်ဆေး သုညဒသမ ဝ၁ သန်းနှင့် ကြက် ချေးဖြူရောဂါကာကွယ်ဆေး သုညဒသမ ၂၇ သန်း စသည်ဖြင့် စီမံကိန်းဝင်ဆေးဝါး ၁၁ မျိုးအတွက် ဆေးအဆသန်းပေါင်း ၆၄ သန်းကျော် ထုတ်လုပ်ပေးနိုင် ခဲ့သည်။
ဘက်တီးရီးယား ကာကွယ်ဆေး ထုတ်လုပ်ရေးဌာနစုနှင့် ဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ရေး ဌာနစုတို့မှ ထုတ်လုပ် သည့်ကာကွယ်ဆေး နမူနာများကို အသုံးပြုပိုးမှလွဲ၍ အခြားပိုး များကင်းစင်မှု၊ အာနိ သင်ရှိမှု၊ အန္တရာယ်ကင်းရှင်းမှုနှင့် လိုအပ် သည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိမရှိကို စံချိန်စံညွှန်းနှင့်အရည် အသွေး ထိန်းသိမ်းရေးဌာနစုက အမြဲစစ်ဆေးလျက်ရှိသည်။
စံချိန်စံညွှန်းနှင့်အရည်အသွေး ထိန်းသိမ်းရေးဌာနစုက ၁၉၈၆-၈၇ ခုနှစ်အတွက် ဘက်တီးရီးယား ကာကွယ်ဆေးနမူနာ အရေအ တွက်ပေါင်း ၂၁၅ ခုနှင့် ဗိုင်း ရပ်စ်ကာကွယ်ဆေး နမူနာအရေ အတွက် ၁ဝ၂ ခုတို့ကို စစ်ဆေးပေးနိုင်ခဲ့သည်။ ထုတ်လုပ်သည့် ဆေးဝါး၏ တန်ပြန်အကျိုးသက်ရောက်မှုကို စမ်းသပ်ခံသျွှဝါ များ၌ ထိုးနှံထိန်းသိမ်းကြည့်ရှု စစ်ဆေးရသည်။ ကာကွယ်ဆေး ထုတ်လုပ်ရေးဌာနခွဲအတွက် စမ်းသပ်အသုံးပြုရန် ယုန်၊ ပူး၊ ကြွက်ဖြူ၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ သိုး နှင့်ဆိတ်များအား သီးသန့်ခြံများဖြင့် မွေးမြူထားရသည်။
ဗြိတိသျှတိရစ္ဆာန်ဆေးဝါးကို ဓကျမ်းများတွင်ပါရှိသည့် နိုင်ငံတကာအသိအမှတ်ပြု စံချိန်စံညွှန်းများ ကို အခြေခံပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကာကွယ်ဆေးများကိုသာ ဖြန့်ဝေသုံးစွဲခွင့် ပြုသောကြောင့် နိုင်ငံတကာအဆင့်မီ တိရစ္ဆာန် ကာကွယ်ဆေးများ ထွက်ရှိခြင်းပင်ဖြစ်သည်။
ဤသို့ဖြင့် မွေးမြူရေးနှင့်ကုသရေး ဦးစီဌာန၏ ကာကွယ်ဆေးထုတ်လုပ်ရေးဌာနခွဲသည် ၁၉၈၆-၈၇ ခုနှစ်တွင် နိုင်ငံတော်အတွင်းရှိ တိရစ္ဆာန်များကျန်းမာသန်စွမ်းရေးအတွက် ကျွဲ နွားကောင်ရေ ၂၂ ဒသမ ဝ၇ သန်း၊ ဝက်ကောင်ရေ ၁ ဒသမ ၅ သန်းနှင့် ကြက်ကောင်ရေ ၂၂ ဒသမ ၃၇ သန်းကို ရောဂါကြိုတင်ကာ ကွယ်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျွဲ နွားကောင်ရေ ၂ ဒသမ ၂ သန်း၊ ဝက်ကောင်ရေ ဝ ဒသမ ၆ သန်း၊ ကြက်ကောင် ရေ ၁ ဒသမ ၈ သန်းကို ရောဂါကုသပေးနိုင်ခဲ့သည်သာမက တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ကျပ်ငွေ ၁ဝ ဒသမ ၅ သန်းဖိုး ဖြန့်ဖြူးရောင်းချ ပေးနိုင်ခဲ့သည်။[၁]
ဆုချီးမြှင့်ခံရခြင်း
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့၌ ကျရောက်သည့် ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့(World Veterinary Day)တွင် ကျွန်ုပ်တို့မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်အသင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တစ်ပြည်လုံးအတိုင်းအတာဖြင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးခဲ့ကြသည်။ ထိုလုပ်ဆောင်ချက်ကို ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ချုပ်နှင့် ကမ္ဘာ့တိရစ္ဆာန်ဆေးကုဆရာဝန်အသင်းတို့က ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ဆု(World Veterinary DayAward 2011) ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့်ပေးခဲ့သည်။[၂][၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
- ↑ Myanmar.com။ 3 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 September 2011 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 7 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 September 2011 တွင် ပြန်စစ်ပြီး။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |