တိရစ္ဆာန်တင် သင်္ဘော

ဝီကီပီးဒီးယား မှ
ဩစတြေးလျမှ သိုးများ တင်ဆောင်လာသော တိရစ္ဆာန်တင် သင်္ဘောတစ်စင်း အိုမန်တွင် ကျောက်ချရပ်နားထားစဉ်

တိရစ္ဆာန်တင် သင်္ဘော သို့မဟုတ် လိုက်ဗ်စတော့ခ် ကယ်ရီယာ ဆိုသည်မှာ သိုးအရှင်၊ ဆိတ်အရှင် နှင့် နွားအရှင်များကို တစ်နေရာမှ တစ်နေရာသို့ သယ်ပို့သော သင်္ဘောကြီး ဖြစ်သည်။ တိရစ္ဆာန်များကို တင်ဆောင်ရန် အတွက် အသစ် တည်ဆောက်ခြင်း ရှိသလို ကွန်တိန်နာ သင်္ဘော များကိုလည်း ပြောင်းလဲတည်ဆောက်ခြင်း ရှိသည်။

ပုံမှန်အားဖြင့် တိရစ္ဆာန်များကို သာမန် ကုန်သင်္ဘောများဖြင့် တင်ပို့နိုင်သော်လည်း ထိုသို့ တင်ပို့ခြင်းကို ရက်တို ခရီးစဉ်များတွင်သာ အသုံးပြုလေ့ ရှိကြပြီး တိရစ္ဆာန် ပမာဏ အနည်းငယ် အတွက်သာ သင့်တော်သည်။ တိရစ္ဆာန်တင် သင်္ဘောများမှာမူ တိရစ္ဆာန် အများအပြားကို တပြိုင်နက်တည်း တင်ပို့နိုင်ပြီး ခရီးရှည် အတွက် လိုအပ်သည့် အစားအစာ၊ ရေ၊ လွှစာမှုန့် အိပ်ရာ၊ ဆေး စသည်တို့ပါ ပံ့ပိုးပေးနိုင်သည်။ တိရစ္ဆာန်တင် သင်္ဘောများ၏ ခရီးစဉ်မှာ သုံးရက်မှ ၃ပတ် ၄ပတ် အထိ ကြာနိုင်သည်။