မာတိကာသို့ ခုန်သွားရန်

တိမောသေဩဝါဒစာပထမစောင်

ဝီကီပီးဒီးယား မှ

တိမောသေဩဝါဒစာ ပထမစောင် (First Epistle to Timothy)သည် ဓမ္မသစ်ကျမ်းရှိ ကျမ်းသုံးစောင်အနက် တစ်စောင်ဖြစ်ပြီး များသောအားဖြင့် သင်းအုပ်များအတွက် ဩဝါဒစာများ (pastoral epistles) အဖြစ် ဒုတိယတိမောသေဩဝါဒစာနှင့် တိတုဩဝါဒစာတို့နှင့်အတူ အုပ်စုဖွဲ့ထားသည်။ အစဉ်အလာအရ တမန်တော်ကြီး ပေါလု ရေးသားသည်ဟု ဆိုကြသော ဤစာစောင်သည် အဓိကအားဖြင့် သူ့ထက် ငယ်ရွယ်သော လုပ်ဖော်ကိုင်ဖက်နှင့် ကိုယ်စားလှယ် တိမောသေအား ဧဖက်မြို့ရှိ သူ၏ ဓမ္မအမှုတော်နှင့်ပတ်သက်၍ ဆုံးမဩဝါဒပေးခြင်းများ ပါဝင်သည်။ (အခန်း ၁:၃)

ဤဆုံးမဩဝါဒများတွင် အသင်းတော် စည်းရုံးဖွဲ့စည်းပုံနှင့် ခေါင်းဆောင်အချို့အပေါ် ကျရောက်သော တာဝန်ဝတ္တရားများဆိုင်ရာ ညွှန်ကြားချက်များ၊ ပတ်ဝန်းကျင်ရှိ အမှားများအလယ်၌ သမ္မာတရားကို ထိန်းသိမ်းရာတွင် သစ္စာရှိရန် တိုက်တွန်းချက်များ ပါဝင်သည်။ ခေတ်သစ်ပညာရှင် အများစုက သင်းအုပ်များအတွက် ဩဝါဒစာများသည် ပေါလု ကွယ်လွန်ပြီးနောက် ရေးသားခဲ့သည်ဟု မှတ်ယူကြသော်လည်း၊ ပညာရှင် အနည်းငယ်နှင့် လျော့နည်းလာနေသော အရေအတွက်ကမူ ပေါလု ရေးသားသည်ဟု ငြင်းဆိုနေကြဆဲ ဖြစ်သည်။

စံတော်မီ ဝိသေသလက္ခဏာ

[ပြင်ဆင်ရန်]

အသင်းတော်၌ ဓမ္မအမှုတော်ဆောင်ရာတွင် ယုံကြည်ခြင်း ထွေပြားမှု မရှိစေရန် တမန်တော်ကြီး ပေါလု၏ ပေးစာဖြစ်သည်။ အဓိကပြဿနာ “ပေါလုလမ်းစဉ် ဆန့်ကျင်ခြင်း”ကြောင့် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ကျိုးကြောင်းမျှော်တွေးပြီး သွန်သင်လုပ်ကိုင်ကြသူများ ဖြစ်သည်။

ဤစာစောင်သည် သမ္မာတရား၊ ဝိညာဉ်ခွန်အားများဖြင့် ပြည့်စုံ၍ အပြစ်ကင်းစင်သည်။ ရှင်ပေါလုကို ဆန့်ကျင်သူများကမူ အမေဘုတ်၏ ချည်ခင်ကဲ့သို့ ရှုပ်ထွေး၍ အတုအပဟန်ဆောင်ခြင်း ဖြစ်သည်ဟု ပေါလုအား စွပ်စွဲကြသည်။ ဥပမာအားဖြင့် လွန်ခဲ့သောရာစုနှစ်က Ernest Renan က “အချို့ကျမ်းပိုဒ်များသည် မေးခွန်းမထုတ်နိုင်အောင် သပ်ရပ်သည်။ အကယ်၍ တုပဟန်ဆောင်ခြင်းမရှိလျှင် အချို့ကျမ်းပိုဒ်များသည် မေးခွန်းမထုတ်နိုင်အောင် သပ်ရပ်သည်ဟုဆိုသည်။ ရှင်ပေါလု၏ ထိုခေတ်အခါက အသင်းတော်သွန်သင်ချက်များသည် ရိုးစင်း၍ လူတိုင်းလက်သင့်ခံနိုင်အောင် လက်ရာကောင်းမွန်သည်။

အရေးကြီးဆုံးသော သွန်သင်ချက်မှာ အသင်းတော်တွင် အမျိုးသမီးများ အမှုတော်ဆောင်ခြင်းနှင့် အသင်းတော်အရာရှိ အကြောင်းဖြစ်သည်။ ဘုရားသခင်၏ လူသားများ သန့်ရှင်းစွာ​နေကြရမည့်အကြောင်း သွန်သင်၍ ရှင်ပေါလုကိုယ်တိုင်လည်း ထိုအတိုင်းလိုက်နာနေထိုင်ခဲ့သည်။

ကျမ်းရေးသူ

[ပြင်ဆင်ရန်]

တိမောသေဩဝါဒစာ ပထမစောင် ရေးသားခြင်းကို ရိုးရာအရ တမန်တော်ကြီး ပေါလုကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် နိကဲယားမတိုင်မီ ခရစ်ယာန်ဘာသာတွင် ဤသို့ သတ်မှတ်ခြင်းကို ငြင်းခုံနိုင်ခဲ့သည်။ ကျမ်းပိုဒ် (၁:၁) ၌ ရှင်ပေါလုသည် ပေးစာ၏ ရေးသားသူအဖြစ် အမည်ဖော်ပြခံထားရသည်။ ၁၉ရာစုနှင့် ၂၀ရာစု ပညာရပ်ဆိုင်ရာ သုတေသနပြုမှုများက ဤစာ၏ စစ်မှန်မှုကို မေးခွန်းထုတ်ခဲ့ပြီး ပညာရှင် အများအပြားက ပထမတိမောသေ၊ ဒုတိယတိမောသေနှင့် တိတုဩဝါဒစာတို့သည် ပေါလု၏လက်ရာ မဟုတ်ဘဲ ပထမရာစုနှောင်းပိုင်းမှ ဒုတိယရာစုအလယ်ပိုင်းကာလတစ်ခုတွင် မည်သူမည်ဝါဖြစ်ကြောင်း မသိရသော ခရစ်ယာန်တစ်ဦး ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယခုအခါ ပညာရှင် အများစုသည် ဤအမြင်ကို အတည်ပြုကြသည်။

အချိန်ကာလ

[ပြင်ဆင်ရန်]

သင်းအုပ်များအတွက် ရည်ဆောင်ရေးသားသော ဤကျမ်းစာစောင်ကို တိတုဩဝါဒစာနှင့် မရှေးမနှောင်း၊ ဒုတိယဩဝါဒစာမရေးခင် ဖြစ်သည်ဟု ကျမ်းစာလေ့လာသူအားလုံးနီးပါးက လက်ခံကြသည်။ အကျယ်ချုပ်မှ လွတ်လာပြီးနောက် ခရီးလှည့်လည်ခွင့်ပြုသည့် အေဒီ ၆၄ နှင့် ၆၆ အကြားတွင် ရေးသည့်စာ ဖြစ်သည်။ ဂရိပြည်မှ ရေးသည်မှာ သေချာသည်။

နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

ပထမဩဝါဒစာစောင်၏ ရည်ရွယ်ချက်ကို (၃:၁၄-၁၅)တွင် အထင်းသား ဖော်ပြထားသည်။[]

“သင်တို့ရှိရာသို့ ငါမြန်မြန်လာမည်ဟု မျှော်လင့်ခြင်းရှိသော်လည်း တာရှည်စွာ နေလျှင် သင်သည် ဘုရားသခင်၏ အိမ်တော်၌အဘယ်သို့ ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှာ၊ ဤသို့ငါရေး၍ ပေးလိုက်၏။ အိမ်တော်ကား အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်၏။ ထိုအသင်းတော်ကား သမ္မာတရား၏ အမှီသဟဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်း ဖြစ်၏"

ဘုရားသခင်၏ အိမ်တော်အကြောင်းကို တိမောသေကိုယ်တိုင်နှင့် လူတိုင်းသိရှိနားလည်နိုင်ရန် ရှင်းလင်းလွယ်ကူစွာ စကားပြေသက်သက်ဖြင့် ရေးထားသည်။

မသိနားမလည်သော ကလေးသူငယ်အား “လိမ်လိမ်မာမာနေပါ”ဟု ဆိုရုံမျှဖြင့် မလုံလောက်ပါ။ ထိုကလေးသူငယ်သည် မည်သို့နေထိုင်လျှင် လိမ်မာခြင်းဖြစ်သည်ဟု နားလည်သိရှိမည် မဟုတ်ပါ။ ပထမဦးစွာ ကောင်းသောအမှုအရာကို ရှင်းပြရပါလိမ့်မည်။

ဤပထမဩဝါဒစာစောင်သည် ဘုရားသခင်နှင့် ဘုရားသားသမီးများ မည်ကဲ့သို့ ဆက်ဆံရမည့်အကြောင်း ပထမဦးစွာ ရှင်းပြသော ကျမ်းစာဖြစ်သည်။

အောက်ပါခေါင်းစဉ်များက အထောက်အကူပေးပါလိမ့်မည်။ အခန်း(၂)ဆိုလျှင် စုဝေးဆုတောင်းခြင်း အငန်းအတာနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍဖြစ်သည်။ အခန်း(၃)သည် ယုံကြည်သူများ ဝတ္တရားနှင့် ခေါင်းဆောင်မှုအကြောင်း ဖြစ်သည်။ အခန်း(၅)သည် စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်သော မုဆိုးမများ စောင့်ရှောက်ရမည့်အကြောင်း ဖြစ်သည်။

ပါဝင်သည့်အချက်အလက်များ

[ပြင်ဆင်ရန်]
  • ၁။ နှုတ်ခွန်းဆက်ခြင်း (၁:၁–၂)
  • ၂။ တိမောသေသို့ ညွှန်ကြားချက် (၁:၃–၂၀)
    • (က) မိစ္ဆာဆရာများအား ဆုံးမခြင်း (၁:၃-၁၁)
    • (ခ) ဘုရားသခင်၏ ကျေးဇူးတော်အား ချီးမွမ်းခြင်း (၁:၁၂-၁၇)
    • (ဂ) တိမောသေအား ထပ်မံညွှန်ကြားခြင်း (၁:၁၈-၂၀)
  • ၃။ အသင်းတော်စည်းစနစ်ညွှန်ကြားချက် (၂:၁၊ ၃:၁၆)
    • (က) ဝတ်ပြုကိုးကွယ်ရန်စည်းမျဉ်း (၂:၁-၇)
    • (ခ) အမျိုးသားနှင့်အမျိုးသမီးစည်းမျဉ်း (၂:၈-၁၅)
    • (ဂ) သင်းအုပ်နှင့် သင်းထောက်စည်းမျဉ်း (၃:၁-၁၃)
    • (ဃ) အသင်းတော်အတွင်း စည်းမျဉ်း (၃:၁၄-၁၆)
  • ၄။ အသင်းတော်ထဲမှ မိစ္ဆာများ (၄:၁–၁၆)
    • (က) ရောက်အံ့ဆဲ မိစ္ဆာဆရာများအား တိုက်လှန်ရန် သတိပေးခြင်း (၄:၁-၅)
    • (ခ) မိစ္ဆာဆရာများအား ကောင်းသောအမြင်ဖြင့် တိုက်လှန်ခြင်း (၄:၆-၁၆)
  • ၅။ အမျိုးမျိုးသော ယုံကြည်ခြင်းရှိသူများအား ကိုင်တွယ်ခြင်း (၅:၁–၆:၂)
    • (က) အသက်အရွယ်အမျိုးမျိုး (၅:၁-၂)
    • (ခ) မုဆိုးမများ (၅:၃-၁၆)
    • (ဂ) သင်းအုပ်များ (၅:၁၇-၂၅)
    • (ဃ) အစေခံကျွန်များနှင့် သခင်များ (၆:၁-၂)
  • ၆။ မှားယွင်းသောသင်ဆရာများနှင့် ငွေကြေးတပ်မက်ခြင်း (၆:၃–၁၀)
  • ၇။ တိမောသေသို့ နိဂုံးချုပ်မှာကြားချက် (၆:၁၁–၁၂)

ကိုးကား

[ပြင်ဆင်ရန်]
  1. https://www.bible.com/my/bible/386/1TI.3.JBMLE