တိမိရပုပ္ဖိယ၊ တိမိရဝဂ်

ဝီကီပီးဒီးယား မှ

အရှင်တိမိပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ မြတ်စွာဘုရားသည် စန္ဒဘာဂါမြစ်နားတွင် နေတော်မူ၏။ ထိုသို့နေတော်မူသည်ကို အရှင်တိမိပုပ္ဖိယထေရ် သည် မြင်သောအခါ မြတ်စွာဘုရားအား ကျည်းပန်းကိုယူကာ လှူဒါန်းခဲ့၏။ ထို့နောက် မြတ်စွာဘုရားအား လက်အုပ်ချီ အရိုအသေပြုကာ ရှိခိုး၏။ ထို့နောက် မြတ်စွာဘုရားထံပါးမှ ဖဲလာခဲ့၏။

ထို့နောက်တွင် အရှင်တိမိပုပ္ဖိယထေရ် အား ခြင်္သေ့မင်းက ညှဉ်းဆဲသဖြင့် ကမ်းပါးပြတ်အတိုင်း ပြေးသည်ရှိသော် ချော်ကျလေ၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပန်းတို့ကို ပြုခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ငါးဆယ့်ခြောက်ကမ္ဘာထက်တွစ ကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်တိမိပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ တိမိရဝဂ်