တိပဒုမိယ

ဝီကီပီးဒီးယား မှ

အရှင်တိပဒုမိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်တိပဒုမိယထေရ် သည် ဟံသာဝတီမြို့တော်တွင် ပန်းတော်ဆက် ဖြစ်၏။ တစ်နေ့သောအခါ မြတ်စွာဘုရားသည် ရဟန္တာများကို ခြံရံ၍ မြို့ပြင်သို့ ထွက်တော်မူလာ၏။ ထိုအခါ ပဒုမ္မာကြာပန်းသုံးပွင့်ကို ယူဆောင်လာသည့် ပန်းတော်ဆက် အရှင်တိပဒုမိယထေရ် နှင့် လမ်းခုလပ်တွင် တွေ့၏။ ထိုအခါ အရှင်တိပဒုမိယထေရ် သည် မြတ်စွာဘုရားအား ထိုပန်းသုံးပွင့်ကို လှူဒါန်းခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်တွင် မြတ်စွာဘုရားအား ပန်းတို့ကို ပြုခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ငါးဆယ့်လေးကမ္ဘာထက်တွင် “မိဂကေတု” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်တိပဒုမိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်