တိန်းညက်ပင်

ဝီကီပီးဒီးယား မှ

တိန်းညက်ပင် (ရုက္ခဗေဒအမည်၊ Caesalpinia sappan; အင်္ဂလိပ်အမည်၊ Sappan wood, brazil wood, bukkum wood)သည် အပင်ငယ်မျိုး ဖြစ်ပြီး၊ အမြင့်ပေ ၂၀ ခန့်အထိ မြင့်နိုင်သည်။ ပင်စည်အတွင်း သစ်သားသည် နီညိုရောင်အဆင်း ရှိပြီး၊ မာကျောသည်။ ပင်စည်၊ အကိုင်းများတွင် ဆူးများ ရှိကာ၊ မန်ကျည်းရွက်ကဲ့သို့ ပုံပန်းရှိသည်။ ရွက်လွဲထွက်သည်။ အကိုင်းထိပ်၌ ပန်းပွင့်သည်။ ပန်းပွင့်သည် အဝါရောင် ဖြစ်ကာ၊ အစေ့များက ညိုဝါရောင် အဆင်း ရှိသည်။

ပန်းပွင့်သောကာလ[ပြင်ဆင်ရန်]

ဧပြီလမှ ဇွန်လအထိ

အပင်ပေါက်ရောက်ရာဒေသ[ပြင်ဆင်ရန်]

တောတောင်များတွင် အလေ့ကျ အရိုင်းပေါက်သည်။ သီးသန့် စိုက်ပျိုးလျှင်လည်း ဖြစ်ထွန်းသည်။

အသုံးပြုသောအစိတ်အပိုင်း[ပြင်ဆင်ရန်]

ပင်စည်အတွင်းသားကို သုံးသည်။ ဆောင်းတွင် အပင်ကို ခုတ်လှဲပြီး၊ ပင်စည်များကို ဖြတ်ပိုင်းကာ အပိုင်းစကလေးများအဖြစ် ထပ်မံ ပိုင်းဖြတ်ကာ အခြောက်လှန်း စုဆောင်းသည်။

ပါဝင်သောဓာတုဗေဒဒြပ်ပေါင်းများ[ပြင်ဆင်ရန်]

အသားတွင် Brasilin နှင့် Brasilein ဓာတ်များ၊ မရှိမဖြစ်ဆီ ဖြစ်သော D.ocphellandrene, ocimene, tannin, gallic acid နှင့် saponin ဓာတ်များလည်း ပါဝင်သည်။

ဆေးအသုံး[ပြင်ဆင်ရန်]

တိန်းညက်အသားသည် ဘက်တီးရီးယားပိုးများကို သေစေနိုင်သော အစွမ်း ရှိ၍ သွေးသား သန့်စင်ပေးသည်။ သွေးထိန်း၊ သွေးတိတ်စေသော သတ္တိလည်း ရှိသည်။ အစွမ်းထက်ဆေးအဖြစ်

  1. ဝမ်းကိုက်၊
  2. ဝမ်းဖောဝမ်းရောင်၊
  3. အစာအိမ်နှင့်အူတွင်းသွေးထွက်၊
  4. သားအိမ်သွေးလုံးတည်၊
  5. မီးဖွားပြီးနောက်သွေးသွန်၊
  6. ထိခိုက်ဒဏ်ရာ၊
  7. ပွန်းပဲ့၊
  8. ဓမ္မတာလာစဉ်ကိုက်ခဲ၊
  9. လေထိုးလေအောင့်၊
  10. အနာစက်၊
  11. အနာမီး၊
  12. အနာပဆုပ်၊
  13. မီးယပ်ဖြူဆင်း၊
  14. သွေးအားနည်းရောဂါတို့တွင် ပေးနိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာအောင်နိုင် (ဖေဖော်ဝါရီ၊ ၂၀၀၀)။ မသိသူကျော်သွားသိသူဖော်စား။ နက္ခတ္တရောင်ခြည်။ p. ၂၃၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)