တိတ်ဆိတ်သော နွေဦး (စာအုပ်)

ဝီကီပီးဒီးယား မှ

တိတ်ဆိတ်သော နွေဦး (Silent Spring) စာအုပ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် ပတ်သက်သော အစောဆုံးစာအုပ်တစ်အုပ်ဖြစ်သည်။ စာရေးသူမှာ ရေချယ်ကာဆန်ဖြစ်သည်။ အဆိုပါ စာအုပ်ကို ၁၉၆၂ ခုနှစ်ခန့်က ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပတ်စတီဆိုက်ခေါ် ပိုးသတ်ဆေးများ အသုံးပြုမှုကြောင့် ငှက် ကလေးများ သေဆုံးကြပုံကို သုတေသနပြုရေးသားထားသည်။ တိတ်ဆိတ်သော နွေဦး စာအုပ် ပုံနှိပ်ထွက်ပေါ်လာပြီး နောက်ပိုင်း ၂ နှစ်ခန့်အကြာတွင် အမေရိကန်အစိုး ရ ပြည်သူ့ကျန်းမာရေးဌာနကလည်း အင်ဒရင်းပိုးသတ်ဆေးကြောင့် မစ္စစ္စပီ မြစ်အောက်ပိုင်းနှင့် ၎င်း စီးဝင်ရာ မက္ကဆီကိုပင်လယ်ကွေ့ထဲတွင် ငါးကောင်ရေ ၁၀ သန်းခန့် သေဆုံးခဲ့ကြောင်း၊ ယင်းပိုးသတ်ဆေးများ သည် မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်ရှိ စိုက်ပျိုးခင်းများမှ ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ သည်။ အလားတူ ၁၉၆၈ ခုနှစ် ဇူလှိုင်လ အတွင်းက နယူးဝိခ်စ် မဂ္ဂဇင်း သတင်းတစ်ပုဒ်တွင် ဘော်နီယိုကျွန်း (အင်ဒိုနီးရှားကျွန်းစု)၌ ကျေးရွာများတွင် ယင်ကောင်များ သောင်းကျန်းနေသဖြင့် သုတ်သင်ရှင်းလင်းရန် ကျန်း မာရေးဌာနက ဒီဒီတီဆေးဖျန်းကြောင်း၊ ဒီဒီတီကြောင့် ယင်ကောင်များ ချက်ချင်းရှင်းသွားသော်လည်း မကြာမီပင် ယင်ကောင်ကို စားသည့် အိမ်မြှောင်၊ ပုတ်သင်၊ ကင်းလိပ်ချော စသည်တို့ သေဆုံးကြကြောင်း၊ ထို့နောက်တွင် အိမ် မြှောင်၊ ပုတ်သင် တို့ကိုစားသည့် ကြောင်များ သေဆုံးကြပြန်ကြောင်း၊ ကြောင်မရှိသည့်အခါ ကြွက်များ ပွားများလာပြီး ပလိပ်ရောဂါ အန္တရာယ်ကို ရင်ဆိုင်လာရကြောင်း စသည့်ဖြင့် ဖော်ပြထားရာ ပိုးသတ်ဆေးတို့ ကြောင့် ဆင့်ကဲဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်တို့၏ သဘောကို ရေချယ်ကာဆန် စတင်ခဲ့သည့် လမ်းကြောင်း အတိုင်း ဖော်ထုတ်တင်ပြလာကြသည်။ တိတ်ဆိတ်သော နွေဦးကို စာအုပ်အဖြစ် ထုတ်ဝေခြင်း မပြုမီ နယူးယောက့်ခါမဂ္ဂဇင်းတွင် တစ်စိတ် တစ်ဒေသ အခန်းဆက်အဖြစ် ဖော်ပြခဲ့ရာ ပထမတစ်ပတ်မှာပင် ပရိသတ်ဘက်မှ စိတ်ဝင်တစား တုံ့ပြန်သံများ ထွက်ပေါ်ခဲ့သည်။ စာအုပ်အဖြစ်ထွက်ပေါ်လာသည့်အခါတွင် အကြီးအကျယ် ရောင်းခဲ့ရပြီး နယူးယောက်တိုင်း သတင်းစာမှ အပတ်စဉ် ဖော်ပြသည့် အရောင်းရဆုံး စာအုပ်စာရင်းတွင် ၃၁ ပတ်မျှ ဆက်တိုက်ပါရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

၂၄ ရက် ဇူလှိုင် ၂၀၁၁ ခုနှစ်ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ ၆ မှ ဒေါက်တာဇော်မြင့်နီ၏ သဘာဝလက်ဆောင်များတည်ရှိဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့ ဆောင်းပါး။ ဖေမြင့်၏ စာအုပ်ကမ္ဘာ စာအုပ်ပါ ရေချဲလ်ကာဆင်၏ အဆိပ်သင့်နွေဦး ဆောင်းပါး။ ( ပထမအကြိမ်ထုတ်၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ)