တာလီ-ရွှေလီ ရထားလမ်း

ဝီကီပီးဒီးယား မှ

တာလီ-ရွှေလီ ရထားလမ်းသည် တာ့လီမှ အနောက်ပိုင်းရှိ လန်ချမ်းမြစ်၊ နုကျန်းမြစ်စသည့် မြစ်ကြီးများ၊ ဟိန်တွမ် တောင်တန်းဒေသ အနောက်ပိုင်းရှိ ကောက်လီကုန်တောင်ကို ဖြတ်ကျော်ကာ ရွှေလီမြို့သို့ ဖောက်လုပ်ထားသော ရထားလမ်း တစ်ခုဖြစ်သည်။ ယင်းရထားလမ်းကြောင်း၏ စုစုပေါင်းအရှည်မှာ ၃၃၀ ကီလိုမီတာရှိကာ ခရီးသည်တင်ရထားများ၏ ပြေးဆွဲသော အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၄၀ ကီလိုမီတာဖြစ်သည်။

တာ့လီ-ရွှေလီရထားလမ်းပြီးစီးပြီးနောက် စတင်ပြေးဆွဲ ချိန်တွင် တာ့လီမှ ရွှေလီသို့ သွားသောခရီးသည် ကားဖြင့် သွားသောအချိန် ၆ နာရီမှ ၂ နာရီခန့်ထိ လျော့နည်းနိုင်ခဲ့သည်။ ယင်းသည် တရုတ်-မြန်မာ မီးရထားစင်္ကြံ နှင့် ပန်-အာရှ မီးရထားလမ်း၏ အနောက်ဘက်စင်္ကြံ အစိတ်အပိုင်းလည်း ဖြစ်သည်။

တာလီနှင့် ပေါက်ရှန်ကြား ရထားလမ်းမှာ ဖွင့်လှစ်ထားပြီး ပေါက်ရှန်နှင့် ရွှေလီကြား လမ်းပိုင်းအား ဆက်လက်ဖောက်လုပ်နေသည်။ [၁] မြင့်မားသော တောင်တန်းများကြောင့် လိုဏ်ခေါင်းများနှင့် တံတားများသည် ရထားလမ်းပိုင်းစုစုပေါင်းဧရိယာ၏ ၇၅ရာခိုင်နှုန်း ရှိသည်။ ရွှေလီမှ မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ နယ်စပ်ဖြတ်ကျော် ရထားလမ်း ဖောက်လုပ်ရန် အစီအစဉ်လည်း ရှိသည်။ [၂] [၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ဇွန်လတွင် တာလီ-ပေါက်ရှန်း လမ်းပိုင်းကို ပထမဆုံး စတင်ဆောက်လုပ်ခဲ့ပြီး ပေါက်ရှန်း နှင့် ရွှေလီကြား ကျန်လမ်းပိုင်းကို ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့တွင် စတင်ခဲ့သည်။ [၁] [၄] [၅]

ရထားလမ်းဥမင် တည်ဆောက်ရေး လုပ်ငန်းခွင်အား မြင်တွေ့ရစဥ်။

၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အရှည် ၁၃,၃၉၀ မီတာ ရှိသည့် Yongping စီရင်စုနှင့် Sugiyang အကြားရှိ ဉမင်တည်ဆောက်မှုအပိုင်းသို့ ရောက်ရှိခဲ့သည်။ ဤဥမင်လိုဏ်ခေါင်းတူးဖော်သည့်နေရာတွင် ကြီးမားသောပြတ်ရွေ့ကြောကျိုးဇုန် ခြောက်ခုရှိပြီး ၂၀၀၈ ခုနှစ်တွင် စတင်တူးဖော်ချိန်မှစ၍ မြေပြိုခြင်း၊ ရွှံ့နွံများပေါက်ခြင်းနှင့် ရေကြီးခြင်းစသည့် မတော်တဆမှုများ အကြိမ်ရေ ၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ၁၄ နှစ်ကြာမြင့်ခဲ့သည်။[၆]

ရူလင်းဥမင်လိုဏ်ခေါင်းသည် ယူနန်ပြည်နယ် တာ့လီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရမ်ပိယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် တည်ရှိပါသည်။ ၎င်း၏ စုစုပေါင်းအရှည် မှာ ၁၇.၆၂၃ ကီလိုမီတာရှိပြီး အလွန် ရှည်သော ဥမင်လိုဏ်ခေါင်းဖြစ်ပေသည်။ ယင်းလိုဏ်ခေါင်းသည် အာရှတိုက်တွင် အရှည်ဆုံး တဆက်တည်းတူးဖောက်သည့် ဥမင်လိုဏ်ခေါင်းဖြစ်ပြီး ဟိန်တွမ် တောင်တန်းဒေသ(The Hengduan Mountains)၊ ပြတ်ရွေ့ဇုန် ၇ ခုစသည်တို့အား ဖြတ်သန်းသွားသဖြင့် တည်ဆောက်ရာတွင် အလွန် ခက်ခဲပြီး ဆောက်လုပ်ရေးအချိန်မှာ အစပိုင်း ၅ နှစ်ခွဲမှ ၈ နှစ်မှ နောက်ပိုင်းတွင် ၁၃ နှစ်သို့ ပြန်လည်ညှိနှိုင်းခဲ့ပါသည်။[၇]

ရထားလိုင်းများ[ပြင်ဆင်ရန်]

ဒေသဆိုင်ရာသတင်းများအရ တာလီ နှင့် ပေါက်ရှန်း ကြား ရထားဖွင့်လှစ်ချိန်တွင် ခရီးသည်တင်ရထားအတွက် အသွားအပြန် ခုနစ်ကြိမ်နှင့် ကုန်စည်ရထားအတွက် အသွားအပြန်ငါးကြိမ်ရှိကြောင်း သိရသည်။ ခရီးသည်ရထားများတွင် ကူမင်းနှင့် ပေါက်ရှန်း ကြားပြေးဆွဲသော ရထားများမှာ အသွားအပြန်သုံးကြိမ်နှင့် တာလီ နှင့် ပေါက်ရှန်း ကြားတွင် ပြေးဆွဲသော ရထားများမှာ အသွားအပြန် လေးကြိမ်ရှိသည်။ [၁]

ဖောက်လုပ်ပြီး တာလီ-ပေါက်ရှန်း လမ်းပိုင်း၏ သတင်းမှတ်တမ်း

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ 丁怡全、赵彩琳။ "大瑞铁路大保段开通 古丝路迈入动车时代"၊ 2022-07-22။  ကိုးကား အမှား - Invalid <ref> tag; name "xinhua220722" defined multiple times with different content
  2. 云南大理——瑞丽铁路二标段开工建设铁道部 (2008-08-20)။ 2022-11-24 တွင် ပြန်စစ်ပြီး။
  3. 大瑞鉄道の大理-保山区間が開通 雲南省။ 新華社通信 (2022-07-24)။ 2022-11-24 တွင် ပြန်စစ်ပြီး။
  4. 张伟明、任维东။ "云南保山至瑞丽铁路全面开工"၊ 2015-12-03။ 
  5. "保山至瑞丽铁路全面开工 全长196公里桥梁82座"၊ 2015-12-02။ 
  6. 中国とミャンマーを結ぶ大瑞鉄道の杉陽トンネルが貫通 雲南省။ 新華社通信 (2022-03-29)။ 2022-11-24 တွင် ပြန်စစ်ပြီး။
  7. 「掘削が最も困難」な大瑞鉄道大柱山トンネルが貫通 雲南省 (2020-05-02)။ 2022-11-24 တွင် ပြန်စစ်ပြီး။