တာရာ
မြန်မာ့အစဉ်အလာ နက္ခတ်ပညာတွင် ကြယ်ပုံများကို ရာသီ၊ နက္ခတ်၊ တာရာများ ဟူ၍ ခွဲခြားထားသည်။ ရာသီရုပ် ၁၂ ရုပ်၊ နက္ခတ်၂၇ မှ တပါးသောကြယ်များကို တာရာများအဖြစ် ရုပ်ပုံဖော်ခဲ့ကြသည်။ ကောင်းကင်အီကွေတာဝန်းကျင်ကို မဇ္ဈေဟုခေါ်သည်။ ရာသီနှင့် နက္ခတ်များသည် မဇ္ဈေအတွင်းတွင် ရှိကြသည်။ မဇ္ဈေနှင့် မြောက်ဘက်ကောင်းကင်ဝန်ရိုးစွန်းအကြားကို အန္တောဟုခေါ်သည်။ မဇ္ဈေမှတောင်ဘက်ပိုင်းကို ဗာဟိဟုခေါ်သည်။ (မဇ္ဈေ= အလယ်၊ အန္တော= အတွင်း၊ ဗာဟီ= ပြင်ပ) မဇ္ဈေ၏ မြောက်ဘက်ကောင်းကင်ရှိ တာရာများကို အတွင်းတာရာများဟုခေါ်ပြီး တောင်ဘက်ပိုင်းရှိ တာရာများကို အပြင်တာရာများဟုခေါ်သည်။
အတွင်းတာရာကြီး ၉ လုံး
[ပြင်ဆင်ရန်]- ကျီးတာရာ
- ဟင်္သာတာရာ
- ပုဇွန်တာရာ
- ချိန်ခွင်တာရာ
- ဆံကျင်တာရာ
- တံငါတာရာ
- ဆင်တာရာ
- မြင်းတာရာ
- ဗျိုင်းတာရာ
အပြင်တာရာ ၂၈ လုံး
[ပြင်ဆင်ရန်]အပြင်တာရာ ၂၈ လုံးကို အရပ်မျက်နှာ ၄ ပါးနှင့် ခွဲခြားပြဆိုထားသည်။
တောင်မျက်နှာ တာရာ ၉ လုံး
[ပြင်ဆင်ရန်]- အာဏီတာရာ
- ဖုသျှ
- သင်္ခ
- စတုက
- ယောတ္တ
- တရောတ္တ
- ပေါစိကိ (ပေါစောကိ)
- ဘဂတ္တ
- ဘဒ္ဒက
အရှေ့မျက်နှာ တာရာ ၆ လုံး
[ပြင်ဆင်ရန်]- ဇဋကတာရာ
- ပဉ္စ (ပဉ္စက)
- နေရမ္မ
- ပါသာဒ
- သျှူန
- ပကာသ
မြောက်မျက်နှ တာရာ ၆ လုံး
[ပြင်ဆင်ရန်]- ဒါရုတာရာ
- တာလိ
- ဖုသတ္တ
- ဧကသိတ္ထက
- တြိဂုဏ
- ရူပ
အနောက်မျက်နှာ တာရာ ၇ လုံး
[ပြင်ဆင်ရန်]- ပဉ္စက (ပညာသ)
- ဥတ္တရ
- ဇာရက
- ကောဗျာဂတိ
- သရိဒ္ဒက (ဒရိဒ္ဒ)
- သရိဒ္ဒဇ
- ဝါနရိ
အလွတ်တာရာ ၉၄ လုံး
[ပြင်ဆင်ရန်]"အလွတ်တရာတို့သည် အရေအတွက် အပြီးမထား၊ များသောအပြား ရှိကုန်၏။" ဟု မင်းတိုင်ပင်အမတ်ကြီး မဟာဓမ္မသင်္ကြံရေးသားစီရင်သော "နေမိတ္တဝိဇ္ဇာကျမ်း"တွင် မိန့်ဆိုထားသည်။
- ပဒုမ
- ပဉ္စရူ
- ပဉ္စရူပ
- ပဉ္စလိ
- ဟတ္ထ
- ဝတီ
- ယဟု
- စုတိ
- ကုက္ကုဋ
- စုတ္တ
- သိက္က
- ယတ္ထ
- သရုန်
- အာကိန်
- သူရ
- မာန
- မာနနိ
- အာဏိက
- ရောဟိတ
- လာဘညနိ
- သံယုတတာရာ
- မဏိက
- စိတ္တ
- သူလက
- သောဘ
- ကေဝဋ္ဋ
- ဘေရီ
- ပါတိ (ဗလာ)
- သန္တ
- အာချိန်
- မိဂသိင်္ဂ
- သုဘ
- ကုက္ကုဋကဏ္ဌ
- သံဝတိ
- ဘာရဝိ
- သံကိယ
- အလုတ္တ
- မာသု
- လောရ
- ဗျာရု
- သံကာယ
- အဘိန္တိက
- စိတ္တဂူ
- လောဟိ (ကောလိ)
- စာရိ (ခရိ)
- ပါသရိ
- အတ္တပိ
- နိဗ္ဗာန
- အစော
- သုဒ္ဓက
- ဖုသန္တ
- ရေတေဂလ
- အာယုတလိန
- ပါသလိ
- ဒုမလိ
- သာတုလ
- ဘဝတုသံ
- သာတုလ (သတလ)
- ပုဏ္ဏိက
- ကသာလိ
- ပသုယုသ
- မာနိက
- မတ
- ပုပ္ပဇလ
- ဝလ္လိက
- သမ္ပတ္တိ
- ထမ္ဘ
- ဝိစိရိစ္စ (ဝိရိစ္စ)
- မူလ
- အာယ
- သံလိန္ဒ (သံလိန္တ)
- ဂဏ္ဍုပ္ပါဒ
- သံချူ
- အတိပါဂုဏ
- သုကရ
- အတိစ္စ
- သရ
- ဥဒ္ဓိဘင်္ဂ
- ကာတ
- အသုတ
- ဃရ
- သာလပန္တိ
- ပုပ္ဖတ္တိ
- ကူလ (တူလ)
- ပါရိ
- ဂဝိသ
- သာလမ္မပ္ပံ
- မာလိက
- သာလိန္ဒ (သာလိန္တ)
- ဗာလ (ဗလ)
- သင်္ခပိ (သခါပိ)
- ပါလိက (ဖာလိက)
- ဗာလိန (ပါလိန်)
- သုက
အကိုးအကား
[ပြင်ဆင်ရန်]ဆယ့်နှစ်လရာသီပြ ကြယ်တာရာပုံများ။ အရှင်သဒ္ဓိယ နှင့် ကိုလူသောင်(ရေတပ်)။ ဒုကြိမ်၊ ဒီဇင်ဘာ ၂၀၁၀။ သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးပုံနှိပ်တိုက်။ ရန်ကုန်။