တာရပင်ဆီ

ဝီကီပီးဒီးယား မှ
၁၉၁၂ခုနှစ် ထင်းရူးပင်မှ တာပင်တိုင်ဆီ ထုတ်ယူနေပုံကိုပြသော ပို့စ်ကတ်ဒ်

တာပင်တိုင်ခေါ် တာရပင်ဆီကို ထင်ရှူးပင်မျိုးအပါအဝင် ဖြစ်သော ကတော့ပုံ အသီးသီးသည့် အပင်အမျိုးမျိုးမှ ရနိုင် သည်။ တာရပင်ဆီ အမျိုးမျိုးရှိရာ၊ ထွက်သော တိုင်းပြည်ကို လိုက်၍ ပြင်သစ်တာရပင်ဆီ၊ ရုရှတာရပင်ဆီ၊ ပါလက်စတိုင်း တာရပင်ဆီ၊ ဗင်းနစ်တာရပင်ဆီစသည်ဖြင့် အမည်အမျိုးမျိုး ကွဲပြားကြလေသည်။

ထိုအပင်အမျိုးမျိုးမှ ထုတ်ယူရရှိသောအဆီမှာ အဝါရောင် တာရပင်ဆီအရိုင်းဖြစ်၍ ထိုအဆီကို ပေါင်းခံခြင်းဖြင့် တာရပင် ဆီကိုရနိုင်သည်။ ထိုအပင်တို့၏ သစ်သားကို ပြုတ်၍ပေါင်းခံ ခြင်းဖြင့်လည်း တာရပင်ဆီကို ရနိုင်သည်။ တာရပင်ဆီသည် အရောင်ကင်း၍ မီးလောင်လွယ်သည်။ ပူသောအရသာရှိလျက် အနံ့မှာသင်းသည် ကန့်၊ ဖေါ့စဖေါရပ်၊ ထင်းရှူးဆီကဲ့သို့သော သစ်အဆီ၊ ကြက်ပေါင်စေးကဲ့သို့သော သစ်အစေးတို့သည် တာရပင်ဆီတွင် ပျော်ဝင်နိုင်သည်။ တာရပင်ဆီသည် ခြောက် လွယ်သည့်အတွက် ထွက်သမျှ တာရပင်ဆီ၏ ၈၅ ရာခိုင်နှုန်း ကို ခြယ်ဆေးနှင့်အရောင်တင်ဆီများတွင် သုံးကြသည်။

ခြယ်ဆေးများပြစ်နေလျှင် တာရပင်ဆီနှင့် အရည်သွက်လာအောင် လုပ်ယူနိုင်သည်။ အဝတ်ပေါ်၌ ခြယ်ဆေးများပေကျံနေလျှင်လည်း ချွတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ထိုပြင် ဘယဆေးနှင့် ပိုးသတ်ဆေးများတွင် ထည့်၍လည်း အသုံးပြုကြသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)