တာနာကာယ ကာကူအီ
တာနာကာယ ကာကူအီ Kakuei Tanaka | |
|---|---|
田中 角栄 | |
၁၉၇၂ က ပုံ | |
| ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၇ ဇူလိုင် ၁၉၇၂ – ၉ ဒီဇင်ဘာ ၁၉၇၄ | |
| ဧကရာဇ် | Hirohito |
| ယခင်လူ | Eisaku Satō |
| ဆက်ခံသူ | Takeo Miki |
| လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၅ ဇူလိုင် ၁၉၇၂ – ၄ ဒီဇင်ဘာ ၁၉၇၄ | |
| ယခင်လူ | Eisaku Satō |
| ဆက်ခံသူ | Takeo Miki |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၄ မေ၊ ၁၉၁၈ ဂျပန်နိုင်ငံ |
| ကွယ်လွန် | ၁၆ ဒီဇင်ဘာ၊ ၁၉၉၃ (အသက် ၇၅) ဂျပန်နိုင်ငံ |
| ကြင်ဖော် | Hana Sakamoto |
| လက်မှတ် | |
| စစ်မှုထမ်းဘဝ | |
| သစ္စာခံနိုင်ငံ | |
| လက်နက်ကိုင်တပ် | ဂျပန်တပ်မတော် |
| အမှုထမ်း ကာလ | ၁၉၃၉–၁၉၄၁ |
| ရာထူးအဆင့် | Army ranks of the Japanese Empire during World War II |
| တိုက်ပွဲ/စစ်ပွဲများ | Second Sino-Japanese War Second World War |
တာနာကာယ ကာကူအီ (၄ မေ ၁၉၁၈ - ၁၆ ဒီဇင်ဘာ ၁၉၉၃) သည် ဂျပန်ဝန်ကြီးချုပ် နှင့် ဂျပန်နိုင်ငံရေး သမား ဖြစ်သည်။ဂျပန်နိုင်ငံရေးသမိုင်းတွင် လွန်စွာဩဇာတိတ္ကိမ ကြီးမားခဲ့သူ နှင့် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ခဲ့သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]
ဂျပန်နိုင်ငံရေးသမိုင်းတွင် လွန်စွာဩဇာတိတ္ကိမ ကြီးမားခဲ့သူ၊လာဘ်ပေး လာဘ်ယူမှု အရှုပ်တော်ပုံကြောင့် နာမည်ပျက်ခဲ့ရသူ၊ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် အဖြစ် ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိဆောင်ရွက်ခဲ့သူ ကာကူအီတာနာကာကို ၁၉၁၈ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် နီအိဂါတအုပ်ချုပ်ရေးနယ်မြေ၌ မွေးဖွားခဲ့သည်။
မိဘများမှာ ကာဇူကီတာနာကာနှင့်ဖူမေတာနာကာ တို့ဖြစ်ကြသည်။ဖခင်သည် ဆင်းရဲသောကျွဲနွားကုန်သည် တစ်ဦးသာဖြစ်သော်လည်း သားဖြစ်သူ ကာကူအီတာနာကာသည် စက်မှုပညာကိုကြိုးစားသင်ယူခဲ့သည်။ ငယ်စဉ်က တိုကျိုမြို့၊ ချူအိုစက်မှုအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူခဲ့ပြီးဆောက်လုပ်ရေး အတတ်ပညာပိုင်းကို ဦးစားပေးလေ့လာခဲ့သည်။
သူသည် အထက်တန်းကျောင်း သို့မဟုတ် တက္ကသိုလ်တစ်ခုမှ ဘွဲ့မရရှိခဲ့သော ခေတ်သစ် ဂျပန်ဝန်ကြီးချုပ်တစ်ဦး အဖြစ် မှတ်တမ်းတင်ခံရသည်။
ဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၃၇ခုနှစ်တွင် ကိုယ်ပိုင်ဆောက်လုပ်ရေး လုပ်ငန်းကို စတင်လုပ်ကိုင်သည်။ ၁၉၄ဝ မှ ၁၉၄၇ ခုနှစ်အတွင်း တိုကျိုမြို့တွင်အဆောက်အအုံကန်ထရိုက်တာအဖြစ် အသက်မွေးမှုပြုခဲ့သည်။ ၁၉၄၂ခုနှစ်တွင်တာနာကို ဆာကာမိုတိုနှင့် လက်ထပ်ခဲ့ပြီးသမီးတစ်ယောက်မွေးဖွားခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၄၇ ခုနှစ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင် ပါလီမန်အောက်လွှတ်တော် အမတ်အဖြစ် အရွေးခံရသည်။
ငွေကြေးချမ်းသာ ကြွယ်ဝသော တာနာကာသည်၎င်း၏ ဥစ္စာဓနအင်အားကို အသုံးချကာ ပါတီတွင်း၌ ထိပ်တန်းရာထူးများကို အချိန်တိုကာလအတွင်း ရယူနိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် တရားရေး ဒုတိယဝန်ကြီး၊ ၁၉၅၇ - ၁၉၅၈ ခုနှစ်တွင်စာတိုက် နှင့် ကြေးနန်းဝန်ကြီး၊ ၁၉၆၁- ၆၂ ခုနှစ်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒသုတေသန ကောင်စီဥက္ကဋ္ဌ၊ ၁၉၆၅- ၆၆ ခုနှစ်နှင့် ၁၉၆၈- ၇၁ ခုနှစ်တို့တွင်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အတွင်းရေးမှူးချုပ်၊ ၁၉၆၂- ၆၅ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီး၊၁၉၆၇-၆၈ ခုနှစ်တွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီစည်ပင်သာယာရေးမူဝါဒ (မြူနီစီပယ်ပေါ်လစီ) ဆိုင်ရာသုတေသနကော်မတီဥက္ကဋ္ဌ၊ ၁၉၇၁- ၇၂ ခုနှစ်တွင် နိုင်ငံတကာ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးစသည့် ရာထူးများ အဆင့်ဆင့်ရရှိခဲ့ပြီး ၁၉၇၂ခုနှစ် တွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
တာနာကာ၏ အသက်သည် ထိုအချိန်တွင်း ၅၄ နှစ်သာရှိသောကြောင့် ဒုတိယ ကမ္ဘာစစ်ကြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ခဲ့သည်။
ဝန်ကြီးချုပ်ဘဝ
[ပြင်ဆင်ရန်]တာနာကာသည် ဝန်ကြီးချုပ်တာဝန်ကို ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ အစပထမတွင် လူထု ထောက်ခံမှုကို အခိုင်အမာရရှိခဲ့သည်။
သူ၏ ပြောင်မြောက်သောလုပ်ဆောင်မှုများကြောင့် ကွန်ပျူတာတပ်ထားသော ဘူဒိုဇာကြီးဟုပင် နာမည်ပေးခံရသော်လည်း သူ၏ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ် ကာလအတွင်း နိုင်ငံ၏စီးပွားရေး ဆိုးရွားလာခြင်းကြောင့် လူထုသည် သူ၏ငွေကြေးနိုင်ငံရေး ကိုစိတ်ပျက်လာခဲ့သည်။ ငွေကြေးဆိုင်ရာ မသမာမှုများ ရှိသည်ဟုလည်း ပြည်သူလူထုက မယုံသင်္ကာ ဖြစ်လာကြသည်။
လော့ခ်ဟိဒ် လာဘ်ပေးလာဒ်ယူအရှုပ်တော်ပုံကြောင့် ၁၉၇၄ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့ရပြီး၊ ၁၉၇၆ ခုနှစ်၊ ဇူလိုင်လတွင် ငွေကြေးချစားမှု စွဲချက်များဖြင့်ဖမ်းဆီးခံခဲ့ရသည်။ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဖြစ်မှလည်း တစ်ဆက်တည်း နုတ်ထွက်ခဲ့ရသည်။
သို့ရာတွင် စွဲချက်တင်ထားခံရစဉ်ကာလ အတွင်း၌လည်း တာနာကာသည် ဂျပန်နိုင်ငံရေး ဇာတ်ဆရာအဖြစ် ကန့်လန့်ကာ နောက်ကွယ်မှ အရှိန်အဝါ သုံးနိုင်ခဲ့သည်။ လော့ခ်ဟိဒ်ကော်ပိုရေးရှင်းမှလာဘ်ယူခဲ့ကြောင်း ထင်ရှားသဖြင့် ၁၉၈၃ ခုနှစ်တွင်ထောင် ဒဏ်လေးနှစ်စီရင်ချက် ချမှတ်ခံခဲ့ရသည်။
သို့သော် အယူခံဝင်ထားစဉ်ကာလအတွင်း လွတ်လပ်စွာနေနိုင်ခဲ့ပြီးသူ၏ နောက်ပိုင်းတက်လာသည့် ဝန်ကြီး ချုပ်များကို ရွေးချယ်ရေး၌ အနည်းဆုံး သုံးဆက်တိုင်တိုင် သူ၏ဩဇာ မကင်းခဲ့ချေ။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဂျပန်ဝန်ကြီးချုပ်ဟောင်း တာနာကာသည် အသက် ၇၅နှစ်အရွယ်၊ ၁၉၉၃ ခုနှစ်တွင် တိုကျိုမြို့၌ ကွယ်လွန် သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
- ↑ Jameson၊ Sam။ "Ex-Japanese Prime Minister Tanaka Retires"၊ 15 October 1989။