တာကဲမိဆု တာကိဇာကိ

ဝီကီပီးဒီးယား မှ
တာကဲမိဆု တာကိဇာကိ
မွေးသက္ကရာဇ် ၁၉၄၅၊ ဇွန်လ ၁၀ ရက်

နိုင်ငံသား ဂျပန်
အလုပ်အကိုင် Keyence ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၃၂.၄ ဘီလျံ (၂၀၂၀ ဒီဇင်ဘာ)

တာကဲမိဆု တာကိဇာကိ (၁၉၄၅ ဇွန်လ ၁၀ ရက်မွေး) သည် ဂျပန် စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး ဂျပန်နိုင်ငံတွင် အော်တိုမေးရှင်းဆိုင်ရာ အာရုံခံ ကိရိယာများ၊ စက်အမြင်အာရုံစနစ်များ၊ ဘားကုဒ်ဖတ်စက်များ၊ လေဆာရိုက်နှိပ်စက်များ၊ အတိုင်းအတာ ကိရိယာများနှင့် မိုက်ခရိုစကုပ်များ ထုတ်လုပ်သော ကုမ္ပဏီတစ်ခု ဖြစ်သည့် ကီးယန့်စ် ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖြစ်သည်။

ဘဝအစ[ပြင်ဆင်ရန်]

တာကဲမိဆု တာကိဇာကိ အား ၁၉၄၅ ခုနှစ် ဇွန်လ ၁၀ ရက်တွင် မွေးဖွားသည်။[၁][၂] သူသည် အာမာဂါစာကီ စက်မှု အထက်တန်းကျောင်းတွင် ပညာသင်ကြား တတ်မြောက်ခဲ့သည်။[၁]

အလုပ်အကိုင်[ပြင်ဆင်ရန်]

တာကိဇာကိသည် ကီးယန့်စ်အား ၁၉၇၄ တွင် တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း ဒါရိုက်တာဘုတ်အဖွဲ့တွင် ဆက်လက်ရှိနေပြီး ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစ်လည်း ဆက်လက် ရှိနေဆဲ ဖြစ်သည်။[၃]

ဘလွန်းဘာ့ခ်၏ ဖော်ပြ ချက်အရ ၂၀၂၀ ဒီဇင်ဘာတွင် တာကိဇာကိ၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၄ ဘီလီယံ ရှိသည်။

ကိုယ်ရေးကိုယ်တာ[ပြင်ဆင်ရန်]

တာကိဇာကိသည် အိမ်ထောင်ရှိပြီး တာကဲရှိ တာကိဇာကိ အမည်ရသော သားတစ်ယောက်ရှိကာ ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် နေထိုင်သည်။[၂][၁] သူသည် ကျောက်ဖြစ်ရုပ်ကြွင်းများကို စိတ်အားထက်သန်စွာ စုဆောင်းသူ တစ်ဦး ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Takemitsu Takizaki။ 5 February 2017 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Takemitsu Takizaki။ 5 February 2017 တွင် ပြန်စစ်ပြီး။
  3. Takemitsu Takizaki (in en)။ 2020-10-23 တွင် ပြန်စစ်ပြီး။