တရုတ်ဟင်းလျာ
![]() | ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
![]() |
တရုတ်ဟင်းလျာ |
ဒေသအလိုက် ဟင်းလျာများ |
ဟင်းလျာကြီး ၈ မျိုး
အန်းဟွေး - ကွမ်တုန်း – ဖူကျန့် – ဟူနန် |
တရုတ်ဟင်းလျာများ (中國菜 ၊ 中華料理 ၊ 中國料理) သည် တရုတ်ပြည်မှ အစပြုကာ အာရှမှတဆင့် အမေရိကန်၊ ဩစတြေးလျ၊ အနောက်ဥရောပနှင့် တောင်အာဖရိက စသည့် ကမ္ဘာ့နေရာအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ ယနေ့တွင် အရှေ့ဥရောပနှင့် တောင်အာရှ ဒေသများတွင်လည်း တရုတ်ဟင်းလျာများကို နှစ်သက်သူများ ရှိလာပြီဖြစ်သည်။ အမေရိကန် တရုတ်ဟင်းလျာနှင့် အိန္ဒိယ တရုတ်ဟင်းလျာတို့သည် ဒေသခံများ၏အကြိုက်နှင့် အစပ်အဟပ်တည့်အောင် ပြင်ဆင်ချက်ပြုတ်ထားသည့် တရုတ်ဟင်းလျာများဖြစ်သည်။ ယင်းဟင်းလျာများ၏ အရသာမှာ မူလတရုတ်ဟင်းလျာများ၏ အရသာနှင့် ကွာဟချက်များရှိသည်။
ဒေသအလိုက် ကွဲပြားမှု
[ပြင်ဆင်ရန်]
P တရုတ်ပြည်တွင်း၌ပင် ဒေသအလိုက် ချက်နည်းပြုတ်နည်း မတူကြပေ။ ထို့ကြောင့် တရုတ်ပြည် တလွှားတွင် မတူသည့် ဟင်းလျာများ ပေါ်ပေါက်လာပြီး အဓိကအားဖြင့် ဟင်းလျာကြီး ၈ မျိုး (八大菜系) အဖြစ်ခွဲခြားနိုင်သည်။ ၎င်းတို့မှာ အန်းဟွေးဟင်းလျာ (徽菜)၊ ကွမ်တုန်းဟင်းလျာ (粵菜)၊ ဖူကျန့်ဟင်းလျာ (閩菜)၊ ဟူနန်ဟင်းလျာ (湘菜)၊ ကျန်းစူးဟင်းလျာ (蘇菜)၊ ဆန်းတုန်းဟင်းလျာ (魯菜)၊ စိချွမ်းဟင်းလျာ (川菜) နှင့် ကျဲ့ကျန်းဟင်းလျာ (浙菜) တို့ ဖြစ်ကြသည်။ အချို့မှာလည်း တရုတ်ဟင်းလျာများကို အကျမ်းအားဖြင့် ဟင်းလျာကြီး ၄ မျိုး (四大菜系) အဖြစ်သာ ခွဲခြားတတ်ကြသည်။[၁] အဓိကအားဖြင့် ပထဝီအနေအထားအလိုက် စစ်ချွမ်း (အနောက်ပိုင်း)၊ ကွမ်သုန်း (တောင်ပိုင်း)၊ ဆန်းသုန်း (မြောက်ပိုင်း) နှင့် ဟွေ့ယန်ဟင်းလျာ (淮揚菜) (အရှေ့ပိုင်း) ဟူ၍ ဟင်းလျာကြီး ၄ မျိုးအဖြစ် လူသိများကြသည်။
ယခုခေတ်တွင် ပေကျင်းဟင်းလျာ (京菜) နှင့် ရှန်ဟိုင်းဟင်းလျာ (滬菜) ကိုလည်း အလေးထားလာကြပြီး သမားရိုးကျ ဟင်းလျာ ၈ မျိုးတွင် ပေါင်းထည့်ကာ တရုတ်ဟင်းလျာကြီး ၁၀ မျိုး (十大菜系) ဟုလည်း ဖော်ပြလာကြသည်။ ထို့အပြင် တရုတ်ဘုန်းကြီးကျောင်းများတွင် ချက်ပြုတ်သုံးဆောင်ကြသည့် သက်သတ်လွတ် ဟင်းလျာ (齋菜) များသည်လည်း လူသိများသည့် တရုတ်ဟင်းလျာ တစ်မျိုးဖြစ်သည်။
မြန်မာပြည်တွင် လူသိများသည့် တရုတ်အစားအစာများ
[ပြင်ဆင်ရန်]- ဆီချက်ခေါက်ဆွဲ
- ကော်ရည်ခေါက်ဆွဲ
- ပေါက်စီ
- ခုနစ်လွှာပေါက်စီ
- အီကြာကွေး
- ပီကင်းဘဲကင်
- ဖက်ထုပ်
- ဖက်ထုပ်ကျော်
- ကော်ပြန့်ကျော်
- ကော်ပြန့်စိမ်း
- တိုဖူးနွေး
- တိုဖူးချဉ်
- စွမ်ထန်
- မုန်ညှင်းချဉ်
- ဝက်အူချောင်း
- ဘဲဥငန်
- ကောက်ညှင်းထုပ်
- ကစော်
- မုန့်လုံးရေပေါ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ VisitVineyards.com - Matching Chinese food with wine - Edward Ragg။ 6 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2009 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- တရုတ်ဟင်းလျာ at DMOZ
- Times Online Ching He Huang 10 basic ingredients for Chinese cooking 30 May 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- BBC TWO Chinese food made easy
- Chinese Food Flavor Map
- Regional chinese cuisines, edu site 5 October 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Chinese Restaurants Are Adding Herbs for Flavor and Health - The New York Times