တရုတ်ပြည် အပ်ရောင်းသွား

ဝီကီပီးဒီးယား မှ

တရုတ်ပြည် အပ်ရောင်းသွား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

အပ်ပေါများသော တရုတ်ပြည်သို့ အပ်သွားရောင်းသကဲ့သို့ ဒေသတစ်ခုတွင် ပေါများစွာ ရှိနေသော အရာမျိုးကို ထိုဒေသသို့ သွားရောက်ဖြန့်ဖြူးရန် အကြောင်းမတန် အားထုတ်သည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ရှေးခါပုံစံ၊ ထုံးနည်းပြန်အံ့၊ နှိုင်းစံပုံထုတ်၊ တရုတ်ပြည်မှာ၊ အပ်ရောင်းပါအံ့၊" [၈၄၂] တောင်တွင်း * ၆။
  • "ဂန္ဓာရတိုင်းပြည်၊ တရုတ်မြေမှာ၊ ရွှေနှင့်ကပ်၍၊ အပ်ကိုရောင်းသော်လည်း အကြောင်းမလျော်သကဲ့သို့ ရှိမည်ကြောင့်၊" [၁၂၂၅-ခန့်] ပုည။ ၁၃၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၅။