တယ်လီပသီ

ဝီကီပီးဒီးယား မှ
တယ်လီပသီစမ်းသပ်မှုများ လုပ်ဆောင်ခဲ့သူ Gilbert Murray

တယ်လီပသီသည် ဂရိဘာသာစကား Tele (အဝေး)နှင့် patheia (ခံစားမှု)တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး လူနှင့်တိရစ္ဆာန်တို့ တစ်ဦးနှင့်တစ်ဦး စိတ်ချင်း ဆက်သွယ်နိုင်သည့် ဗီဇသတ္တိမျိုးကို ဖော်ညွှန်းကြသည်။ သာမန်အာရုံခံ သိမှုထက် သာလွန်သော သိမှုတစ်မျိုးဟု သတ်မှတ်ကြသော တယ်လီပသီသည် ကြိုတင်သိနေခြင်း၊ အကြား၊ အမြင်ပေါက်ခြင်းစသည့် သဘောသဘာဝများ ဆက်စပ်နေသည်။ ကြံစည်စိတ်ကူးမှု၊ ယုံကြည်ကိုးကွယ်မှုနှင့် သမိုင်းတွေထဲမှာ အကြိမ်ကြိမ် တွေ့ရတဲ့အတွက် တယ်လီပသီသည် သာမန်ထက် ထူးကဲတယ်လို့ သတ်မှတ်ထားတဲ့ တခြားဘာသာရပ်တွေထက် ပိုပြီး စိတ်ဝင်စားစရာ အချက်အလက်တွေ ပါကောင်း ပါနိုင်သည်။

အစဉ်အလာအားဖြင့် တယ်လီပသီကို လူသားများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ကြရာမှာ သစ္စာကို ယုံကြည်တန်ဖိုးထားတဲ့၊ ဘာသာတရားမှာ ချစ်ခြင်းမေတ္တာ၊ ရင်းနှီးမှုနှင့် ညီညွတ်မှုတို့ကို ဖော်ဆောင်ပေးတဲ့ သဘောတရား တစ်ခုအဖြစ် လက်ခံကျင့်သုံးခဲ့ ကြသည်။ ဘာသာတရားအားလုံးနီးပါးရဲ့ အဆုံးအမတွေထဲမှာ'သဘောတရားသက်သက်' များက အများဆုံး နေရာယူထားကြသည်။ ယဉ်ကျေးမှုများ စတင်ထွန်းကားခဲ့စဉ်ကတည်းက ဘာသာတရားက လက်ခံထားတဲ့ သစ္စာတရားနှင့် လက်တွေ့ကျမှုနှင့် ကျိုးကြောင်း ညီညာမှုတို့ရဲ့ကြားမှာ အငြင်းပွားမှုများ ရှိနေခဲ့တယ်။ ဆက်လက်ကြီးထွားလာခဲ့တဲ့ သံသယရှိသူနှင့် ယုံကြည်သူများရဲ့အငြင်းပွားမှုဟာ ယနေ့အခါ 'သိပ္ပံ'နှင့် 'ဘာသာရေး'ကြားက စကားရည်လုပွဲကြီးတစ်ရပ်ရဲ့အသွင်ကို ဆောင်လာခဲ့သည်။ ယခုအခါ သံသယရှိသူများ အုပ်စုက သိပ္ပံနည်းကျသက်သေပြနိုင်မှသာ 'အစစ်အမှန်' ဖြစ်ပြီး 'အစစ်အမှန်'ဟာ သစ္စာတရား၏ အမှတ်အသားပဲလို့ ပြောကြသည်။ ပုဂ္ဂိုလ်တစ်ဦးချင်းသာမက အုပ်စုအဖွဲ့များအချင်းချင်း ဆက်သွယ်သော တယ်လီပသီ သဘောတရား သည် သိပ္ပံနည်းကျ သက်သေမပြနိုင်ပေမယ့် အကျိုးအကြောင်း ခိုင်လုံသည်ဟု ယုံကြည်သူများအုပ်စုက အတွေ့အကြုံများနှင့် တင်ပြကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သိပ္ပံနှင့်နည်းပညာ ဂျာနယ်၊ အမှတ်(၁၉)၂၀၀၆-ခု၊ မတ်လ