မုခ်ဝ:သမိုင်း/အထူးဆောင်းပါး

ဝီကီပီးဒီးယား မှ

ရှေးဟောင်းအီဂျစ်ဆိုသည်မှာ မြောက်အာဖရိကအရှေ့ပိုင်းမှ ရှေးဟောင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြစ်သည်။ ယနေ့ခေတ် အီဂျစ်နိုင်ငံတည်ရှိရာ နိုင်းမြစ်၏ အောက်ပိုင်းတစ်လျှောက်တွင် စုစည်းတည်ရှိ ခဲ့ကြသည်။ ထိုလူ့အဖွဲ့အစည်းသည် ဘီစီ ၃၁၅၀ ခန့် ပထမဆုံး ဖာရိုဘုရင်၏ လက်အောက်တွင် အပေါ်ပိုင်း အီဂျစ်နှင့် အောက်ပိုင်းအီဂျစ်တို့ နိုင်ငံရေးအရ ပေါင်းစည်းခဲ့ရာမှ စတင်ခဲ့သည်။ ထိုမှစ၍ နောက်ပိုင်း ထောင်စုနှစ် ၃ ခု အတွင်းတွင် တိုးတက်ပြောင်းလဲ လာခဲ့သည်။ ရှေးခေတ်အီဂျစ်၏ သမိုင်းတွင် တိုင်းနိုင်ငံများ ဟု သိရှိကြသော ဆက်တိုက်ဖြစ်နေသည့် တည်ငြိမ်အေးချမ်းသည့် ကာလများနှင့် ကြားကာလများ ဟုသိရှိကြသော မတည်မငြိမ်ဖြစ်နေသော ကာလများ ပါဝင်သည်။ တိုင်းနိုင်ငံသစ်ဟု သိရှိကြသော နောက်ဆုံးတိုင်းနိုင်ငံ ပျက်သုဉ်းပြီးချိန်တွင် ရှေးဟောင်းအီဂျစ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် ပုံမှန် ဖြည်းဖြည်းချင်း ယုတ်လျော့လာသော ကာလသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်အတွင်း၌ အီဂျစ်ကို တိုင်းတပါးအင်အားစုများမှ အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ကြသည်။ အစောပိုင်း ရိုမန်အင်ပိုင်ယာမှ အီဂျစ်ကို အောင်နိုင်ခဲ့ပြီး ၄င်း၏ နယ်မြေဒေသအဖြစ် သတ်မှတ်လိုက်ချိန် ဘီစီ ၃၁ ခုနှစ်တွင် ဖာရိုဘုရင်တို့၏ အုပ်စိုးမှု သည် တရားဝင် ပြီးဆုံးခဲ့သည်။