- လင့်ခ်အား မည်သည့်အတွက်ကြောင့် စာတွဲထည့်ထားသည်ကို ဆုံးဖြတ်ပါ။
- သံတူကြောင်းကွဲ စာမျက်နှာတွင် စာရင်းပြုထားသည့် ဆောင်းပါးများကို စူးစမ်းပါ။ ထို့နောက် လင့်ခ်အကြောင်းကို ဆောင်းပါးဆွေးနွေးချက် စာမျက်နှာတွင် မှတ်ချက်ရှိမရှိ စစ်ဆေးပါ။ ဝီကီပီးဒီးယား ပြင်ပတွင် လေ့လာမှုများ ပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သလို သံတူကြောင်းကွဲ စာမျက်နှာကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်လည်း လိုအပ်နိုင်သည်။ (အောက်မှ နမူနာများကို ကြည့်ပါ။)
- လင့်ခ်များကို မှန်ကန်စွာ ပြင်ဆင်ခြင်းသည် အရေးကြီးပါသည်။ တစ်ခါတစ်ရံတွင် ဆိုလိုသည့် အဓိပ္ပာယ်သည် ယင်းအား အသုံးပြုထားသည့် စာမှတဆင့် ရှင်းလင်းပြီး ဖြစ်နိုင်သည်။ အကယ်၍ မရှင်းလင်းပါက ခန့်မှန်းခြင်း မပြုဘဲ စာတွဲကို ထားရှိခဲ့ကာ ပြဿနာအား ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာတွင် ရှင်းလင်းပါ။
- ဆီလျော်သော လင့်ခ် ရှိနှင့်ပြီး ဖြစ်ပြီး သံတူကြောင်းကွဲ စာမျက်နှာတွင် စာရင်းထည့်သွင်းထားခြင်း မရှိသေးပါက သံတူကြောင်းကွဲ စာမျက်နှာတွင် ပေါင်းထည့်ပါ။
- လင့်ခ်အား ပြင်ဆင်ပြီး စာတွဲကို ဖယ်ရှားပါ။
- လင့်ခ်အား မှန်ကန်စွာ ပြင်ဆင်ရာတွင် လင့်အနီ ဖြစ်သွားနေနိုင်ပါသည်။ ထိုကိစ္စရပ်မျိုးတွင် ထိုလင့်ခ်အနီကိုလည်း သံတူကြောင်းကွဲ စာမျက်နှာတွင် ထည့်သွင်းရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။
- အချို့သော လင့်ခ်များကို ချိတ်ဆက်ထားမှုအား ရိုးရှင်းစွာပင် ဖယ်ရှားနိုင်သည်။
- အချို့သော ကိစ္စရပ်များတွင် ဝစ်ရှင်နရီသို့ ချိတ်ဆက်ခြင်းက ပိုမိုသင့်လျော်နေနိုင်ပါသည်။
|