မာတိကာသို့ ခုန်သွားရန်

တမန်တော်ဝတ္ထု

ဝီကီပီးဒီးယား မှ

ဓမ္မသစ်ကျမ်းရှိ အရေးပါသော ကျမ်းတစ်အုပ်ဖြစ်သည့် တမန်တော်ဝတ္ထု (အင်္ဂလိပ်: Acts of the Apostles) သည် ခရစ်ယာန် အသင်းတော်ဦး၏ သမိုင်းကို မှတ်တမ်းတင်ထားသော ကျမ်းဖြစ်သည်။ ဤကျမ်းသည် ခရစ်ဝင်ကျမ်းပါ သခင်ယေရှု၏ အသက်တာနှင့် ဩဝါဒကျမ်းများပါ အသင်းတော်များသို့ ပေးသောစာများအကြား ပေါင်းကူးတံတားသဖွယ် ဖြစ်သည်။

ကျူပင်စာရွက်ပေါ်က ရေးသားထားသော တမန်တော်ဝတ္ထု အခန်းကြီး ၂၆:၇-၈ ပါဝင်သော Papyrus 25 စာရွက် (အေဒီ ၂၅၀ ဝန်းကျင်)

သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြင့် သတင်းကောင်းသည် ယေရုရှလင်မှ ကမ္ဘာမြေ အစွန်အဖျားတိုင်အောင် ပျံ့နှံ့သွားပုံကို ဤကျမ်းက မီးမောင်းထိုးပြသည်။ အောက်ပါ အခန်းများတွင် တမန်တော်ဝတ္ထု၏ ဝိသေသလက္ခဏာများ၊ ကျမ်းရေးသူ၊ အချိန်ကာလ၊ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်၊ ပါဝင်သော အချက်များ စသည်တို့ကို လေ့လာနိုင်မည် ဖြစ်သည်။

၁။ စံတော်မီ ဝိသေသလက္ခဏာ

[ပြင်ဆင်ရန်]

တပည့်တော်များ၏ တမန်တော်ဝတ္ထုသည် တန်ခိုးမှုတ်သွင်းထားသည့် တစ်ခုတည်းသော အသင်းတော်သမိုင်းဖြစ်သည်။ ကနဦး ယုံကြည်သူများ၏ အသင်းတော်သမိုင်း၊ အသင်းတော်အခြေခံဇစ်မြစ်လည်းဖြစ်သည်။ ကျမ်းစာတအုပ်လုံးနီးပါး ရှင်လု ကာလုပ်ဆောင်ချက်ဖြစ်၍ ရိုးရာထုံးတမ်းစဉ်လာများ အနည်းငယ်ထပ်ထည့်ထားသည်။ ဤကျမ်းစာမရှိလျှင် အသင်းတော်သည်လည်း ဖရိုဖရဲဖြစ်နိုင်သည်။ ခရစ်ဝင်ကျမ်းများထဲမှ သခင်ဘုရား၏ အမှုတော် ဆောင်ချက်များကို ဩဝါဒများနှင့် ဆက်စပ်ပေးသောကျမ်းစာဖြစ်သည်။ ပစ်မှတ်ပရိသတ်နှင့် ကျမ်းစာ၏ ရည်ရွယ်ချက်များအပြင် အခြားသိသင့်သိအပ်သည်များကိုလည်း တမန်တော်များက အဖြေပေးကြသည်။ ကျမ်းစာသည် ခရစ်တော်သက်တော်စဉ်နှင့် ဩဝါဒကျမ်းပါ ခရစ်ယာန်အသက်တာကို ဆက်စပ်ပေးသော ပေါင်းကူးတံတားဖြစ်ရုံသာမက။1 ယုဒထုံးစံနှင့် ချိတ်ဆက်လည်းဖြစ်သည်။ ဤဝတ္ထု၏ အဓိကအချက်မှာ ယေရုရှလင်၊ အယူသီးသော ယုဒအုပ်စုကွက်ကလေးကို ဗဟိုပြု၍ ကမ္ဘာအနှံ့မြို့ပြကျေးလက်မကျန်အောင် ယုံကြည်လက်ခံဖို့ ပျံ့နှံ့စေခြင်းဖြစ်သည်။

၂။ ကျမ်းရေးသူ

[ပြင်ဆင်ရန်]

ရှင်လုကာ ခရစ်ဝင်ကျမ်းနှင့် တမန်တော်ဝတ္ထု ရေးသားသူသည် တဦးတယောက်တည်း ဖြစ်သည်ဟု ခံယူကြသည်။ ခရစ်ဝင်တတိယကျမ်း ရှင်လုကာ ရေးသည်ဟု ခံယူလျှင် တမန်တော်ဝတ္ထုသည်လည်း ထိုရှင်လုကာဖြစ်သည်။

အပြင်ပန်းသဏ္ဌာန်အားဖြင့် တမန်တော်ဝတ္ထုသည် ခိုင်မာကျယ်ပြန့်စွာ ရေးသားထားသော ရှင်လုကာ၏ အစောပိုင်းလက်ရာ ဖြစ်သည်။ The anti Marcionite Prologue to Luk (c. 160-180) Muratorian Canon (c. 170-200) ကနဦးအသင်းတော်ဖခင်ကြီးများ Irenaeus, Clement of Alexandria, Tertullian နှင့် Origen များကလည်း ရှင်လုကာ၏ လက်ရာဟု ခံယူကြသည်။ အသင်းတော် သမိုင်းကြောင်းနှင့် ပတ်သက်၍လည်း Eusebius နှင့် Jerome တို့က သဘောတူဝန်ခံကြသည်။

အတွင်းသရုပ်နှင့် ပတ်သက်၍ ရှင်လုကာ လက်ရာ ဖြစ်ကြောင်း (၃)ချက် ပြသနိုင်သည်။ ကျမ်းစာ၏ အစပိုင်းတွင် စာရေးသူ၏ အစောပိုင်းအလုပ်ကို ပြသည်။ Theophilus ကိုလည်း ရည်ညွန်းသည်။ လု ၁:၁-၄ သည် ဤကျမ်း အစပိုင်းကို ဖော်ညွှန်းခြစ်ဖြစ်သည်။ စာရေးသားဟန်၊ အတွေး မမြင်၊ ဝေါဟာရ အသုံးအနှုန်းများသည် တမန်တော်များ၏ လုပ်ဆောင်ချက်ကို အသားပေး၍ သေးအဖွဲ ကိစ္စရပ် များစွာလည်း ရှင်လုကာကျမ်းနှင့် တူညီချက်များ ရှိသည်။ ကောရိန္သု ဩဝါဒစာနှစ်3စောင် ရှေ့နောက်ဆက်သကဲ့သို့ ရှင်လုကာခရစ်ဝင်ကျမ်းသည် အခြားခရစ်ဝင်သုံးကျမ်းထက် တမန်တော်ဝတ္ထုနှင့် ဆက်စပ်ပတ်သက်နေသည်။

ဒုတိယအချက်မှာ ဤကျမ်းစာရေးသူသည် ရှင်ပေါလုနှင့်အတူ4 ခရီးသွားလာသူဖြစ်ကြောင်း ထင်ရှားသည်။ “ကျွန်ုပ်တို့” ဟူသော စကားလုံးကို ၁၆:၁၀-၁၇၊ ၂၀:၅-၂၁:၁၈၊ ၁၇:၁- ၂၈:၁၆ တို့တွင် အထင်အရှားတွေ့ရသဖြင့် ဤကျမ်းစာရေးသူသည် ပေါလုနှင့်အတူ ရှိနေသောကြောင့် မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။ တိုသို့မဟုတ်လျှင် “ငါ” အစား “ကျွန်ုပ်တို့” ဟူ၍ ပြောစရာ အကြောင်းမရှိ။

တတိယအချက်မှာ ပေါလု၏ လုပ်ဖော်ဆောင်ဘက်များ၏ အမည်နာမများကို တွေ့လေ့ရှိသည်။ ထိုသူများထဲတွင် စာရေးသူလည်း ပါဝင်ပြီး သူ့နာမည်စာရင်းကို မဖော်ပြသော်လည်း “စသည်တို့” “နှင့်အတူ” “ကျွန်ုတို့သည်” ဟု သုံးလေ့ရှိသည်။5

၃။ အချိန်ကာလ

[ပြင်ဆင်ရန်]

ဓမ္မသစ်ကျမ်းရှိ အခြားကျမ်းများထက် တမန်တော်ဝတ္ထုသည် အသင်းတော်သမိုင်းကြောင်းဖြစ်၍ ပိုမိုအရေးကြီးသည်။ အခြားကျမ်းများ၏ ရှေ့ဆောင်ကျမ်းတစ်ခုဖြစ်သည်။

တမ်န်တော်ဝတ္ထု ရေးသားသည့် ကာလကို (၃)မျိုး ဆိုကြရာ တစ်ခုသည် ဖြစ်နိုင်ဖွယ်ရာ မရှိဟု ငြင်းပယ်ကြသည်။

၁။ ၂ ရာစုနှစ်ဟု ဆိုကြသည်။ ကျမ်းရေးသူလုကာသည် အေဒီ ၈၀၊ ၈၅ ခန့်ထိ ခက်ခဲစွာ နေခဲ့ရသည်။ ကျမ်းစာပညာရှင်အချို့က Josephus Antiquities (အေဒီ ၉၃) နှစ်ခေတ်ပြိုင် (၅-၃၆) ဟု ဆိုကြသည်။ သို့သော် အကျိုးအကြောင်း ဆီလျော် ခိုင်မာမှု မရှိ။

၂။ အများကမူ အေဒီ ၇၀-၈၀ အကြားတွင် ရေးသည်ဟု ယူဆကြသည်။ ဤအချက် ဖြစ်နိုင်ဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်ဝတ္ထုတွင် ထိုအကြောင်းထိ ပါဝင်သည်။

၃။ အခိုင်မာဆုံးအချက်မှာ ရှင်ပေါလု ရောမအကျဉ်:ထောင်တွင် ကျနေသည့်အချိန် ဖြစ်သည်။ အဘယ်ကြောင်းဆိုတော် တမန်တော်ဝတ္ထုတွင် ထိုအကြောင်းထိ ပါဝင်သည်။

ရှင်လုကာသည် တတိယမြောက်ကျမ်း ဆက်လက် ရေးသားချင်ပေမည်။ သို့သော်လည်း ဘုရားရှင် အလိုတော် မရှိသောကြောင့် အေဒီ ၆၃ မှ ၇၀ အကြား ဖြစ်အပျက်များသာ မှတ်တမ်း တင်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစေ အောက်ပါအချက်များဖြင့် တွက်ကြည့်ကြရအောင်။ အီတလီဘုရင်ဆိုး နေရူးက ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်ပြီး ရောမြို့ မီးလောင်သည့်နောက်ပိုင်း (၆၄)၊ ယုဒများ ရောမအောက်မှ ကင်းလွတ်ချိန် (၆၆-၇၀)၊ ပေတရုနှင့် ပေါလု မာတုရခံရချိန် (၆၀ နောက်ပိုင်း)၊ ယုဒများနှင့် ဟေဗြဲခရစ်ယာန်များ သဲထိတ်ရင်ဖို ယေရုရှလင်မြို့ ပျက်သုဉ်းချိန် တို့ဖြင့် ဆန်ကာတင် တွက်ချက်ကြည့်လျှင် ရှင်ပေါလု ရောမတွင် ထောင်ကျနေချိန် အေဒီ ၆၂ သို့မဟုတ် ၆၃ ဖြင့်သည်ဟု ကောက်ချက်ချရသည်။6

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

တမန်တော်ဝတ္ထုသည် ဘ၀လှိုင်းဒဏ်နှင့် ရုန်းကန် လှုပ်ရှားမှုများ ပြည့်နှက် နေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော် ထူပုံ၊ အသင်းတော်အား ဘိသိက် ပေးထားပုံနှင့် အပြင်သို့ တန်ခိုး ဆန့်ထုတ်ပုံများလည်း တွေ့ရသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အံ့ဖွယ်တန်ခိုး လက်နက် ကရိယာ အသုံးပြုပုံ၊ အခက်အခဲ အတားအဆီးများ အောင်မြင်ပုံ၊ လူ့သဘာဝ ထုံးစံ မဟုတ်သော နည်းလမ်းများဖြင့် အသုံးပြုပုံ၊ အောင်ပွဲခံပုံများကို မော်ကွန်း တင်ထားသည်။

တမန်တော်ဝတ္ထုတွင် အတည်တကျ မရှိသေးကာလ၌ အသင်းတော်ကလေးများသို့ သတင်းကောင်း ရောက်ရှိပုံ၊ လူကိုယ်တိုင်ဖြင့် သတင်းကောင်း သယ်ဆောင်ကြပုံ၊ ဇာတ်လမ်းဆန်ဆန် စွန့်စားခဲ့ကြပုံများကို သရုပ်ဖော်ထားသည်။ မသာဖုံးအုပ်ထားသော ယုဒအစဉ်အလာ အဝတ်အစားများကို ချွတ်ခွာ၍ တပါးအမျိုးသားများနှင့် ခရစ်တော်တွင် တလုံးတဝတည်း ရှိပုံတို့ကို မှတ်တမ်း တင်ထားသော ကမ္ဗည်း မော်ကွန်းဖြစ်သည်။ ထို့ကြောင့် တမန်တော်ဝတ္ထုကို “ဣဇာက် နို့ဖြတ်သည့်ကာလ” ဟု တင်စား ခေါ်ဝေါ်ကြသည်။

ကျမ်းစာဖတ်ရှုသောအခါ ဘုရားသခင်၏ အမှုတော်၌ ဝိညာဉ်တော် ပါရှိပုံကို နှစ်ထောင်းအားရ ကြပေမည်။ တချိန်တည်းတွင် အပြစ်နှင့် စာတန်၏ သောင်းကျန်း ပုန်ကန်ပုံကိုလည်း တွေ့မြင်ရ ကြမည်။

ပထမ (၁၂)ခန်းတွင် ဣသရေလလူမျိုးများ အကြားသို့ ခြင်္သေ့ပမာ ရဲဝံ့စွာ ပေတရု အမှုတော် ဆောင်ပုံကို တွေ့ကြမည်။ အခန်း ၁၃ မှစ၍ ရှင်ပေါလု၏ တပါးအမျိုးသားများ အကြားတွင် မနားမနေ စိတ်အားထက်သန်စွာ အမှုတော် ဆောင်ပုံကို တွေ့ကြမည်။

တမန်တော်ဝတ္ထုသည် နှစ်ပေါင်း (၃၃)နှစ် ကာလကို ခြုံငုံသည်။ J.B.Phillip က “လူ့သမိုင်းတွင် နှိုင်းယှဉ်၍မရအောင် ကြီးစိုးသော ကာလတာဖြစ်သည်။ သာမန်လူသားများက သူတို့ရန်သူများကြားထိအောင် မျက်ရည်မျက်ခွက်နှင့် သွားရောက် ပြောကြရာ ကမ္ဘာကြီးပါ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်သည်” ဟုဆိုသည်။

ပါဝင်သောအချက်များ

[ပြင်ဆင်ရန်]

၁။ ယေရှုရှလင်အသင်းတော် (အခန်း ၁–၇)

(က) ထမြောက်သော အရှင်သခင်၏ ဝိညာဉ်တော် ကတိ (၁:၁-၅)

(ခ) တမန်တော်များရှေ့တွင် ကောင်းကင်ဘုံသို့ကြခြင်း (၁:၆-၁၁)

(ဂ) ယေရုရှလင်တွင် တပည့်တော်များ ဆုတောင်းခြင်းဖြင့် စောင့်မျှော်ခြင်း (၁:၁၂-၂၆)

(ဃ) ပင်တေကုတ္တေနေ့နှင့် အသင်းတော် မွေးဖွားခြင်း (၂:၁-၄၇)

(င) ခြေဆွံ့သူ ကျန်းမာခြင်းနှင့် ဣသရေလများအား ပေတရုက ဆုံးမခြင်း (၃:၁-၂၆)

(စ) ညှဉ်းဆဲနှိပ်စက်ခြင်းကြောင့် အသင်းတော် ကြီးထွားခြင်း8 (၄:၁-၇:၆၀)

၂။ ယုဒနှင့် ရှမာရိအသင်းတော်များ (၈:၁– (၉:၃၁)

(က) ရှမာရိပြည်သို့ ဖိလိပ္ပု သာသနာ ခရီး (၈:၁-၂၅)

(ခ) ဖိလိပ္ပုနှင့် အဲသယောပိ အမတ်မင်း (၈:၂၆-၄၆)

(ဂ) တာရှုသား ရှောလု အသက်တာ ပြောင်းလဲခြင်း (၉:၁-၃၁)9

၃။ ကမ္ဘာမြေတွင် အသင်းတော် ကုန်းဆုံးခြင်း (၉:၃၂၊ ၂၈:၃၁)

(က) တပါးအမျိုးသားများသို့ ပေတရု သွန်သင် ဟောကြားခြင်း (၁:၁-၅)

(ခ) အန္တိအုတ်တွင် အသင်းတော် ထူထောင်ခြင်း (၁:၁-၅)

(ဂ) ဟေရုဒ်က ညှဉ်းပန်းနှိပ်စက်ခြင်း (၁:၁-၅)

(ဃ) ပေါလု၏ ပထမဆုံး သာသနာပြု ခရီး၊ ဂလာတိသို့ (၁၂:၂၄ – ၁၄:၂၈)

(င) ယေရုရှင်လင် အသင်းတော် ကောင်စီ (၁၅:၁-၃၅)

(စ) ပေါလု၏ ဒုတိယ သာသနာ ခရီး၊ အာရှမိုင်းနားနှင့် ဂရိသို့ (၁၅:၃၆ – ၁၈:၂၂)

(ဆ) ပေါလု၏ တတိယ သာသနာ ခရီး၊ အာရှမိုင်းနားနှင့် ဂရိပြည် (၁၈:၂၃ – ၂၁:၁၆)

(ဈ) ရှင်ပေါလု ဖမ်းဆီး စစ်ဆေးခြင်း (၂၇:၁ – ၂၈:၁၆)

(ည) ပေါလု အကျယ်ချုပ် ခံရခြင်းနှင့် ရောမရှိ ယုဒများထံ သက်သေခံခြင်း (၂၈:၁၇)