တပေါင်းနွေဦး
ပုံပန်းသွင်ပြင်
တပေါင်းခါနွေ လက်ပံကြွေ၏ မြောက်လေလည်းမြူး တောင်လေရူးကာ နှင်းစက်လက်ကျန် အားတင်းခံ၍ အရုဏ်တက်စ ချမ်းအေးမြကြည် တပေါင်းမည်၏၊၊
ရွက်ဝါကြွေညောင်း နွေတပေါင်းကား ထန်းပျိုနံ့သင်း ဖော်ရွှေပင်းနှင့် ရှိလင့်ကားလည်း ဥဩငှက်သီ နွေပန်းချီကြောင့် ဘယ်ဆီမျှော်မှန်း ဘယ်ကိုလွမ်းရပါ့ ချစ်သူ။
ပျိုးခင်း