မာတိကာသို့ ခုန်သွားရန်

တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း

ဝီကီပီးဒီးယား မှ

တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း ဆိုသည်မှာ တပို့တွဲလတွင် ပေါက်ပန်းနှင့် လက်ပံပန်းများ စတင်ပွင့်လေ့ရှိပြီး ထိုအချိန်တွင် ထန်းသမားများသည် ထန်းပင်များမှ ထန်းရည်ကို ရယူရန် ထန်းပင်များကို နင်းကြသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် တပို့တွဲလ၏ ရာသီဥတုနှင့် ထိုအချိန်တွင် လုပ်ကိုင်လေ့ရှိသော အလုပ်အကိုင်များကို ဖော်ပြသည်။ တပို့တွဲလသည် ဆောင်းကုန်ခါနီး နွေဦးအစ ဖြစ်သောကြောင့် ပန်းများ စတင်ပွင့်လန်းပြီး ထန်းရည်ခံရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ထန်းသမားများသည် ထန်းပင်ထိပ်သို့ တက်၍ ထန်းလက်များကို ညွတ်ကိုင်းလာအောင် နင်းပြီးမှ ထန်းရည်ကို ခံယူကြသည်။ ဤလုပ်ငန်းကို ထန်းရည်နင်းခြင်း ဟု ခေါ်သည်။

တပို့တွဲလ

[ပြင်ဆင်ရန်]

တပို့တွဲလသည် မြန်မာပြက္ခဒိန်၏ ၁၁ လမြောက်လဖြစ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်သည်။

ပေါက်လဲငုံကင်း

[ပြင်ဆင်ရန်]

ပေါက်လဲငုံကင်း ဆိုသည်မှာ ပေါက်ပန်းနှင့် လက်ပံပန်းများ စတင်ပွင့်လန်းချိန်ကို ရည်ညွှန်းသည်။

ထန်းရည်နင်း

[ပြင်ဆင်ရန်]

ထန်းရည်နင်း ဆိုသည်မှာ ထန်းပင်များမှ ထန်းရည်ရယူရန် ထန်းလက်များကို နင်းသည့် လုပ်ငန်းကို ရည်ညွှန်းသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • တပို့တွဲနှင့်၊ ပေါ်ကလဲငုံကင်း၊ ထန်းရည်ငယ်နင်းကြသည်၊ နှင်းထုံထုံ ငယ်နှင့်လေး။ []
  • ထန်းဥယျာဉ်သမားတို့သည်… ထန်းပင်ပေါ်သို့ တက်၍ ထန်းလက် ထန်းနို့ထန်းခိုင်တို့ကို ညွတ်ကျလာအောင် ခြေနှင့် နင်းကြရပါသည်။ ပြီးလျှင် ထန်းလှီးကာ ထန်းရည်ခံရပါသည်။ ဤသို့ နင်းသည်ကို ထန်းရည်နင်းသည်ဟု ခေါ်စမှတ် ပြုကြောင်း သိရပါသည်။ တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်းဟူသော ဆိုရိုးစကားမှာ ဤအချက်ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၀၈၀] ဆယ့်နှစ်ချုပ်။ ၃၂။ ကိုးကား အမှား - Invalid parameter "'hsathnitchoke32" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၃၄၆] အာကာတစ်ခွင်။ ၁၇၀။ ကိုးကား အမှား - Invalid parameter "'arkartitkhwin170" in <ref> tag. The supported parameters are: dir, follow, group, name.