တပည့်လိမ္မာ ဆရာ အာပတ်လွတ်
တပည့်လိမ္မာ ဆရာ အာပတ်လွတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်[ပြင်ဆင်ရန်]
ဆရာဘုန်းကြီး အာပတ်သင့်နိုင်သောကိစ္စတွင် တပည့်ဖြစ်သူက ပါးနပ်လိမ္မာစွာ ဆောင်ရွက်ပေးသဖြင့် ဆရာဘုန်းကြီးအဖို့ အာပတ်လွတ်သကဲ့သို့ တပည့်သားမြေးက လိမ္မာပါးနပ်စွာ ဆောင်ရွက်သဖြင့် လူကြီးအဖို့ အပြစ်လွတ်သည်။ [၁]
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် အာပတ် ကို ရှာဖွေကြည့်ရှုပါ။
မူလရင်းမြစ်[ပြင်ဆင်ရန်]
- "တပည့်လိမ္မာ ဆရာ အာပတ်လွတ်ဆိုတဲ့သဘောနှင့် တမင်တကာ မရိပ်မိ မသိလေဟန်ပြု၍ နေတော်မူတာပါ။" [၁၃၁၃] စာဆို၊ ဒု။ ၇၇၄။