တပည့်မကောင်း၊ ဆရာ့ခေါင်း

ဝီကီပီးဒီးယား မှ

တပည့်မကောင်း၊ ဆရာ့ခေါင်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ မြန်မာစကားပုံ တစ်ခုလည်း ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

တပည့်များ အကျင့်စာရိတ္တမကောင်းသူ ဖြစ်လာလျှင် ဆရာ့ဝတ္တရား ပျက်ကွက်သည်ဟု ဆရာ့အပေါ် အပြစ်ပုံကျသည်။[၁] အခြားဆိုလိုရင်းတစ်ခုမှာ တပည့်မလိမ္မာလျှင် ဆရာတွင် တာဝန်မကင်းသကဲ့သို့ ငယ်သူမလိမ္မာလျှင် ကြီးသူများတွင် တာဝန်မကင်းချေ။ [၂]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "တပည့်မကောင်း ဆရာ့ခေါင်း ဆိုသော စကားအရ တပည့် မလိမ္မာလျှင် ဆရာသို့ ထိခိုက် တတ်လေသည်။" [၁၂၈၂] နီရီ၊ ပ။ ၁၀၇။
  • "တပည့်မကောင်း ဆရာ့ခေါင်း ဆိုတဲ့ စကားကို အမြဲ လက်ကိုင်ထားကြပါ။" [၁၂၈၈] သူရ၊ ဒု။ ၁၁၆။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. ၂.၀ ၂.၁ မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၁။