မာတိကာသို့ ခုန်သွားရန်

တန်ခူး ရေကုန်၊ ကဆုန် ရေခန်း

ဝီကီပီးဒီးယား မှ

တန်ခူး ရေကုန်၊ ကဆုန် ရေခန်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] တန်ခူး ရေကုန်၊ ကဆုန် ရေစစ် ဟူ၍လည်း အဆိုရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

တန်ခူး ရေကုန်၊ ကဆုန် ရေခန်း ဆိုသည်မှာ တန်ခူးလတွင် ရေများ တဖြည်းဖြည်း နည်းပါးလာပြီး ကဆုန်လတွင် ရေများ ခန်းခြောက်သွားတတ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် မြန်မာနိုင်ငံ၏ နွေရာသီ ရာသီဥတုကို ဖော်ပြသည်။ တန်ခူးလနှင့် ကဆုန်လများသည် နွေရာသီ၏ အပူဆုံးအချိန်များဖြစ်ပြီး မိုးရွာသွန်းမှု နည်းပါးသောကြောင့် ရေများ ခန်းခြောက်တတ်သည်။ အထူးသဖြင့် ကန်များ၊ အိုင်များနှင့် ရေတွင်းများတွင် ရေများ လျော့နည်းသွားတတ်သည်။ ရေကုန် ဆိုသည်မှာ ရေများ တဖြည်းဖြည်း နည်းပါးလာခြင်းကို ဆိုလိုသည်။ ရေခန်း ဆိုသည်မှာ ရေ လုံးဝ ခန်းခြောက်သွားခြင်းကို ဆိုလိုသည်။ ရေစစ် ဆိုသည်မှာလည်း ရေ အလွန်နည်းပါးသွားခြင်းကို ဆိုလိုသည်။

တန်ခူးလနှင့် ကဆုန်လ

[ပြင်ဆင်ရန်]
  • တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမလဖြစ်ပြီး မတ်လနှင့် ဧပြီလအတွင်း ကျရောက်သည်။
  • ကဆုန်လသည် မြန်မာပြက္ခဒိန်၏ ဒုတိယလဖြစ်ပြီး ဧပြီလနှင့် မေလအတွင်း ကျရောက်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • တန်ခူး ရေကုန်၊ ကဆုန် ရေစစ် ဆိုသည့်အတိုင်း မြစ်ရေသည် စစ်နေလေသည်။ []
  • တန်ခူး ရေကုန်၊ ကဆုန် ရေခန်း ဟူသော စကားနှင့်အညီ ကျွန်းလှရွာရှိ ရေတွင်းများသည် နွေကာလ၌ ရေနည်းလာတတ်၏။ []
  • ငါးလွှတ်ပွဲလည်း ကျင်းပကြလေသည်။ တန်ခူး ရေကုန်၊ ကဆုန် ရေခန်း ဟူသော စကားအတိုင်းပင် ကဆုန်လ၌ ရေကန်ရေအိုင်များ ခန်းခြောက် နေတတ်ပေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၁-ခန့်] မြို့ပိုင်ပြုံးချို။ ၅၄။ ကိုးကား အမှား - Invalid parameter "'myopaipyonecho54" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၃၃၃] မြဝတီ၊ ၁၉၊ ၃။ ၈၈။ ကိုးကား အမှား - Invalid parameter "'myawady19-3-88" in <ref> tag. The supported parameters are: dir, follow, group, name.
  4. [၁၃၃၅] ငွေတာရီ၊ ၁၅၅။ ၁။ ကိုးကား အမှား - Invalid parameter "'ngwetari155-1" in <ref> tag. The supported parameters are: dir, follow, group, name.