တဒရှီ ဟာမဒါ

ဝီကီပီးဒီးယား မှ

တဒရှီ ဟာမဒါ (Tadashi Hamada)သည် ဝေါ့ဒစ္စနေးအယ်နီမေးရှင်းစတိုရီယို၏ (၅၄) ခုမြောက် အယ်နီမေးရှင်းရုပ်ရှင်  Big Hero 6( 2014)ထဲတွင် ပါဝင်သော စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုဖြစ်သည်။ [၁]

Big Hero 6 ရုပ်ရှင်သည် မာဗယ်ရုပ်ပြစာအုပ် ကိုပြန်လည်ရိုက်ကူးထားသည့်ရုပ်ရှင်တစ်ခုဖြစ်သည်။ အဆိုပါ ဇာတ်လမ်းထဲတွင် တဒရှီဟာမဒါအဖြစ် ကိုရီးယားအမေရိကန်မင်းသားဒယ်နီရယ်ဟင်နီက အသံသရုပ်ဆောင်ပေးထားသည်။

ဇာတ်လမ်းထဲ ထဒရှီဟာမဒါသည် ဂျပန်လူမျိုး ဖြစ်ပြီး ဆန်ဖရန်ဆိုကျိုနည်းပညာကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သည်။ ယင်းအပြင်ဘေးမက်( Baymax) ကို တီထွင်ခဲ့သူလည်းဖြစ်သည်။

တဒရှီဟာမဒါသည်   ဟီရိုဟာမဒါ၏ အကိုဖြစ်ပြီး ဘေးမက်( Baymax)မှာ ကျန်းမာရေးစောင့်ရှောက်မူအဖော် စက်ရုပ်ဖြစ်သည်။

တဒရှီဟာမဒါတို့ ညီအကိုနှစ်ယောက်သည် မိဘများ ဆုံးပါးသွားပြီး အဒေါ်ဖြစ်သူလက်ထဲ ကြီးပြင်းခဲ့ရသည်။ ထဒရှီဟာမဒါကို ဇာတ်လမ်းထဲ ဆန်ဖရန်ဆိုကျိုနည်းပညာကျောင်းမှ နာမည်ကျော်ကြားပြီး၊ စိတ်ထားကောင်းသူအဖြစ်ဖော်ပြထားသည်။ ထက်မြက်သူတစ်ယောက်ဖြစ်ပြီး Big Hero 6( 2014) ဇာတ်လမ်းထဲ မတော်တဆမှုကြောင့် သေဆုံးသည်။ ၎င်း သေဆုံးပြီးနောက်ပိုင်း ညီဖြစ်သူဟီရိုဟာမဒါ ၊သူ၏သူငယ်ချင်းများ နှင့်စက်ရုပ်ဘေးမက်တို့က သေဆုံးရခြင်းအကြောင်းကို ခြေရာခံလိုက်လံစုံစမ်း တိုက်ခိုက်ခြင်းများဖြင့် ဇာတ်အိမ်ဖွဲ့တည်ဆောက်ထားသည်။ တဒရှီဟာမဒါဇာတ်ကောင်သည် Big Hero 6 ထဲ အစအဆုံးမပါခဲ့သော်လည်း သူတပါးကိုကူညီတတ်ခြင်းဇာတ်ရုပ်ဖြစ်နေသည့်အပြင်  ဒစ္စနေးဇာတ်ကောင်များထဲမှကွဲပြားပြီး  ချောမောခန့်ညားသော အယ်နီမေးရှင်းဒီဇိုင်းလက်ရာတို့ ကြောင့် ကမ္ဘာတဝှမ်းက ပရိသတ်များစွာ၏ ချစ်ခြင်းကိုခံရသည့်  စိတ်ကူးယဉ်ဇာတ်ကောင် တစ်ခုဖြစ်လာခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Tadashi Hamada (Big Hero 6)DisneyNews (14 February 2023)။ 14 March 2023 တွင် ပြန်စစ်ပြီး။
  2. Tadashi HamadaBig Hero 6 Wiki။ 14 March 2023 တွင် ပြန်စစ်ပြီး။