မာတိကာသို့ ခုန်သွားရန်

တဒဆုနိုမိုရိ

ဝီကီပီးဒီးယား မှ
A wild tangle of undergrowth

တဒဆုနိုမိုရိ (糺の森) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ဆခယောရပ်ကွက်တွင် တည်ရှိသည့် တောအုပ်တစ်ခု ဖြစ်သည်။ ၎င်းတောအုပ်တွင် ခမိုမိအိုယနတ်ကျောင်း တည်ရှိသည်။ တောအုပ်တွင် ဂျပန်ဘာသာစကားဖြင့် “ခမိုဂျင်းဂျ” ဟု သိကြသည့် ရှင်းတိုးနတ်ကျောင်း တည်ရှိသည်။ ၎င်းနတ်ကျောင်းသည် ခမိုမြစ်ကမ်းအနီးနှင့် တခနိုမြစ်၏ မြောက်ဘက်တွင် တည်ရှိသည်။ ခမိုဂျင်းဂျ ဟူသည်မှာ “ရှိမိုဂမိုနတ်ကျောင်း” နှင့် “ခမိဂမိနတ်ကျောင်း” နှစ်ခုကို ရည်ညွှန်းခေါ်ဆိုခြင်း ဖြစ်သည်။[၁][၂]

တောအုပ်သည် ခမိုမြစ်နှင့် တခနိုမြစ်တို့ ပေါင်းဆုံရာတွင် တည်ရှိသည်။ တောအုပ်သည် ၁၂.၄ ဟက်တာ (သို့မဟုတ်) ၁၂၄,၅၀၀ စတုရန်းမီတာ ကျယ်ဝန်းသည်။

ကမ္ဘာ့အမွေအနှစ်[ပြင်ဆင်ရန်]

၁၉၈၃ ခုနှစ်တွင် တဒဆုနိုမိုရိကို နိုင်ငံတော်၏ သမိုင်းဝင်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ဂေဟဆိုင်ရာထိန်းသိမ်းမှုများကို ကာကွယ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တဒဆုနိုမိုရိသည် ရှိမိုဂမိုနတ်ကျောင်း၏ ကျောင်းဝန်းတစ်ခုလုံးသည် ဤတောအုပ်တွင် တည်ရှိနေသည့်အတွက် ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 35°03′37″N 135°45′10″E / 35.06028°N 135.75278°E / 35.06028; 135.75278

ကိုးကား[ပြင်ဆင်ရန်]

  1. Miyazaki, Makoto. "Lens on Japan: Defending Heiankyo from Demons," Archived 21 March 2011 at the Wayback Machine. Daily Yomiuri. December 20, 2005.
  2. Terry, Philip. (1914). Terry's Japanese empire, p. 479.