မာတိကာသို့ ခုန်သွားရန်

တတိုင်းမွှေး

ဝီကီပီးဒီးယား မှ
Southern magnolia

လုံခြုံမှုရှိ  (NatureServe)[]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Magnoliids
မျိုးစဉ်: Magnoliales
မျိုးရင်း: Magnoliaceae
မျိုးစု: Magnolia
မျိုးစိတ်:
M. grandiflora
ဒွိနာမ
Magnolia grandiflora
Synonyms[][]
  • Magnolia angustifolia Millais
  • Magnolia elliptica (W.T.Aiton)Link
  • Magnolia foetida (L)Sarg.

မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်တန်း ဒေသ၊ မြောက်အမေရိကတိုက်နှင့် အရှေ့စွန်းဒေသများတွင် တတိုင်းမွှေး ပန်းမျိုးပေါင်း ၁၂ မျိုးခန့်ပေါက်သည်။ တစ်မျိုးနှင့်တစ်မျိုး ပေါက်ပွားပုံချင်း မတူကြချေ။ အချို့မှာ အမြဲစိမ်းပင်မျိုးဖြစ်၍၊ အချို့မှာရာသီလိုက် အရွက်ကြွေပင်မျိုးဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ အလှပဆုံးသော တတိုင်းမွှေးပင်မျိုးမှာအမြင့်ပေ ၈ဝ မှ ၁၅ဝခန့်ထိရှိ၍၊ ပင်စည်လုံးပတ်မှာ တုတ်ခိုင်ကြီးမားသည်။ တတိုင်းမွှေးပင်သည် 'မက်ဂနိုလီယေစီအီး' မျိုးရင်းဝင်ဖြစ်သည်။ တတိုင်းမွှေးပွင့်များမှာ အပင်၏ မျိုးကိုလိုက်၍ အရောင်အမျိုးမျိုးကွဲပြားသည်။ 'လော်ရယ်'ခေါ် တတိုင်းမွှေးမျိုးတွင် အဖြူပွင့်များပွင့်သည်။ တတိုင်းမွှေးပွင့်များသည် နာမည်နှင့်လိုက်အောင်ပင် အလွန်မွှေးကြိုင်သည်။

ယခုအခါ ရုက္ခဗေဒဆရာများ စမ်းသပ်သော မျိုးသန့်ရွေးချယ်မှု နှင့် မျိုးစပ်ပေးမှုတို့သည် အောင်မြင်လျက်ရှိသဖြင့် တတိုင်းမွှေးပင် အမျိုးမျိုးကို ဥယျာဉ်ခြံမြေများထဲတွင် အများအပြား စိုက်ပျိုးနိုင်ကြပေပြီ။ တိုင်းပြည် တစ်ပြည်တွင် ပေါက်သော အပင်မျိုးကို အခြားတိုင်းပြည်တစ်ပြည်က အလှအပအဖြစ် ဖြင့်လည်း မျိုးယူစိုက်ပျိုးလျက်ရှိသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံပေါက် တတိုင်းမွှေးမျိုးကို အင်္ဂလန်ပြည်ကယူ၍ စိုက်ပျိုးသဖြင့် ယခုအခါ အင်္ဂလန်ဥယျာဉ်များထဲတွင် ထိုအပင်မျိုး အများအပြားကို တွေ့ရလေပြီ။ သာမန်အခြေ၌ရှိသော တတိုင်းမွှေးပင်၏ အမြင့်မှာ ပေ၇ဝ မျှရှိသည်။ ပင်စည်သည် ဖြောင့်မတ်၍၊ ယင်းမှ အကိုင်းများ ဖြာထွက်လျက်ရှိ၏။ တတိုင်းမွှေးပွင့်၏ ပွင့်ချပ်များမှာ ဖယောင်းကဲ့သို့ နူးညံ့ချောမွတ်၏။ အပွင့်၏အချင်းမှာ ၃ လက်မခန့်ရှိသည်။ ပန်းပွင့်ပြီးသောအခါ အသီးများဆက်၍သီးသည်။ တတိုင်းမွှေးသီးမှာ က တော့ပုံသဏ္ဌာန် ရှိသည်။ အသီးသည် မှည့်ချိန်တွင် နီရဲရဲအရောင်သို့ ပြောင်းသွားသည်။ တတိုင်းမွှေးပွင့်မှ ဝတ်မှုန်ဖြန့်ဖြူးပုံမှာ များစွာစိတ်ဝင်စားဖွယ်ရာကောင်းသည်။ ပိုးကောင်များသည် တတိုင်းမွှေးပွင့်များ၌ လာရောက်နားလေ့ရှိကြသည်။ နားလျှင် နားခြင်းပင်တတိုင်းမွှေးပွင့်မှာ ငုံ၍ သွားပြီးနောက် ပိုးကောင်ကို လှောင်ထားလိုက်သည်။

ထိုပိုးကောင်မှာ အခြားအပွင့်မှ လာရသဖြင့် ကိုယ်ပေါ်တွင် ဝတ်မှုန်များ ပါလာသည်။ ထိုဝတ်မှုန်များကို ပွင့်မဝတ်ဆံကြီး ပေါ်တွင်ခါချခဲ့သည်။ နောက်တစ်နေ့နံနက်တတိုင်းမွှေးပွင့် ပြန်၍ ပွင့်ချိန်တွင် ထိုပိုးကောင်သည် ပွင့်ဖိုဝတ်ဆံမှ ဝတ်မှုန်များကို အခြားအပွင့်တပွင့်ရှိရာသို့ သယ်ယူသွားပြန်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Khela, S. (2014). "Magnolia grandiflora". IUCN Red List of Threatened Species 2014. IUCN. doi:10.2305/IUCN.UK.2014-1.RLTS.T193948A2291865.en.
  2. NatureServe Explorer 2021-05-03 တွင် ပြန်စစ်ပြီး။
  3. Magnolia grandiflora 2021-03-11 တွင် ပြန်စစ်ပြီး။
  4. Plants of the World Online 2021-03-11 တွင် ပြန်စစ်ပြီး။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)