ရှင်ဝိစိတ္တာလင်္ကာရ

ဝီကီပီးဒီးယား မှ
(တတိယဂူကြီးဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ဝိစိတ္တာသာရ (၁၁၄၁ - ၁၂၁+) သည် "ဂူကြီးဆရာတော်" ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၄၁ ခုနှစ်တွင် အလုံမြို့စီရင်စု၊ သာစည်ရွာတွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်မြတ်သာဦးနှင့် ရှင်ပြေတို့ ဖြစ်သည်။

ဆရာတော်၏ ဘွဲ့အမည်မှာ ရှင်ဝိစိတ္တာလင်္ကာရ (ရှင်ဝရာလင်္ကာရဟုလည်း ဖော်ပြသည်) ဖြစ်သည်။ ဂူကြီးဆရာတော်ဟု တွင်ခဲ့သည်။ ဘကြီးတော်မင်းလက်ထက်တွင် အတွင်းဝန် ဆောမြို့စား မင်းကြီး သီရိမဟာနန္ဒသင်္ကြံဦးရစ်က ဆောက်လုပ်လှူဒါန်းခဲ့သည့် အုတ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် ပုဂံမင်းလက်ထက်တွင် ဝိစိတ္တာလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော် ရခဲ့သည်။[၁]

ပြုစုခဲ့သည့်ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ ကင်္ခါဝိတရဏီဋီကာသစ်နိသျ၊

၂။ သာရတ္ထဒီပနီဋီကာနိသျ၊

၃။ တေရသကဏ်ဋီကာနိသျ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၇၁။