တည်သီး

ဝီကီပီးဒီးယား မှ

တည်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ[ပြင်ဆင်ရန်]

  • ၁။ ရောင်ရမ်းမှု လျော့ကျ စေပါတယ်

တည်သီးမှာ ကက်တီချင်နဲ့ ဂယ်လိုကက်တီချင် တို့လို ကျန်းမာရေး အကျိုးပြု အင်တီ အောက်ဆီးဒင့်တွေ ပါဝင်တဲ့ အပြင် အကျိတ်ပြေ ပျောက်စေတဲ့ ဘီတူလင်းနစ် အက်စစ်လည်း ပါဝင်ပါတယ်။ ကက်တီချင် ဓာတ်မှာ ကူးစက်ပိုး ကင်းစေတာ၊ ရောင်ရမ်းမှု လျော့ကျ စေတာနဲ့ သွေးကြောက သွေးယိုစိမ့်မှု မဖြစ်အောင် ကာကွယ် ပေးတာ စတဲ့ အစွမ်း အာနိသင်တွေ ရှိပါတယ်။

  • ၂။ အိုမင်းမှုနဲ့ ရောဂါဝေဒနာတွေကို ဟန့်တားပေးပါတယ်

လတ်ဆတ်တဲ့ တည်သီးတွေမှာ ဗီတာမင်အေ၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတို ဇန်သင်းတို့လို အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေ စုပေါင်းပြီး မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန် ပေးတဲ့အတွက် အိုမင်းမှုကို ဟန့်တားပေးကာ ရောဂါဝေဒနာ အများအပြားရဲ့ ဖြစ်စဉ်ကို နှောင့်နှေး စေပါတယ်။

  • ၃။ အသက်ကြီး တာကြောင့် ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုကို ကာကွယ် ပေးပါတယ်

တည်သီးမှာ ပါဝင်တဲ့ ဇီဇန်သင်းဟာ မျက်စိ အာရုံခံလွှာရှိ မက်ကူလာမှာ အင်တီ အောက်ဆီးဒင့် ရရှိစေပြီး အသက်ကြီးသူ တွေမှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) မဖြစ်အောင် ကာကွယ် ပေးပါတယ်။

  • ၄။ ကူးစက်ပိုးတွေကို တွန်းလှန် ပေးနိုင်ပါတယ်

တည်သီးမှာ အများအပြား ပါဝင်တဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ဗီတာမင်စီကြောင့် ကူးစက်တတ်တဲ့ ရောဂါ ဝေဒနာတွေကို တွန်းလှန်နိုင်ပြီး ရောင်ရမ်းမှုကို လျော့ကျ စေပါတယ်။

  • ၅။ အရေးပါတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်

လတ်ဆတ်တဲ့ တယ်သီးမှာ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ကြေးနီ၊ ဖော့စ်ဖရပ်စ် စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သတ္တုဓာတ် ပမာဏ ပါဝင်ပါတယ်။ မဂ္ဂနိစ်ဟာ ဖရီးရယ်ဒီကယ် ဖယ်ရှားရေးမှာ အစွမ်းထက်သလို ကြေးနီကလည်း အရေးပါတဲ့ အင်ဇိုင်းဖြစ်ကာ သွေးနီဥ ထုတ်လုပ်ရေး အတွက် လိုအပ်ပါတယ်။

  • ၆။ ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ်

တည်သီးဟာ ဝမ်းလျှောတာကို ရပ်စေပြီး ချွေးထွက် နည်းစေကာ သွေးထွက်နေရင် နှေးစေပါတယ်။ ဒါ့အပြင် ဗီတာမင်အေ ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ရှီဗြူတောနဲ့ ဘီတူလင်းနစ် အက်စစ်တို့ ပါဝင်တာကြောင့် ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း ထင်ကြပါတယ်။

  • ၇။ သွေးကြောစနစ်ကို ကျန်းမာစေပါတယ်

တည်သီးမှာ ဂလူးကို့စ်နဲ့ ဖရက်တို့စ် သကြားဓာတ်တို့ အများအပြား ပါဝင်တာကြောင့် သွေးကြော စနစ်ကို ကျန်းမာ စေပါတယ်။ ဒါ့အပြင် နှလုံး ကြွက်သားတွေကို သန်စွမ်း စေပါတယ်။

  • ၈။ ဗီတာမင်ဘီအုပ်စု အများအပြား ပါဝင်ပါတယ်

တည်သီးမှာ ပါဝင်တဲ့ ဖောလစ်အက်စစ်၊ ဗီတာမင် B6၊ သိုင်ယာမင်တို့လို ဗီတာမင်ဘီ အုပ်စုဟာ ခန္ဓာကိုယ်ထဲက ဇီဝရုပ် ဖြစ်ပျက်မှုဆိုင်ရာ အင်ဇိုင်းတွေရဲ့ လုပ်ငန်း ဆောင်တာမှာ ပါဝင် လုပ်ဆောင် ပေးပါတယ်။

  • ၉။ အသားအရေ လှပစေပါတယ်

တည်သီးဟာ အရေပြား အတွက်လည်း ကောင်းမွန် တာကြောင့် မျက်နှာ ပေါင်းတင်ဆေး အဖြစ် ထည့်သုံးလေ့ ရှိကြပါတယ်။ ပြုလုပ်နည်း ကတော့ တည်သီးကို ကြက်ဥအနှစ်၊ သံပရာရည်နဲ့ ရောမွှေပြီး မျက်နှာပြင်အနှံ့ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာမှ ရေဆေးချလိုက်ရင် ချွေးပေါက် ကျယ်တာနဲ့ အရေးကြောင်း ထင်တာတို့ကို လျော့ကျ စေပါတယ်။

ကိုယ်တွင်းအပူကို ရှင်းပေးတယ်၊ ချောင်းဆိုး သွေးအန် အစာအိမ်အပူကြီး အစာအိမ်အောင့်နဲ့ ပါးစပ်အနာပေါက်တာတွေ သက်သာစေတယ်၊ လတ်ဆတ်တဲ့တည်သီးကို အစိမ်းစားရင် သွေးတိုးကျစေတယ်၊ အမည်းပြောက် တင်းတိပ်တွေကို ကာကွယ်ပေးတယ်၊ မှန်မှန်စားရင် အစာကြေစေတယ်၊ ဝမ်းချုပ်တာကာကွယ်ပေးရုံမက သက်သာစေတယ်၊ ရေနဲ့ပြုတ်ပြီး အရည်ကိုသောက်ပါက လိပ်ခေါင်းရောဂါ သက်သာစေပါတယ်။