တစ်ရှန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

၁၆ ရာစုနှစ်အတွင်း အီတလီနိုင်ငံ ဗင်းနစ်မြို့‌တော်၌ ‌ပေါ်ထွန်းခဲ့‌သော ပန်းချီပညာရှင်ကြီး တစ်ရှန်သည် ၁၄ရရ ခုနှစ်ခန့်တွင် ဗင်းနစ်မြို့၏‌မြောက်ဘက် အယ်လပိုင်း‌ဒေသ၌ ဖွားမြင်‌လေသည်။ တစ်ရှန်၏ အမည်ရင်းမှာ တီဆီယားနို‌ဗေ ချယ်လီယို ဖြစ်သည်။ ငယ်စဉ်က ဗင်းနစ်မြို့‌တော်၌ ထင်ရှားခဲ့ ‌သော ပန်းချီပညာ‌ကျော်ကြီးများဖြစ်သူ ဂျိန်တီး‌လေ‌ဗေလီနီနှင့် ဂျိုဗန္နီး‌ဗေလီနီတို့ထံတွင် ပန်းချီပညာကို သင်ကြားခဲ့၏။

တစ်ရှန်သည် ပန်းချီပညာကို စတင်‌လေ့လာသင်ကြား ‌နေစဉ် ‌နောင်အခါတွင် ပန်းချီ‌လောက၌ ထင်ရှား‌ကျော်ကြားလာ မည့်၊ ‌ဂျော်ဂျိုး‌နေဆိုသူနှင့် ခင်မင်ရင်းနှီးခဲ့‌လေသည်။ ပန်းချီ ပညာ‌ကျော်ကြီးများထံ တပည့်ခံ၍ တတ်‌မြောက်လာသည့် အချိန်၌ တစ်ရှန်သည် ‌ဂျော်ဂျိုး‌နေနှင့်ပင် ပူးတွဲကာ ပန်းချီ‌ရေး ဆွဲသည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့‌လေသည်။ ခရစ် ၁၅၁၀ ပြည့် နှစ်တွင် ‌ဂျော်ဂျိုး‌နေ ကွယ်လွန်‌သောအခါ တစ်ရှန်သည် ‌ဂျော် ဂျိုး‌နေ၏ နည်းနိဿယတို့ကိုမှီး၍ ထိုနည်းကို တိုးတက်‌အောင် ကြိုးပမ်းခဲ့သဖြင့် ‌ကျော်‌စောလာသည်။

ဗင်းနစ်မြို့ကြီးတွင် တစ်ရှန်၏အမည် ‌ကျော်ကြားလာသည် နှင့်တပြိုင်နက် ‌ရှေးကထက် လူချစ်လူခင် ‌ပေါများလာပြီးလျှင်၊ ပန်းချီကားများအတွက် အခ‌ကြေး‌ငွေ ‌ကောင်း‌ကောင်းရခြင်း ‌ကြောင့်လည်း ကြွယ်ဝချမ်းသာ လာခဲ့‌လေသည်။ ဗင်းနစ်မြို့တွင် သာမက အီတလီတစ်ပြည်လုံးသို့ပင် အချိန်အနည်းငယ်အတွင်း သူ၏‌ကောင်း သတင်းမှာ ပျံ့နှံ့သွား‌လေ၏။ ထိုသို့ ထင်ရှား ‌ကျော်‌စောလာခြင်း‌ကြောင့် အစိုးရက တစ်ရှန်အား အစိုးရပန်းချီ ဌာနတွင် ကြီးကြပ်အုပ်ချုပ်သူအဖြစ် ခန့်ထားခဲ့သဖြင့် တစ်ရှန် ၏ဝင်‌ငွေမှာ ‌ရှေးကထက်ပိုလာခဲ့၏။ အဆိုပါ တာဝန်ခံရာထူး ကို လက်ခံလိုက်သဖြင့် သူ၏ဆရာ ‌ဗေလီနီ တစ်ပိုင်းတစ ‌ရေးဆွဲထားခဲ့‌သောပုံများကိုလည်း အပြီးသတ်‌ရေးဆွဲ‌ပေးခဲ့၇‌လေ သည်။ ထိုပြင် ဗင်းနစ်မြို့ကြီးကို စိုးစံခဲ့ကြ‌သော မြို့စားမင်း အဆက်ဆက်၏ ပုံများကိုလည်း တစ်ခုပြီးတစ်ခု ‌ရေးဆွဲခဲ့ရ၏။

ဤသို့ ‌ရေးဆွဲ‌ပေးရခြင်း‌ကြောင့် မင်းညီမင်းသားများ၊ မှူး ကြီးမတ်ကြီးများ၊ သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်ကြီးများနှင့် ရင်းနှီး လာခဲ့၇‌ပေသည်။ ရုပ်ဆင်း တင့်တယ်သန့်ရှင်း၍ ထီးမူနန်းရာ အဖြာဖြာတို့ကို တတ်သိလိမ်မာခြင်း‌ကြောင့် တစ်ရှန်အား မြို့စား၊ ရွာစား၊ မင်းညီမင်းသားများက တန်းတူထား၍ ‌ပေါင်း သင်းဆက်ဆံခဲ့ကြသည်။ မင်းညီမင်းသား၊ မှူးကြီးမတ်ကြီးများ ၏ ပုံများကို အခါအား‌လျော်စွာ‌ရေးဆွဲခဲ့ရာ ထိုပန်းချီကားကြီး များသည် တစ်ရှန်၏ အ‌ကောင်းဆုံး‌သော လက်ရာများပင် ဖြစ် ‌လေသည်။

တကြိမ်တွင်မူကား၊ သာသနာ‌စောင့် ‌ရောမနိုင်ငံ‌တော် ဧကရာဇ်ဘုရင် ပဉ္စမချား၏ ပုံတူကို‌ရေးဆွဲခဲ့ရာ အလွန်တူလှ သဖြင့် ချားဘုရင်ကိုယ်တိုင် အထူးပင် နှစ်ခြိုက်ခဲ့‌လေသည်။ ချားဘုရင်သည် ပန်းချီ‌ကျော် တစ်ရှန်အား ခြီး‌မြှောက်သည့်အ‌နေ ဖြင့် ‌ကောင့်ဘွဲ့ချီးမြှင့်၍ သူ‌ကောင်းပြု‌လေသည်။ ဤမျှ တစ်ရှန် အား ‌မြှောက်စားရသည်ကိုပင် အား၇‌တော်မမူ‌သေးဘဲ၊ တစ်ရှန် ၏ သားသမီးများကိုပင် မှူးမတ်မျိုးနွယ်တို့၏ အ‌ဆောင် အ‌ယောင်များ ‌ပေးအပ်ခဲ့‌လေသည်။

မည်မျှပင် ဂုဏ်မြင့်လာ‌စေကာမူ တစ်ရှန်သည် ဂုဏ်‌လောက တွင် ဂုဏ်အရသာယစ်မူး‌နေခြင်းမရှိ၊ သူ၏ ပန်းချီပညာကိုသာ တစ်‌နေ့တစ်ခြား တိုးတက်‌အောင် ကြိုးစားအားထုတ်လာခဲ့‌ပေ သည်။ သူ့တသက်တာတွင် ပန်းချီကား‌ပေါင်း ၆၀၀ ‌ကျော်မျှ ‌ရေးဆွဲခဲ့သည့်အနက် အားလုံးလိုလိုပင် လူကြိုက်များ‌သော် လည်း၊ သူကိုယ်တိုင်ကမူ စိတ်တိုင်းမကျခဲ့‌ချေ။ ထပ်မံပြုပြင် ရန်ပင် စိတ်ကူးခဲ့‌သေးသည်။ တစ်ရှန်သည် မိန်းမ‌ချော မိန်းမလှပုံများကို ရံဖန်ရံခါသာ ‌ရေးဆွဲ‌လေ့ရှိသည်။ အများ အားဖြင့် ဘုရင်မများ၊ ပုပ်ရဟန်းမင်းကြီးများ၊ မြို့စား၊ မှူး မတ်၊ ‌သေနာပတိကြီးများ၏ပုံကိုသာ အ‌နေအထားအမျိုးမျိုးဖြင့် ‌ရေးဆွဲခဲ့‌လေသည်။

ဘုရားရှိခိုး‌ကျောင်းကြီးများအတွင်း သူ‌ရေး ဆွဲခဲ့‌သော သာသနာ‌ရေးဆိုင်ရာ ပန်းချီကားကြီးများမှာလည်း ၁၆ ရာစုနှစ်က ‌ပေါ်‌ပေါက်ခဲ့‌သော ပန်းချီပညာ အဆင့်အတန်း မြင့်မားပုံကို ‌ဖော်ပြလျက်ရှိကြ‌လေသည်။ ထိုပြင် ပန်းချီကား ကြီးများကို ကြည့်ရှုဆင်ခြင်ခြင်းအားဖြင့်လည်း တစ်ရှန်သည် ‌ရောင်စုံ‌ဆေး‌ရေးဆွဲခြင်း၌ လက်‌မြောက်လှ‌ကြောင်း သိနိုင်‌ပေ ‌သေးသည်။

တစ်ရှန်သည် အသက် ၉၉ နှစ်အရွယ်တွင် ၁၅ရ၆ ခုနှစ် ဩဂုတ်လ ၂ရ ရက်‌နေ့၌ ပလိပ်ကပ်‌ရောဂါဖြင့် ကွယ်လွန်အနိစ္စ ‌ရောက်‌လေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅