တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ၊ ညက်ညက်ကြေ
တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ၊ ညက်ညက်ကြေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁] တစ်ယောက်ကောင်းက၊ တစ်သောင်းဗိုလ်ခြေ၊ ထောင်းထောင်းကြေ ဟူ၍လည်း အဆိုရှိသည်။ တစ်ယောက်ကောင်းက တစ်သောင်းပြို နှင့် အတူတူဖြစ်သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]တစ်ယောက်ကောင်းက၊ တစ်သောင်းဗိုလ်ခြေ၊ ညက်ညက်ကြေ ဆိုသည်မှာ လက်ရုံးရည် နှလုံးရည် ပြည့်စုံသော သူတစ်ဦးသည် ရန်သူဗိုလ်ခြေ တစ်သောင်းကိုပင် အပြတ်အသတ် အောင်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ခေါင်းဆောင်မှုနှင့် စွမ်းရည်ထက်မြက်မှု၏ အရေးပါပုံကို ဖော်ညွှန်းသည်။ စွမ်းရည်ထက်မြက်သော ခေါင်းဆောင် သို့မဟုတ် စစ်သူရဲကောင်းတစ်ဦးသည် မိမိ၏ အရည်အချင်း၊ သတ္တိနှင့် စွမ်းရည်များဖြင့် ရန်သူအင်အား အများအပြားကိုပင် အောင်နိုင်စွမ်းရှိကြောင်းကို ဆိုလိုသည်။ ညက်ညက်ကြေ ဆိုသည်မှာ အပြတ်အသတ် ပျက်စီးခြင်း၊ အောင်မြင်ခြင်းကို ဆိုလိုသည်။ ထောင်းထောင်းကြေ ဆိုသည်မှာလည်း အလားတူ အဓိပ္ပာယ်ပင် ဖြစ်သည်။
တစ်ယောက်ကောင်းက တစ်သောင်းပြို
[ပြင်ဆင်ရန်]တစ်ယောက်ကောင်းက တစ်သောင်းပြို ဆိုသော စကားသည်လည်း အဓိပ္ပာယ်တူညီပြီး ခေါင်းဆောင်ကောင်းတစ်ဦး၏ စွမ်းအားကို ပိုမိုထင်ရှားစေသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- တစ်ယောက်ကောင်း၊ တစ်သောငို်းဗ်လခြေ၊ ထောင်းထောင်းကြေအောင်၊ ဖြိုလေမြဲဆိုပါတကား၊ [၂]
- တစ်ယောက်ကောင်း၊ တစ်သောင်းဗိုလ်ခြေ၊ ည်ကညက်ကြေဆိုတဲ့ စကားလိုလူအစုအပုံကြီး မများသော်လည်း အားထားလောက်သော သူရဲကောင်းများ လိုတယ် မောင်မင်းရဲ့၊ [၃]
- တိုင်းပြည်နှင့်လူထုက ယြုံကည်အားကိုးအပ်သည့် ဗမာ့သားကောင်းများပီပီ လက်မနှေးတမ်း နောက်မတွန့်တမ်း တိုက်ကြရပေမည်။ တစ်ယောက် ကောင်းက၊ တစ်သောင်းဗိုလ်ခြေ၊ ညက်ညက်ကြေဟူသော စကားသုံးကို နှလုံးအိမ်တွင်း၌ စွဲမှတ်ထည့်သွင်းလိုက်ပါသည်။[၄]
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၁၄၆] ရာမ၊ ပ။ ၁၁၂။ ကိုးကား အမှား - Invalid parameter "'yamapa112" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၀၃] ဒဂုန်၊ ၁၂၊ ၁၃၆။ ၁၃၄။ ကိုးကား အမှား - Invalid parameter "'dagone12-136-134" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၁၅] မြဝတီ၊ ၁၊ ၁၂။ ၂၇၅။ ကိုးကား အမှား - Invalid parameter "'myawady1-12-275" in
<ref>tag. The supported parameters are: dir, follow, group, name.