တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်
ပုံပန်းသွင်ပြင်
တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ကြက်သွန်သည် တစ်တက်စားလည်း ကြက်သွန်ပင်ဖြစ်၍ အနံ့နံသည်။ နှစ်တက်စားလည်း ကြက်သွန်ပင်ဖြစ်၍ အနံ့နံသည်။ ထို့အတူ မသင့်သော အရာသည် နည်းနည်းပြုသည်ဖြစ်စေ၊ များများပြုသည်ဖြစ်စေ မသင့်သည်သာ ဖြစ်သည်။ [၁]
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပေါ့။ ခုမှတော့ ကျုပ်လည်း လူကောင်းပြန်မဖြစ်တော့ဘူး၊ သူခိုး သူခိုးပါပဲ။" [၁၃၁၀] ပဒေသာ၊ ၂၊ ၁၃။ ၅၄။