တစ်ကောင်ရ ငါ့သမီးရှင်ထွေး

ဝီကီပီးဒီးယား မှ

တစ်ကောင်ရ ငါ့သမီးရှင်ထွေး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ငါးတစ်ကောင် ရတိုင်းရတိုင်း ငါ့သမီးရှင်ထွေးဖို့ဟု ရည်စူးသကဲ့သို့ အခွင့်အလမ်း ပေါ်လာသည့်အခါတိုင်း အခါတိုင်း တစ်ယောက်တည်းအဖို့သာ ရည်စူးသည်။ [၁]

ရှေးအခါက တံငါသည်လင်မယားနှစ်ယောက်တွင် မယ်ထွေးဟုခေါ်သော အလွန်လှပချောမောသည့် သမီးတစ်ယောက်ရှိသည်။ မိခင်ဖြစ်သူသည် မယ်ထွေးအား အလွန်ချစ်မြတ်နိုးလေသည်။ ရှာဖွေရသော ငါးများကို မယ်ထွေးက လှည့်လည်ရောင်းချပေးလေသည်။ တစ်နေ့သော် တံငါသည် လင်မယား ငါးရှာထွက်ရာ အချိန်ကြာသည့်တိုင်အောင် ငါးမရရှိသဖြင့် တံငါသည်သည်စိတ်တိုနေလေသည်။ ထိုစဉ် ငါးတစ်ကောင်ကို မိလေရာ တံငါသည်မိန်းမက "ငါ့သမီး ရှင်ထွေးဈေးတင်ဖို့"ဟု အော်လိုက်သည်။ နောက်ထပ်တစ်ကောင် မိသောအခါ၌လည်း "ငါ့သမီးရှင်ထွေး ဈေးတင်ဖို့"ဟု အော်ပြန်သည်။ နောက်ထပ်တစ်ကောင်မိပြန်သောအခါလည်း "ငါ့သမီး ရှင်ထွေး ဈေးတင်ဖို့"ဟု ဆိုပြန်သတတ်။ [ပုံပြင်] [၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၁။