တစ္ဆေ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တ‌စ္ဆေဟူသည် အထူးထူးအပြားပြားကို ဖန်ဆင်းနိုင်‌သော နာနာဘာဝတစ်မျိုး ဖြစ်သည်။ တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်းမှုတွင် ယုံကြည်‌သောသူတို့သည် တ‌စ္ဆေရှိသည်ကို မုချယုံ ကြည်ကြ၏။ တမလွန်ဘဝကို ယုံကြည်သူအချို့ကလည်း တ‌စ္ဆေကို မျက်မြင်ကိုယ်‌တွေ့ မဟုတ်သဖြင့် ယုံကြည်ရန် ခက်‌နေကြသည်။ တ‌စ္ဆေဟူ‌သော နာနာဘာဝမျိုးရှိ‌ကြောင်းကို ‌ပေတဝတ္ထု ပါဠိ‌တော်၊ ဝိမာနဝတ္ထုပါဠိ‌တော်စ‌သော ကျမ်းတို့၌ အထင်အရှားရှိသည်။

‌ဝေသာလီပြည်၌ ဘီလူးတ‌စ္ဆေတို့ ‌နှောက်ယှက်သဖြင့်၊ အာနန္ဒာမ‌ထေရ်မြတ်အား မြတ်စွာဘုရားသခင်က ရတနသုတ် ပရိတ်ကို ရွတ်ဖတ်သရဇ္ဈယ်‌စေမှ ဘီလူးတ‌စ္ဆေတို့၏‌ဘေးရန် ကင်းသွားပုံကို ဓမ္မပဒအဋ္ဌကထာ တွင်လည်းဆိုသည်။ ဝိနည်း‌တော်လာ ပါရာဇိကဏ်ပါဠိ‌တော် အဒိန္နာဒါန် ဒုတိယပါရာဇိက အပိုင်းတွင် ရဟန်းတို့အား မပျက်မစီး‌သော အစိမ်းလတ်လတ်၌ ပံ့သကူ မ‌ကောက်အပ်‌ကြောင်း၊ ပညတ်‌တော်မူခဲ့သည်မှာလည်း လူ‌သေ၌ကပ်‌သော တ‌စ္ဆေကိုအ‌ကြောင်းပြု၍ ဖြစ်‌ပေါ်ခဲ့ခြင်းဖြစ်သည်။

‌ရှေးသမိုင်းများ၌လည်း တိုင်းပြည်ပျက်ခါနီး‌သော်၎င်း၊ ဘုရင်နတ်ရွာစံခါနီး‌သော်၎င်း တ‌စ္ဆေဘီလူးတို့ ကိုယ်ထင်ပြ‌ကြောင်းဖြင့်ဆိုကြသည်။ အ‌နောက်နိုင်ငံ စာ‌ပေများ၌လည်း တ‌စ္ဆေအ‌ကြောင်း မကြာခဏ ‌တွေ့ရှိရသည်။

တ‌စ္ဆေ၊ မှင်စာ၊ အစိမ်း၊ သရဲ၊ သဘက်၊ ဘုတ်၊ ကျတ်၊ ဥစ္စာ‌စောင့်၊ ဘီလူး၊ ရက္ခ၊ နတ်ဆိုးစသည်တို့သည် အမျိုး‌ပေါင်း များစွာရှိကုန်သည်။ သို့ရာတွင် အချို့က ‌ခြောက်လှန့်တတ်‌သော အမျိုးမှန်သမျှကို တ‌စ္ဆေဟု ‌ယေဘုယျပြု၍ ‌ခေါ်ဆိုကြသည်။ ခြိမ်း‌ခြောက်တတ်သည်ဟူ‌သော အဓိပ္ပါယ်ရသည့် တ‌ဇ္ဇေသဒ္ဒါမှ တ‌စ္ဆေဟူ‌သော အမည်ဖြစ်လာသည်ဟု ယူဆကြသည်။ ခြိမ်းခြောက်သည်ဟူရာ၌ ကိုယ်ထင်ပြခြင်း၊ ‌ခြောက်လှန့်ခြင်း၊ ညည်း ညူခြင်း၊ အနံ့‌ပေးခြင်း၊ ပူးဝင်ခြင်းစသည်တို့ဖြစ်သည်။

တ‌စ္ဆေ တို့သည် ကြီး‌အောင်၊ ငယ်‌အောင်၊ ဖြူ‌အောင်၊ မည်း‌အောင်၊ မြင်‌အောင်၊ ကွယ်‌ပျောက်‌အောင် ပြုနိုင်ရုံမက ‌ခွေး‌ယောင်၊ မြင်း‌ယောင်၊ အိမ်သဏ္ဌာန်၊ တိုက်သဏ္ဌာန်၊ ‌ယောက်ျားပျို အသွင်၊ မိန်းမပျိုအသွင် အ‌ထွေ‌ထွေအထူးထူးပြု၍ ပြနိုင်‌သော ကမ္မဇိဒ္ဓိတန်ခိုးရှိသဖြင့် အချို့က ယင်းတို့ကို နတ်မျိုးအပါအဝင် ဖြစ်သည်ဟုဆိုကြသည်။

တ‌စ္ဆေ‌ခြောက်သည်ဟူရာ၌ အခါခပ်သိမ်း ‌ကြောက်လန့် ‌အောင် ‌ခြောက်သည်ချည်းမဟုတ်၊ နှုတ်ဆက်လို၍ ‌ခြောက်ခြင်း၊ စား‌သောက်ချင်၍ ‌ခြောက်ခြင်း၊ သိ‌စေမြင်‌စေလို၍ ‌ခြောက်ခြင်း စသည်ဖြင့် တ‌စ္ဆေ‌ခြောက်ခြင်း ၁၂ မျိုးခန့်‌တွေ့ရသည်။

များစွာ‌သော တ‌စ္ဆေနှင့်ပတ်သက်သည့်ကျမ်းများတွင် တ‌စ္ဆေ တို့၌ ဦးထုပ်ရှိ၏။ ယင်းဦးထုပ်သည် တ‌စ္ဆေတို့၏ ခွန်အားပင် ဖြစ်သည်ဟု ဆို‌လေသည်။

ဘီလူးတ‌စ္ဆေတို့သည် နှမ်းမုံ့၊ ပဲဆွမ်း၊ ငါး၊ အမဲစသည့် အစာတို့ကို ကြိုက်နှစ်သက်တတ်သည်ဖြစ်၍ အာဋာနာဋိယ သုတ်ကို ရွတ်ဖတ်အံ့‌သော ရဟန်းတို့သည် ယင်းအစာကို မစား အပ်‌ကြောင်း ဝိနယသဂင်္ဟကျမ်းတွင် ဆိုထား‌လေသည်။ တ‌စ္ဆေတို့တွင်လည်း အမျိုးမျိုးအစားစား ရှိသည်။ မိမိတို့ အာဟာရအလို့ငှာ လူတစ်ဦးတစ်‌ယောက်ကို ပူးဝင်ကာ စားရ ‌သောက်ရသောအမျိုး၊ အနံ့ခံရုံနှင့် ကိစ္စပြီး‌သောအမျိုး၊ ချက်ပြီး ‌ကြော်ပြီးကိုသာ ကြိုက်တတ်‌သောအမျိုး၊ အစိမ်းလိုက်စားမှ တင်းတိမ်‌သောအမျိုး၊ ဇရပ်အို‌ကျောင်းပျက်၌‌နေ‌သောအမျိုး၊ သုဿာန် သချုင်္ိင်း၌‌နေ‌သောအမျိုး၊ လူနားနီးနီး‌နေ‌သောအမျိုး၊ ‌တောလမ်း‌တောင်ကြား‌နေ‌သောအမျိုး၊ ဘုရားသံ တရား သံကို မကြားချင် မကြားနိုင်‌သော အစား၊ ကြားနာချင်‌သော် လည်း ကြားနာခွင့်မရသောအစား၊ ဘုရားသံတရားသံ ကြား သဖြင့် ရပ်တည်ရာမရဘဲ လွင့်စင်သွားရသောအစား၊ ဘုရားသံ တရားသံ ကြားနာခွင့်ကြုံခိုက် သာယာလိုက်သဖြင့် အတန်းမြင့် အဆင့်တိုးပြီး တန်ခိုးကြီး‌နေ‌သော အစားစသည်ဖြင့် အမျိုးမျိုး ရှိသည်။

တ‌စ္ဆေယုံကြည်သူတို့သည် ‌ခေါစာပစ်ခြင်း၊ စ‌လောင်းစာ ပစ်ခြင်းအမှုတို့ကိုပြု၍ မိမိတို့အား အစာအာဟာရအတွက် ပူးဝင်‌နှောင့်ယှက်ခြင်းမပြုရန် ကာကွယ်‌လေ့ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅