တင်၊ ဆရာ (နန်းတော်ရှေ့)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
နန်း​တော်​ရှေ့ဆရာတင်
SayarTin.jpg
မွေးဖွား

​မောင်​မောင်တင်
မြန်မာသက္ကရာဇ် ၁၂၅၆ခုနှစ်၊ ခရစ်နှစ် ၁၈၉၄ခုနှစ်
မန္တလေးမြို့[၁]

ကြည့်မြင်တိုင်မြို့နယ်ရန်ကုန်မြို့[၂]
ကွယ်လွန် ခရစ်နှစ် ၁၉၄၉ခုနှစ်
မန္တလေးမြို့
အလုပ်အကိုင်
  • ​တေး​ရေးဆရာ
  • အဆို​တော်
  • ​ဇာတ်ဆရာ
  • ဇာတ်မင်းသား
  • အငြိမ့်အဖွဲ့​ခေါင်း​ဆောင်
  • ရုပ်​​​သေးမင်းသမီး
  • ရာဇဝတ်အုပ်
  • ​ဆေးစပ်သူ
ကျော်ကြားမှုအရင်းခံ ​တေး​ရေးဆရာ
အိမ်ထောင်ဖက်(များ) (၄)​​ယောက်/(၆)​ယောက်
သားသမီး ရွှေမန်း​​​​​​​​​​​​ညွန့်လှိုင်ရွှေနန်းတင်အပါအဝင်(၁၃)​ယောက်
မိဘ(များ) ဦးမှန် + ​ဒေါ်မမ

နန်း​တော်​ရှေ့ဆရာတင်(၁၈၉၄-၁၉၄၉)'သည် မြန်မာ့ဂီတ​လောကတွင်ထင်ရှား​ကျော်ကြားလှ​သော ဂီတစာဆိုကြီးတစ်ဦး ဖြစ်ပါသည်။ဆရာတင်​ရေးသားခဲ့​သော သီချင်းများမှာ ယ​နေ့တိုင် ​​ကျော်ကြား​နေဆဲဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်၊ ၁၈၉၄-ခုနှစ်တွင် မန္တလေးမြို့ နန်းတော်ရှေ့ရပ်နေ မြို့စားရေးမင်း ဦးမှန်နှင့် ဒေါ်မမတို့က ကြည့်မြင်တိုင် ထီးတန်းရပ်တွင် ဖွားမြင်ခဲ့သည်။[၃][၄]ငယ်အမည်မှာ မောင်မောင်တင် ဖြစ်သည်။ ဝန်စာရေးဦးကြီးမှာ ဆရာတင်၏ ဦးလေး(အဖမျိုးရိုး)ဖြစ်သည်။ (လူထုဒေါ်အမာ ရေးသားသည့် ပြည်သူချစ်သော အနုပညာ သည်များစာအုပ်တွင် မန္တလေး မြို့အရှေ့ပြင်၊ စကျင်ဝ အရပ်၌ မွေးသည် ဟု ဆိုသော်လည်း ဦးသော်ဇင် ရေးသည့် နန်းတော်ရှေ့ဆရာတင် စာအုပ်တွင် ကြည့်မြင့်တိုင် ထီးတန်းရပ်တွင် မွေးသည်ဟု ဆိုပါသည်။) ၆ နှစ်သား အရွယ်တွင် တောင်ဒွာလောင်းရပ်ရှိ ဦးစံအေး နေအိမ် မူလတန်းကျောင်းတွင် ၄ တန်း အထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ဝက်စလီယံ ယောက်ျားလေးကျောင်းသို့ ပြောင်းရွှေ့ပြီး ခုနစ် တန်းအထိ ပညာသင်ကြားခဲ့သည်။

ဂီတစာဆို[ပြင်ဆင်ရန်]

ကွန်ပေါင်ဒါ(ခေါ်) ဆေးစပ်သူ၊ ပတ္တလားဆရာ၊ အငြိမ့်တီးဝိုင်းအဖွဲ ခေါင်းဆောင်၊ အငြိမ့် သီချင်းရေးဆရာ၊ ဓာတ်ပြားသီချင်းရေးဆရာ၊ အငြိမ့်ထောင်ဆရာ၊ စန္ဒရားဆရာ၊ အဆိုတော်၊ ဇာတ်ထောင်ဆရာ၊ ဇာတ်မင်းသားကြီး၊ ရုပ်စုံသဘင် သီချင်းရေးဆရာ၊ ရုပ်သေးမင်းသမီး၊ ရာဇဝတ်အုပ်၊ အသံတိတ်ရုပ်ရှင် သီချင်းရေးဆရာ စသည့် အလုပ်အကိုင်များ လုပ်ကိုင်ခဲ့သည်။ ဆရာတင်သည် အသက် (၂၀) မတိုင်ခင်ကပင် သီချင်းများစရေးခဲ့သည်။ ဂီတတွင် အထူးစိတ်ဝင်စားခဲ့ပြီး၊ အသက် ၂၂ နှစ် အရွယ်တွင် မယ်အေးလေးက ပို့တဲ့မေတ္တာသီချင်းအား ပထမဆုံး ရေးသား၍ ယုဇန အေးစိန်အငြိမ့်မှ မအေးစိန်အား ပူဆာ၍ ဆိုခိုင်းခဲ့သည်။ နန်းတော်ရှေ့ ချစ်တီးဘုရားကျောင်းအနီး နေထိုင်သူဖြစ်၍ နန်းတော်ရှေ့ ဆရာတင်ဟု မအေးစိန်က အမည်ပေးခဲ့သည်။ ထိုမှ ယုဇနအငြိမ့်၌ ပတ္တလား ဆရာအဖြစ် ခြေစုံပစ် ဝင်ခဲ့သည်။

၁၉၄ဝ ခန့်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး၊ ၁၉၄၇ တွင် မန္တလေးသို့ ပြန်လည် အခြေချ နေထိုင်ခဲ့သည်။ နန်းတော်ရှေ့ ဆရာတင်သည် သီချင်းပေါင်း ၃၀ဝ ခန့် ရေးသားခဲ့ပြီး၊ 'အောင်ပင်လယ်'၊ 'ရွှေပြေည်စိုး'၊ 'မြနန္ဒါ'၊ 'လက်ရေတပြင်တည်း'၊ 'ရွှေမင်းဂံ'၊ 'မြန်မာ့ဂုဏ်ရည်'၊ 'ရွှေမိုးညို'၊ 'ရွှေဘိုသနပ်ခါး'၊ 'ဆင်ကြီးဂဠုန်ချီ'၊ 'ကျွဲမကြည်အောင်' စသည့် သီချင်းများမှာ အထူးထင်ရှား ကျော်ကြားခဲ့သည်။ ဆရာတင်သည် 'တောင်သမန်' 'သူဌေးဝါဒ' စသည့် သီချင်းများကိုလည်း ကိုယ်တိုင် သီဆို ဓာတ်ပြားသွင်းခဲ့သည်။ ဆရာတင်၏ သီချင်းများတွင် ရွှေမင်းဂံ၊ သူဌေးဝါဒ၊ ဆင်ကြီးဂဠုန်ချီ၊ ရွှေမိုးညို၊ တောင်သမန်၊ အလှူ ရှင်၊ ရွှေဘိုသူ၊ ကျွဲမ သီချင်းများမှာ အထူးထင်ရှားသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၄၉ ခု၊ မတ်လ ၁၂ ရက် မန္တလေးမြို့ကို ကရင်များ အသိမ်းတွင် နန်းရှေ့ ခင်မကန်ကျောင်းတိုက် ဆရာတော် ဦးသုမနကျောင်းတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဆရာတင်သည် ဇနီး(၄)ယောက် (ဦးသော်ဇင် စာအုပ်တွင် ၆ယောက်)နှင့် သားသမီး(၁၃)ယောက် ရှိခဲ့သည်။ ဇာတ်သဘင်လောက၌ ရွှေမန်းညွန့်လှိုင်နှင့် ရွှေနန်းတင်တို့ နှစ်ဦးမှာ နန်းတော်ရှေ့ ၏ သားသမီးများဖြစ်ကြသည်။ ဆရာတင်မှာ ဒေါ်သင်၊ ဒေါ်တင်(မင်းသမီး ပေါ်လင်တင်)၊ ဒေါ်သိန်းမြနှင့် တံခွန်တိုင်သူ ဒေါ်မြသောင်းခင် ဟူ၍ ဇနီး ၄ ဦး ရှိခဲ့ပြီး၊ ဇာတ်မင်းသား ရွှေနန်းတင်မှာ ဆရာတင်နှင့် ဒေါ်တင် (မင်းသမီး ပေါ်လင်တင်) တို့က ဖွားမြင်သည့် သားဖြစ်သည်။

အမျိုးသားဇာတ်ရုံရှိ ရုပ်တု
မန္တလေး အမျိုးသား ကဇာတ်ရုံ ရှေ့ရှိ နန်းတော်ရှေ့ ဆရာတင် ရုပ်ထု

ရေးသားခဲ့သော သီချင်းများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြည်သူချစ်​သောအနုပညာသည်များ - လူထု​ဒေါ်အမာ
  2. နန်း​တော်​ရှေ့ဆရာတင် - ဦး​သော်ဇင်
  3. [၁](စာမျက်နှာ-၄)
  4. မြန်မာ့ စွယ်စုံကျမ်း အတွဲ (၅)၊ နှာ ရ၄ တွင် မသ ၁၂၅၆
  5. နေထွတ်၏ 'မန္တလေးအဘိဓာန်' စာအုပ်
  1. နန်းတော်ရှေ့ ဆရာတင် (ဦးသော်ဇင်)
  2. ပြည်သူချစ်သော အနုပညာ ရှင်များ (လူထုဒေါ်အမာ)
  3. ဇာတိမာန်တေး(မုံရွာ ဝင်းဖေ)
  4. နန်းတော်ရှေ့ ဆရာတင်နှစ်တစ်ရာပြည့်( စစ်ကိုင်းလှရွှေ)ငွေတာရီ ၉/၉၄