တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ်

ဝီကီပီးဒီးယား မှ

တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

စောင်းကြိုး ညှိရာတွင် တင်းလွန်းလျှင် စောင်းကြိုးပြတ်တတ်၍ လျော့လွန်းပြန်လျှင်လည်း စောင်းကြိုးချင်း ရစ်ပတ်ရှုပ်ထွေးတတ်သကဲ့သို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ဆက်ဆံရေးတို့တွင် တင်းလွန်းလျှင်သော်လည်းကောင်း၊ လျော့လွန်းလျှင်သော်လည်းကောင်း အကျိုးမထင် ဖြစ်သည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သိပ်မတင်းပါနဲ့ အစ်ကိုကြီးရယ်၊ တင်းလွန်းလျှင် ပြတ်တတ်တယ် ဆိုတာများကို သတိထားစေလိုပါတယ်။" [၁၂၉၃] ဒဂုန်၊ ၁၂၊ ၁၃၅။ ၁၆၂။
  • "တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ်၊ မလျော့မတင်း စောင်းကြိုးညင်း ဟူသကဲ့သို့ ဇာတိသွေး ဇာတိမာန်တို့ကို အလယ်အလတ်ထား၍ ပြုပြင်ကြရန်သာ လိုရင်းပဓာန ဖြစ်ပေ၏။" [၁၂၉၈] ပြုပြင်ရေး၊ ၂၊ ၄။ ၄၅။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၈။