တင်းနင်

ဝီကီပီးဒီးယား မှ
တင်းနင်
(Ding Ning)
ပါရီမြို့တွင် ကျင်းပသော ၂၀၁၃ ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲတွင် တင်းနင်ကစားနေပုံ
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်
အမည်ပြောင်(များ)The Queen of Hearts[၁][၂]
နိုင်ငံသားတရုတ်
မွေးဖွား (1990-06-20) ၂၀ ဇွန်၊ ၁၉၉၀ (အသက် ၃၃)[၃]
တရုတ်နိုင်ငံဟေးလုံကျန်းပြည်နယ်တချင့်မြို့
ကစားပုံ စတိုင်ဘယ်သန်၊ ရှိတ်ကိုင်နည်းသုံး
အမြင့်ဆုံး အဆင့်1 (March 2019)
လက်ရှိ အဆင့်6 (March 2020)
အရပ်၁.၇၁ m (၅ ft ၇ in)[၄]
ကိုယ်အလေးချိန်၆၃ kg (၁၃၉ lb)[၄]

တင်းနင် (ရိုးရှင်းတရုတ်: 丁宁; ရိုးရာတရုတ်: 丁寧; ပင်ယင်: dīng níng) သည် ၁၉၉၀-ခုနှစ် ဇွန်လ ၂၀-ရက်နေ့တွင် မွေးဖွားခဲ့သည့် တရုတ်အမျိုးသမီး စားပွဲတင်တင်းနစ် ကစားသမားတစ်ယောက် ဖြစ်သည်။[၃] သူမသည် ၂၀၁၁-ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲ၌ ရွှေတံဆိပ် ပထမဆုံးအကြိမ် ရရှိခဲ့ပြီး၊ အဆိုပါ ချန်ပီယံပြိုင်ပွဲကို ၂၀၁၅-ခုနှစ်တွင် Liu Shiwenကို ၄-၃ ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယအကြိမ် ရရှိခဲ့ပြန်သည်။ တတိယအကြိမ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲ ရွှေတံဆိပ်ကို ၂၀၁၇-ခုနှစ်တွင် Zhu Yulingကို ၄-၂ ဖြင့် နိုင်ပြီး ရရှိခဲ့သည်။ သူမသည် ၂၀၁၆-ခုနှစ်တွင် နွေရာသီအိုလံပစ်တွင် အမျိုးသမီးစားပွဲတင်တင်းနစ်တစ်ဦးချင်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့ပြီး၊ စားပွဲတင်တင်းနစ် တံခွန်စိုက်ဆုရှင် (Grand Slam)တစ်ယောက် ဖြစ်လာခဲ့သည်။ ၎င်းမတိုင်မီ ၂၀၁၂-ခုနှစ် နွေရာသီအိုလံပစ်တွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ငွေတံဆိပ်ကိုသာ ရရှိခဲ့သည်။ သူမသည် ၂၀၁၂ နှင့် ၂၀၁၆-ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲများတွင်လည်း အသင်းလိုက်အနေဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့သူလည်း ဖြစ်သည်။[၅]

၂၀၁၆-ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် တင်းနင်ကစားနေပုံ

ကိုးကား[ပြင်ဆင်ရန်]

  1. Ding Ning: On the upswing down underittf.com (9 July 2019)။ 26 October 2019 တွင် ပြန်စစ်ပြီး။
  2. Xu-perman soars into history booksတရုတ်နေ့စဉ်သတင်းစာ (China Daily) (16 July 2019)။ 26 October 2019 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ITTF players' profiles။ International Table Tennis Federation။ 2011-06-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-07 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Athlete's Profile2014 Incheon Asian Games Organizing Committee။ 3 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2014 တွင် ပြန်စစ်ပြီး။
  5. Ding Ning Bio, Stats, and Results (in en)။ 16 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 August 2020 တွင် ပြန်စစ်ပြီး။