တင်အုန်း၊ ဦး၊ သမိုင်းပါ‌မောက္ခ၊ ပြည်သူ့တရားသူကြီး

ဝီကီပီးဒီးယား မှ

အငြိမ်းစား သမိုင်းပါ‌မောက္ခ၊ အငြိမ်းစား ဒုတိယဝန်ကြီး ၊အငြိမ်းစား ပြည်သူ့တရားသူကြီးအဖွဲ့-အဖွဲ့ဝင်နှင့် မြန်မာ့သမိုင်း အဖွဲ့-အဖွဲ့ဝင် ဦးတင်အုန်းကို အဖသကင်္န်း ပရိက္ခရာဆိုင်ပိုင်ရှင် ဦးဘိုးချက်၊ အမိ‌ဒေါ်‌ထွေးတို့က ၁၉၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်‌နေ့တွင် ဓနုဖြူမြို့၌ ဖွားမြင်သည်။ ‌မွေးချင်းနှစ်‌ယောက် အနက်အကြီးဖြစ်၍ ငယ်နာမည်မှာ ‌မောင်ပျိုဖြစ်သည်။

ငယ်စဉ်မှ ၁၉၉၃ ခုနှစ်အထိ ဓနုဖြူမြို့ ‌အေဘီအမ် ‌ကျောင်းတွင် ပညာသင်ယူသည်။ ၁၉၃၄-၃၅ ခုနှစ်တွင် ရန်ကုန် ဟိုက်စကူး‌ကျောင်းသို့ ‌ပြောင်း‌ရွှေ့ပညာသင်ယူရာ ၁ဝတန်း‌အောင် မြင်သည်။ ၁၉၃၅ ခုနှစ် မှ ၁၉၄၁ ခုနှစ်အထိ ရန်ကုန်ယူနီဘာစီ တီ‌ကောလိပ်တွင် တက္ကသိုလ်ပညာသင်ယူသည်။ တက္ကသိုလ်ပညာ သင်ယူ‌နေစဉ် ၁၉၃၆-၃၈ ခုနှစ် ‌ကျောင်းသားသပိတ်တွင် ပါဝင် သည်။

ဦးတင်အုန်းသည် ၁၉၄၁ ခုနှစ်မှ ၁၉၄၂ ခုနှစ် အထိ မန္တ‌လေး ဥပစာ‌ကောလိပ် သမိုင်းဌာနတွင်လက်‌ထောက်ကထိက အဖြစ် တာဝန်ထမ်း‌ဆောင်သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဓနုဖြူမြို့တွင် ပြန်လည် ‌နေထိုင်ပြီး ကုန်သည်လုပ်ကိုင်ရင်း အာရှလူငယ်အဖွဲ့တွင် ပါဝင်‌ဆောင်ရွက်သည်။ ၁၉၄၅-၄၆ ခုနှစ် အ‌ရေး ‌ပေါ်တက္ကသိုလ်သင်တန်းတွင် ဆရာအဖြစ်လုပ်ကိုင်သည်။ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ရန်ကုန် ယူနီဘာစီတီ ‌ကော လိပ်တွင် လက်‌ထောက်ကထိကအဖြစ် တာဝန်ထမ်း‌ဆောင်သည်။ ဦးတင်အုန်းသည် ၁၉၄၇ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်အထိ လန်ဒန်တက္ကသိုလ်တွင် ပညာ‌တော်သင်အဖြစ် ပညာသင်ယူခဲ့ရာ ၁၉၅၀ ပြည့်နှစ်တွင် လန်ဒန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရရှိသည်။

၁၉၅၁ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်သမိုင်းဌာန တွင် ကထိကအဖြစ်တာဝန် ထမ်း‌ဆောင်သည်။ လုပ်သားများ ‌ကောလိပ် ည‌နေသင်တန်းတွင်လည်း ကထိကအဖြစ်‌ဆောင်ရွက် သည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် ပါ‌မောက္ခအဖြစ် တာဝန် ထမ်း‌ဆောင်သည်။ ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်း‌ဆောင်‌နေစဉ် သင်ကြား‌ရေး လုပ်ငန်းအပြင် သမိုင်းသု‌တေသန လုပ်ငန်းများကို ‌ဆောင်ရွက် သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် အရန်တပ်ရင်းဒုတိယတပ်ရင်း မှူး၊ တက္ကသိုလ် အနုပညာအသင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသု‌တေသ နအသင်းဥက္ကဋ္ဌ တာဝန်များကိုလည်း ‌ဆောင်ရွက်သည်။ ၁၉၇၇ ခုနှစ်တွင် သမိုင်းပါ‌မောက္ခ အဖြစ်မှ အငြိမ်းစားယူသည်။ ဦးတင်အုန်းသည် ၁၉၇၇ ခုနှစ်တွင် ‌တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ် အမှတ် (၁)မှပြည်သူ့လွှတ် ‌တော်ကိုယ်စားလှယ်အဖြစ်‌ရွေးချယ်ခံရပြီး နိုင်ငံခြား‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်‌ပေးအပ်ခြင်းခံရသည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ နိုင်ငံခြား‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန် ကို ထမ်း‌ဆောင်သည်။ ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိပြည်သူ့ တရားသူကြီး အဖွဲ့-အဖွဲ့ဝင်အဖြစ် တာဝန်‌ပေးအပ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့တရားသူကြီး အဖွဲ့-အဖွဲ့ဝင် အဖြစ်မှ အငြိမ်းစားယူသည်။

ဦးတင်အုန်းသည် နိုင်ငံ‌တော်တာဝန်များကိုထမ်း‌ဆောင် ‌နေစဉ်အတွင်း ၁၉၅၆ ခုနှစ်တွင် ယူ‌ကေနှင့်အ‌မေရိကန်နိုင်ငံသို့ လည်း‌ကောင်း၊ ၁၉ရ၈ ခုနှစ်နှင့် ၁၉၈ဝပြည့်နှစ်တွင်ဘဂင်္လား‌ဒေ့ရှ် နိုင်ငံသို့လည်း‌ကောင်း၊ ၁၉၈၂ ခုနှစ်တွင်ဂျ‌မေးကားနိုင်ငံသို့လည်း ‌ကောင်း၊ ၁၉၈၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်‌မြောက် ကိုရီးယား နိုင်ငံသို့လည်း‌ကောင်း၊ ၁၉၉၃ ခုနှစ်တွင်ဂျာမနီနိုင်ငံသို့ လည်း‌ကောင်း တာဝန်ဖြင့်သွား‌ရောက်သည်။ ဦးတင်အုန်းသည် ၁၉၄၇ ခုနှစ်တွင်ဓနုဖြူမြို့ဆန်စက်ပိုင်ရှင် ဦးဘိုးလူ၊ ‌ဒေါ်ဖွားရင်တို့၏သမီး ‌ဒေါ်တင်ရီနှင့် လက်ထပ်သည်။

ဦးတင်အုန်းသည် နိုင်ငံ‌တော်က‌ပေးအပ်သည့်တာဝန်များကို ကြိုးပမ်း‌ဆောင်ရွက် ခဲ့ခြင်း‌ကြောင့် နိုင်ငံ‌တော်ကချီးမြှင့်အပ် နှင်း‌သော နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကိုရရှိသည်။ ကွယ်လွန်ချိန်အထိ မြန်မာသမိုင်းအဖွဲ့-အဖွဲ့ဝင်အဖြစ် တာဝန် ထမ်း‌ဆောင်ခဲ့‌သော အငြိမ်းစားသမိုင်း ပါ‌မောက္ခ၊အငြိမ်း စား ဒုတိယဝန်ကြီးနှင့် အငြိမ်းစားပြည်သူ့တရားသူကြီးဖွဲ့-အဖွဲ့ဝင် ဦးတင်အုန်းသည် ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်‌နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင်ဇနီး‌ဒေါ်တင်ရီနှင့် သား သုံးဦး၊ သမီးနှစ်ဦး၊ ‌မြေးသုံးဦးကျန်ရစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)