တင်လှိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဦးတင်လှိုင် (၁၅ မေ ၁၉၃၇–၂၃ ဇွန် ၂၀၁၉) သည် မြန်မာအမျိုးသားအဆိုတော်တစ်ဦး ဖြစ်သည်။ ဂန္ထဝင်သီချင်းများကို သီဆိုခဲ့သူ ဖြစ်သည်။ အလွမ်းအဆွေးသီချင်းများ သီဆိုလေ့ရှိသူ ဖြစ်သည်။[၁]

ဦးတင်လှိုင်ကို ၁၉၃၇ ခုနှစ် မေလ ၁၅ (မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် နယုန်လဆန်း ၇) ရက်နေ့တွင် မွေးဖွားခဲ့သည်။[၂] ၁၉၅၆ ခုနှစ်တွင် စန္ဒယားဘိုကြီးအဖွဲ့ဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်လာခဲ့သည်။[၂]

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဦးတင်လှိုင်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၊ အသက် (၈၃) နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် စမ်းချောင်းမြို့နယ်၊ ဆာကူရာဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ၂၅ ရက်နေ့တွင် ထိန်ပင်သုဿာန်၌ သင်္ဂြိုဟ်ပြီး အရိုးပြာကို မွေးရပ်ဇာတိဖြစ်သည့် ရေနံချောင်းတွင် ဂူသွင်းမည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဇွဲဉာဏ် (၂၄ ဇွန် ၂၀၁၉)။ ဂန္ထဝင်အဆိုတော်ကြီး (ဦး)တင်လှိုင် ကွယ်လွန်။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ နှင်းနှင်းအောင် (၂၃ ဇွန် ၂၀၁၉)။ ဂန္တဝင် ရေဒီယိုအဆိုတော်ကြီး ဦးတင်လှိုင် ကွယ်လွန်မြန်မာတိုင်း(မ်)။ ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။