တင်မောင်ထွန်း

ဝီကီပီးဒီးယား မှ

ဦးတင်မောင်ထွန်း (Rev. Dr) ၂၀နိုဝင်ဘာ၁၉၃၁ မွေးဖွားသည်။ မြန်မာခရစ်ယာန်ဓမ္မဆရာဖြစ်သည်။ ဆရာကြီးသည် ၁၉၆၇မှ စတင်ပြီး ဟေဗြုန်ညီအစ်ကိုများအသင်းတော်၏ သင်းအုပ်ဖြစ်ပြိး အမှုဆောင်ခဲ့မှုများကြောင့် ၁၉၉၈ခုနှစ်တွင် International Biography Centre, Cambridge မှ ပါရဂူဘွဲ့ ချီးမြှင့်ခြင်းခံရသည်။

အမှုဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

ညီအစ်ကိုများအသင်းတော်၊ သင်းအုပ် WFC Witness for Christ Ministry - ၁၉၇၃မှစတင်လုပ်ဆောင်သည်။ Literature Evangelism ခရစ်ယန်စာပေထုတ်ဝေခြင်း၊ ဓမ္မပညာအထောက်အကူပြုလစဉ်စာစောင်ထုတ်ဝေခြင်း ကျမ်းစာသင်တန်းများ (အချိန်ပိုင်း၊ ရက်တို၊ ရက်ရှည်သင်တန်းများကို ဖိလစ်ပိုင်၊ အမေရိကန်၊ အင်္ဂလန်အင်္ဂလိပ်ကျမ်းသာသင်တန်းများမှ ဘာသာပြန်ပြီးသင်ကြားပေးခြင်း။ စာပေးစာယူကျမ်းစာသင်တန်း ကျမ်းစာကျောင်းပြီးသူများအား Associate Workers အဖြစ် အစေခံခြင်း ရေဒီယိုဧဝံဂေလိလုပ်ငန်း (ဖိလစ်ပိုင်အရွှေ့ဖျားအသံလွှင့်ဌာန) လူမှုရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ.. စသည်တို့ဖြစ်သည်။

မိသားစု[ပြင်ဆင်ရန်]

ဆရာကြီးတါင် သား၃ယောက်နှင့်သမီး၅ယောက်ရှိသည်။ သားကြီးဖြစ်သော ဦးဖော်ဝင်းထွန်း ပြည်ပသာသနာပြု (မနီလာ၊ အရှေ့ဖျားအသံ)၊ ဒုတိယသား ဆရာဦးဇော်မင်း (Rev. Dr) ထိုင်းနိုင်ငံ အမ်စီအေအသင်းတော်သင်းအုပ်ဆရာ တို့ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဘားမိစ်ဘိုင်ဘယ်, ဆရာကြီးဦးတင်မောင်ထွန်း
  2. မြန်မာဘာသာ၊တရားဟောချက်များ, မုရန်အင်တာနက်မဂဇင်း