မာတိကာသို့ ခုန်သွားရန်

တခဲဒဘူတာ (ကျိုတို)

ဝီကီပီးဒီးယား မှ
တမ်းပလိတ်:KTSN
တခဲဒဘူတာ

竹田駅
East side
တည်နေရာTakeda Okenoicho, Fushimi, Kyoto, Kyoto
(京都市伏見区竹田桶ノ井町)
Japan
ကိုဩဒိနိတ်34°57′24.82″N 135°45′22.01″E / 34.9568944°N 135.7561139°E / 34.9568944; 135.7561139ကိုဩဒိနိတ်: 34°57′24.82″N 135°45′22.01″E / 34.9568944°N 135.7561139°E / 34.9568944; 135.7561139
စီမံခန့်ခွဲသူThe Emblem of Kyoto Municipal Transportation Bureau.
The logo of the Kintetsu Railway Company.
ရထားလိုင်း(များ)
ပလက်ဖောင်းများ2 island platforms
ရထားစင်္ကြံ4
ဆက်သွယ်ထားမှုများBus interchange Bus stop
အခြား အချက်အလက်များ
ဘူတာရုံ ကုဒ်B05 (Kintetsu)
K15 (Kyoto Municipal Subway)
ဝဘ်ဆိုဒ်Kintetsu
သမိုင်းကြောင်း
ဖွင့်ခဲ့November ၁၅, ၁၉၂၈; ၉၅ နှစ် အကြာက (November ၁၅, ၁၉၂၈)
ယခင်အမည်များJōnangū-mae (until 1940)
Traffic
ခရီးသည်
ဝန်ဆောင်မှုများ
Preceding ဘူတာ The Emblem of Kyoto Municipal Transportation Bureau. Kyoto Municipal Subway Following ဘူတာ
Terminus Karasuma Line Kuinabashi
Preceding ဘူတာ The logo of the Kintetsu Railway Company. Kintetsu Railway Following ဘူတာ
Kamitobaguchi
towards Kyōto
Kyoto Line Fushimi

တခဲဒဘူတာ (竹田駅, Takeda-eki) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ဖုရှိမိရပ်ကွက်တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ဘူတာကို ကျိုတိုမြို့ပတ်ရထားပို့ဆောင်ရေးမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ရထားလိုင်းများ[ပြင်ဆင်ရန်]

ဤဘူတာသည် အောက်ပါရထားလိုင်းနှစ်ခု ပေါင်းဆုံသည့်ဘူတာဖြစ်သည်။

  • ကျိုတိုမြို့ပတ်မြေအောက်ရထားလိုင်း
    • ကျိုတိုမြို့ပတ်မြေအောက်ရထားလိုင်
  • ခင်တဲဆွတ်ရထားလိုင်း
    • ကျိုတိုလိုင်း
    • ကျိုတို/ ခရှိဟရလိုင်း

ဤဘူတာသည် ယခင်က တောင်ဘက်ရှိ ခရီးဆုံးဘူတာဖြစ်ခဲ့ပြီး ယခုအခါတွင် လမ်းခုလပ်အလယ်တွင် တည်ရှိသည့် ဘူတာဖြစ်သည်။ ရထားလိုင်းနှစ်ခုဖြတ်သန်းသွားရာဖြစ်သည့်အတွက် ထိုရထားလိုင်းနှစ်ခု ဖြတ်သန်းမောင်းနှင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။

ဘူတာပုံစံ[ပြင်ဆင်ရန်]

ဤရထားဘူတာတွင် ပလက်ဖောင်းနှစ်ခု၊ ရထားလမ်းကြောင်း (၄) ခု ပါဝင်သည်။ ကျိုတိုမြေအောက်ရထားလိုင်းတွင် တည်ရှိသောဘူတာများတွင် မြေအောက်ရထားလမ်းကြောင်းသည် မြေအောက်တွင်ရှိမနေဘဲ မြေပြင်ညီတွင် ရှိနေသည့် တစ်ခုတည်းသောဘူတာလည်း ဖြစ်သည်။ အခြားသော ကျိုတိုမြေအောက်ရထားလိုင်းပေါ်ရှိ ဘူတာများသည် မြေအောက်တွင် တည်ရှိကြသည်။[၃]


ပလက်ဖောင်းများ[ပြင်ဆင်ရန်]

1  Kintetsu Kyoto Line from Kyoto on the Kintetsu Kyoto Line for Tambabashi, Shin-Tanabe, Yamato-Saidaiji, and Nara
2  Kintetsu Kyoto Line from the Karasuma Line for Tambabashi, Shin-Tanabe, Yamato-Saidaiji, and Nara
3  Karasuma Line for Kyoto (Subway), Shijo, and Kokusaikaikan
4  Kintetsu Kyoto Line for Toji and Kyoto (Kintetsu)

အနီးအနားရှိ ဘူတာများ[ပြင်ဆင်ရန်]

« Service »
Kintetsu Kyoto Line
Kamitobaguchi
Kuinabashi (K14, Karasuma Line)
  Local   Fushimi
Tōji   Semi-Express   Kintetsu Tambabashi
Tōji
Kuinabashi (K14, Karasuma Line)
  Express   Kintetsu Tambabashi

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဤဘူတာကို နာရလျှပ်စစ်ရထားလိုင်း (奈良電気鉄道, Nara Denki Tetsudō) က “ဂျောနန်းဂူးမအဲဘူတာ” (城南宮前駅) ဟူသည့် ဘူတာအဖြစ် ကျိုတိုဘူတာနှင့် မိမိယမဂေါ့ရော-မအဲဘူတအကြားရှိ ဘူတများကို စတင်ပြေးဆွဲသည့် ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၄] ၁၉၄၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဘူတာ၏ အမည်ကို “တခဲဒဘူတာ” ဟူ၍ ပြောင်းလဲခဲ့သည်။ နာရလျှပ်စစ်ရထားလိုင်းသည် ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ခင်တဲဆွတ်ရထားလိုင်းနှင့် ပေါင်းစပ်ခဲ့သည်။[၅][ကိုးကားချက်လိုသည်]

၁၉၈၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ခရဆုမမြေအောက်ရထားလိုင်းကို တိုးချဲ့ခဲ့ပြီး ဤဘူတာကိုလည်း မူလတည်နေရာမှ မြောက်ဘက်သို့ ၃၅၀ မီတာအကွာသို့ ရွှေ့ခဲ့သည်။ ထို့အပြင် ခင်တဲဆွတ်ရထားလိုင်းနှင့် မြေအောက်ရထားလိုင်းများကို ဝန်ဆောင်မှုပေးနိုင်ရန် ဘူတာကိုလည်း တိုးချဲ့ခဲ့ကြသည်။ ထိုအချိန်မှစတင်၍ ဘူတာကို ခင်တဲဆွတ်ရထားလိုင်းမှ လက်လွှဲယူကာ ပို့ဆောင်ဆက်သွယ်ရေးဌာနက စီမံခန့်ခွဲလျက်ရှိသည်။[ကိုးကားချက်လိုသည်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. 第8章 都市施設 [Chapter 8: Urban facilities]။ 京都市統計書 [Statistics of Kyoto City] (ဂျပန်ဘာသာစကားဖြင့်)။ City of Kyoto။
  2. 京都市交通事業白書 (in ja)။ Kyoto Municipal Transportation Bureau။
  3. Station Map။ City of Kyoto။ 25 December 2017 တွင် ပြန်စစ်ပြီး။
  4. 鉄軌道線の推移 大正15年4月~昭和6年3月 (in ja)။ Kintetsu Railway။
  5. 鉄軌道線の推移 昭和36年4月~昭和47年3月 (in ja)။ Kintetsu Railway။