တခယာမရွာ

ဝီကီပီးဒီးယား မှ
Takayama
高山村
Village
Takayama Village Hall
Takayama Village Hall
Takayama၏ အလံတော်
အလံတော်
Takayama၏ တံဆိပ်တုံး
စည်းတံဆိပ်
Location of Takayama in Nagano Prefecture
Location of Takayama in Nagano Prefecture
Takayama သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
Takayama
Takayama
 
ကိုဩဒိနိတ်: 36°40′47.3″N 138°21′47.8″E / 36.679806°N 138.363278°E / 36.679806; 138.363278ကိုဩဒိနိတ်: 36°40′47.3″N 138°21′47.8″E / 36.679806°N 138.363278°E / 36.679806; 138.363278
CountryJapan
RegionChūbu (Kōshin'etsu)
PrefectureNagano
DistrictKamitakai
ဧရိယာ
 • စုစုပေါင်း၉၈.၅၆ စတုရန်းကီလိုမီတာ (၃၈.၀၅ စတုရန်းမိုင်)
လူဦးရေ (March 2019)
 • စုစုပေါင်း၇၁၀၁
 • သိပ်သည်းမှု၇၂/km (၁၉၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
Symbols 
• TreeTaxus cuspidata
• FlowerRhododendron subg. Hymenanthes
Phone number026-245-1100
Address4972 Takai, Takayama-mura, Kamitakai-gun, Nagano-ken 382-8510
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
Yamada Ranch in Takayama

တခယာမရွာ (高山村, တခယာမ-မုရ) သည် ဂျပန်နိုင်ငံ၊ နဂနိုစီရင်စုတွင် တည်ရှိသည့် ရွာတစ်ရွာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့၌ ရွာတွင် ခန့်မှန်းလူဦးရေ ၇၁၀၁ ဦးရှိကာ အိမ်ထောင်စု ၂၄၆၆ စု ရှိသည်။ လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၇၂ ဦး ရှိသည်။[၁] ကျေးရွာ၏ စုစုပေါင်း ဧရိယာသည် ၉၈.၅၆ စတုရန်းကီလိုမီတာ (၃၈.၀၅ စတုရန်းမိုင်) ရှိသည်။ တခယာမရွာကို ဂျပနိုင်ငံရှိ အလှပဆုံးကျေးရွာများထဲမှ တစ်ရွာအဖြစ် စာရင်းသွင်း သတ်မှတ်ခဲ့ကြသည်။[၂]

ပထဝီသွင်ပြင်[ပြင်ဆင်ရန်]

တခယာမရွာသည် နဂနိုစီရင်စု၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အရှေ့ဘက်တွင် ဂွန်းမစီရင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်နေကြသည်။ ရွာသည် တောင်ထူထပ်သည့် ဧရိယာတွင် တည်ရှိပြီး ခိတဟိုတခတောင်သည် ကျေးရွာ၏ နယ်နိမိတ်တွင် တစ်စိတ်တစ်ဒေသပါဝင်လျက်ရှိသည်။

ပတ်ဝန်းကျင်ရှိ မြို့များ[ပြင်ဆင်ရန်]

လူမှုပထဝီ[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေအချက်အလက်များအရ တခယမ၏ လူဦးရေသည် မျှမျှတတ တည်ငြိမ်လျက်ရှိသည်။[၃]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1940 ၆၁၂၇—    
1950 ၇၂၆၂+18.5%
1960 ၆၆၉၄−7.8%
1970 ၆၁၆၆−7.9%
1980 ၆၉၃၁+12.4%
1990 ၇၃၄၂+5.9%
2000 ၇၇၇၆+5.9%
2010 ၇၅၆၅−2.7%

ရာသီဥတု[ပြင်ဆင်ရန်]

ပူနွေး၍ စိုစွတ်သည့် ရာသီဥတုရှိသည်။ ဆောင်းရာသီ၌မူ နှင်းများကျဆင်းပြီး အလွန်အေးသည်။ တခယာမရွာ၏ နှစ်ပတ်လည်တွင် ပျမ်းမျှအပူချိန်သည် ၆.၇ ဒီဂရီစင်တီဂရိတ်၊ မိုးရချေိန်သည် ၁၅၄၉ မီလီမီတာ ဖြစ်သည်။ မိုးရွာသွန်းမှုသည် စက်တင်ဘာလတွင် အများဆုံး ဖြစ်သည်။ အမြင့်ဆဒံးအပူချိန်များသည် ပျမ်းမျှအားဖြင့် ဩဂုတ်လတွင် ဖြစ်ပေါ်လေ့ရှိပြီး ၂၄.၉ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိပြီး အနိမ့်ဆုံးအပူချိန်သည် ဇန်နဝါရီလတွင် ဖြစ်ပေါ်ကာ ပျမ်းမျှ အနှုတ် ၁.၅ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင် ရှိသည်။[၄]

သမိုင်း[ပြင်ဆင်ရန်]

ယခုအချိန် တခယာမ၏ ဧရိယာသည် ဂျောမွန်ခေတ်၊ ခိုဖွန်ခေတ်၊ နာရခေတ်၊ ဟဲအန်ခေတ်ကာမများက ရှေးခေတ်ကာလက ရှိနနိုစီရင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် တခယာမသည် နှစ်ထောင်ပေါင်းများစွာ လူအများဆက်တိုက် အခြေချနေထိုင်ခဲ့ကြသည့် နေရာတစ်ခု ဖြစ်သည်။ အဲဒိုခေတ်ကာလအတွင်း တခယာမသည် အိဝမိစီရင်စု (သို့) တန်းရောtenryō မြေ မှ ဟမဒပိုင်နက်နယ်မြေ ဖြစ်ခဲ့သည်။ ထိုနေရာကို တခဂဝရှောဂုနတဲအစိုးရက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် တခအိနှင့် ယမဒ စသည့်ရွာများကို ခေတ်သစ်မြို့ပြစနစ်နှင့်အညီ တည်ထောင်ခဲ့ကြသည်။ ထိုရွာနှစ်ခုကို ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပေါင်းခဲ့ကြပြီး တခယာမရွာမဖြစ် တည်ထောင်ခဲ့သည်။

စီးပွားရေး[ပြင်ဆင်ရန်]

တခယာမရွာတွင် စီးပွားရေးအနေဖြင့် စိုက်ပျိုးရေး၊ သစ်လုပ်ငန်းနှင့် ရာသီအလိုက် ခရီးသွားလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

ပညာရေး[ပြင်ဆင်ရန်]

တခယာမရွာတွင် ကျေးရွာအုပ်ချုပ်ရေးက စီမံလျက်ရှိသည့် အများပြည်သူဆိုင်ရာ မူလတန်းနှင့် အလယ်တန်းကျောင်း တည်ရှိသည်။ အထက်တန်းကျောင်းမူ မရှိပေ။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ရထားလမ်း[ပြင်ဆင်ရန်]

  • ကျေးရွာတွင် ခရီးသွားများအတွက် ရထားလမ်းပို့ဆောင်ဆက်သွယ်ရေး မရှိပေ။

ကားလမ်း[ပြင်ဆင်ရန်]

  • ကျေးရွာသည် အမြန်လမ်းမပေါ်တွင် တည်ရှိခြင်း မရှိပေ။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]