ညှို့အားဖြင့် အပူပေးခြင်း

ဝီကီပီးဒီးယား မှ

ညှို့အားဖြင့် အပူပေးခြင်း (Induction heating) ဆိုသည်မှာ လျှပ်ကူး အရာဝတ္ထုများ(များသောအားဖြင့်သတ္တု) ကို လျှပ်စစ်သံလိုက်ညှို့အားဖြင့် အပူပေးသည့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ထိုသတ္တု များတွင် အက်ဒီလျှပ်စီးကြောင်း (Eddy Current) ဖြစ်ပေါ်စေခြင်းဖြင့် အပူကိုဖြစ်ပေါ်စေပါတယ်။ ညှို့အားဖြင့် အပူပေးစနစ်တခုတွင် လျှပ်စစ်သံလိုက်နှင့် အီလက်ထရွန်းနစ် ကြိမ်နှုန်းထုတ်ကိရိယာပါဝင်ပါတယ်။ ထိုအီလက်ထရွန်းနစ် ကြိမ်နှုန်းထုတ်ကိရိယာ မှ လျှပ်စစ်သံလိုက်ကိုဖြတ်ကာ ကြိမ်နှုန်းမြင့်အေစီလျှပ်စီး ကို ထုတ်ပေးပါတယ်။ အဆိုပါ ကြိမ်နှုန်းမြင့်အေစီ လျှပ်စီးကြောင့် ဖြစ်ပေါ်လာသော လျင်မြန်စွာပြောင်းလဲနေသည့် သံလိုက်စက်ကွင်းများသည် အရာဝတ္ထု ကို ဖြတ်သန်းသွားပြီး ထို အရာဝတ္ထု တွင် အက်ဒီလျှပ်စီး ကို စီးဆင်းစေပါတယ် ။ အက်ဒီလျှပ်စီးဟာ ပစ္စည်းများ၏ခုခံမှုကို ဖြတ်သန်း စီးဆင်းခြင်းဖြင့် အပူကို ဖြစ်ပေါ်လာစေပါတယ်။ သံကဲ့သို့သောပစ္စည်းများမှာတော့ သံလိုက်စက်ကွင်း၏ပြောင်းလဲမှုမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကြောင့် အပူကိုဖြစ်ပေါ်စေပါတယ်။ လျှပ်စီး၏ကြိမ်နှုန်း အသုံးပြုမှုသည် လက်ရှိအသုံးပြုအရာဝတ္ထု၏အရွယ်အစား၊ ပစ္စည်းအမျိုးအစား (လုပ်ဆောင်ပေးသည့်ကွိုင်နှင့် အပူဖြစ်ပေါ်မည့်အရာဝတ္ထုကြား) ၊ ထိုးဖောက်မှုအတိမ်အနက်ပေါ်မူတည်ပါတယ်။ အဆိုပါ ညှို့အားဖြင့် အပူပေးခြင်း လုပ်ငန်းစဉ်၏အရေးပါသောအင်္ဂါရပ်မှာ အပူဟာ အရာဝတ္ထု အတွင်းမှာ ဖြစ်ပေါ်ပြီး ပူစေတာဖြစ်ပါတယ်။ ပြင်ပမှ အပူ စီးကူးခြင်းကြောင့် မဟုတ်ပါတာကြောင့် အပူကို လျင်မြန်စွာရရှိစေပါတယ်။ ညှို့အားဖြင့် အပူပေးခြင်း ကို သတ္တုဗေဒ လုပ်ငန်းစဉ်များတွင် အပူနှင့်ဆိုင်ရာလုပ်ဆောင်မှုများ၊စက်မှုလုပ်ငန်းစဉ်များအတွက်အသုံးပြုနေကြသည်။


ကိုးကား[ပြင်ဆင်ရန်]