ညွန့်ဦး

ဝီကီပီးဒီးယား မှ

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


ညွန့်ဦး (ဦးသာညွန့်) [၁၉၂၄ - ၂ဝဝဝ][ပြင်ဆင်ရန်]

ရခိုင် ပြည်နယ် သံတွဲ မြို့တွင် အဖ ဦးသာအောင်၊ အမိ ဒေါ်အေးညွန့် တို့က ၁၉၂၄ ခုနှစ်တွင် မွေးဖွား ခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄ဝ)၊ ဝိဇ္ဇာဘွဲ့ (၁၉၅၃)၊ ဥပဒေ ဝိဇ္ဇာဘွဲ့ (၁၉၆၆) ရရှိ ခဲ့သည်။ ၁၉၆၁ - ၆၂ တွင် အမေရိကန် နိုင်ငံ ဆရာကျူ့ (ခ်) တက္ကသိုလ်၌ စာနယ်ဇင်း ပညာ သင်ယူ ခဲ့သည်။


၁၉၄၁ ခုတွင် ရန်ကုန်သို့ ရောက်ရှိပြီး ဘီအိုစီ ကုမ္ပဏီ (ဓနိတော)တွင် ဝင်ရောက် အမူ ထမ်းသည်။ ၁၉၄၂ ခုတွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုအေ) သို့ ဝင်ရောက်သည်။ ဂျပန် တော်လှန်ရေးတွင် တိုင်း (၄) လက်အောက်၌ တာဝန် ထမ်းခဲ့သည်။ ဗိုလ်စံရှား (ခေါ်) သခင် သာညွနင့ အမည် တွင်သည်။ ၁၉၅၃ - ၇၃ ထိ စာပေ ဗိမာန်တွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက် ခဲ့သည်။ ရန်ကုန်တိုင်း တရားရုံး အချိန်ပိုင်း တရားသူကြီး အဖွဲ့ဝင် (၁၉၇၁)၊ အထူး ရာဇဝတ် ခုံရုံး အဖွဲ့ဝင် (၁၉၇၃)၊ ဥပဒေ ဝန်ထမ်း အဆငင့ (၂)၊ အချိန်ပိုင်း တိုင်း တရားသူကြီး (၁၉၈၄ - ၁၉၈၆) တာဝန်များ ကိုလည်း ထမ်းဆောင် ခဲ့သည်။ ၁၉၈၄ တွင် တိုင်း တာဝန်ခံ ဥပဒေ ဝန်ထမ်း အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။


အလယ်တန်း ကျောင်းသား ဘဝမှ စ၍ ကဗျာ၊ ဆောင်းပါး များကို သူရိယ သတင်းစာ၊ တိုးတက်ရေး သတင်းစာ၊ ဒို့လက်ရုံး သတင်းစာ (စစ်တွေ) နှငင့ ဒီးဒုတ် ဂျာနယ် တို့တွင် ရေးသား ခဲ့သည်။ စာပေ ဗိမာန်ထုတ် ကျမ်းများ၊ မဂ္ဂဇင်း ဂျာနယ် များနှငင့ ပြင်ပ စာနယ်ဇင်း များတွင် ဆောင်းများစွာ ရေးသား ခဲ့၏။ ပြုစု ခဲ့သော စာအုပ် အချို့မှာ သားလှ ရွှေသွေး၊ လယ်ယာ ရွှေမြေ၊ အိန္ဒုနှငင့ မြစ်ဝါ၊ အမတ်ဒိန်၊ မဂဒူး၊ သင်္ဂါယနာ၊ သတ္တုခေတ်၊ ဘဂဝတ် ဂီတကျမ်း [ဦးမျိုးသန့်နှင့် တွဲဖက်၍]၊ မှတ်ဉာဏ် ထက်သန် စေလိုသော် တို့ ဖြစ်ကြသည်။ ဦးသာညွနင့၏ အခြား ကလောင် အမည် များမှာ သံခဲ သံတွဲ၊ ရဲရွှေညွနင့ တို့ ဖြစ်သည်။ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ချီးမြှင့် ခံရသည်။


၂ဝဝဝ ပြည့်နှစ် ဇူလိုင် ၇ ရက်နေ့တွင် နှလုံး ရောဂါဖြင့် ရန်ကုန် မြို့၌ ကွယ်လွန် ခဲ့သည်။


စာညွှန်း ။ ။[ပြင်ဆင်ရန်]

  1. ရာပြည့် စာအုပ် ၁ဝဝ အညွှန်း (၁၉၉၉)။ စာ ၁၂၂။
  2. ဦးသာညွန့် ။ မှတ်ဉာဏ် ထက်သန် စေလိုသော် (၁၉၉၉)။
  3. ပြည်တွင်း မှတ်စု၊ နွယ်နီ မဂ္ဂဇင်း (ဩဂုတ် ၂ဝဝဝ)။ စာ ၂၇။]