ညောင်ပင်သာဦးပုည

ဝီကီပီးဒီးယား မှ

ညောင်ပင်သာဦးပုည (၁၁၉၀ - ၁၂၆၃) သည် စလေဦးပုညနှင့် မရှေးမနှောင်းပင် ပေါ်ပေါက်ခဲ့သည့် စာဆိုတော်ကြီးတစ်ဦး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ညောင်ပင်သာဦးပုညကို သက္ကရာဇ် ၁၁၉၀ ပြည့်နှစ်၊ ပြာသိုလတွင် စစ်ကိုင်းမြို့ အစေခံရပ်တွင် ထောင်ကဲပဲ့နင်းကြီး ဦးရွှေလှော် - ဒေါ်ဦးလှတို့မှ ဖွားမြင်ခဲ့သည်။ တတိယမြောက် သားဖြစ်ပြီး ငယ်မည်မှာ မောင်အောင်စိုး ဖြစ်သည်။

ငယ်စဉ်က ဆင်နင်းဆရာတော်ထံတွင် ပညာများ သင်ကြားခဲ့ပြီး ပဉ္ဇင်းအဖြစ်တက်ရောက်သည့်အခါ စစ်ကိုင်းပရက္ကမဆရာတော် (သာသနာပိုင်ဦးဉေယျ) ထံတွင် ပညာဆက်လက်သင်ကြားခဲ့သည်။ ထို့နောက်တွင် ဆရာတော်နှင့်အတူ မင်းတုန်းမင်းထံသို့ လိုက်ပါဖူးခဲ့သည်။

ရဟန်းဘွဲ့မှာ ဦးပုညဖြစ်သဖြင့် “ဦးပုည” ဟု တွင်ခဲ့သည်။ ၁၂၂၁ ခုနှစ်တွင် ခမည်းတော် ဆုံးပါးခဲ့သဖြင့် စစ်ကိုင်းဆင်နင်းကျောင်းသို့ပြန်၍ ၁၂၂၃ ခုနှစ်တွင် ညောင်ပင်သာကျောင်းတွင် သီတင်းသုံးခဲ့သည်။

၁၂၂၉ ခုနှစ်တွင် လေရောဂါကြောင့် ဖိုးသူတော်ဝတ်ဖြင့် နေထိုင်ခဲ့သည။ ၁၂၇၂ ခုနှစ်တွင် နယ်ပိုင်ဝန်ထောက် ဦးဘတူက ပင့်ဆောင်ခဲ့သဖြင့် ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်မြို့များတွင် နေထိုင်ခဲ့သည်။ [၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၁၂၆၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် အင်္ဂါနေ့ည ၃ နာရီအချိန်တွင် ကွယ်လွန်ခဲ့သည်။[၁]

ပြုစုခဲ့သည့် စာပေများ[ပြင်ဆင်ရန်]

ညောင်ပင်သာဦးပုညရေးသားပြုစုခဲ့သည့် စာပေများတွင် အောက်ပါတို့ ပါဝင်သည်။

၁။ သာမုန္ဒရိကလက္ခဏာကျမ်း၊

၂။ လောကမဉ္ဇူဆေးကျမ်း၊

၃။ သာသနာလျှောက်မေတ္တာစာ၊

၄။ စစ်ကိုင်းဘုရားများ၏ တေးထပ်ပေါင်းချုပ်၊

၅။ ပါတော်မူရတု၊

၆။ ရတနာမကိုဋ်သံဝေတေး၊

၇။ သာသနဟိတမေတ္တာစာ၊

၈။ နဝရတ်ခိုင် ဘုံကိုးဆင့်တက်ကျမ်း၊

၉။ တေးထပ်များ၊

၁၀။ သုတရတနာဆုံးမစာ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၄၇၊ ၂၄၈။