ညောင်ပင်တစ္ဆေ

ဝီကီပီးဒီးယား မှ

ညောင်ပင်တစ္ဆေ ကစားနည်း[ပြင်ဆင်ရန်]

ကစားသူ များလျှင် များသည့် အလျောက်နှင့် နည်းလျှင် နည်းသည့်အလျောက် စက်ဝိုင်းပုံ အကြမ်းစားကို မြေကြီး ပေါ်တွင် ကစားသူများက ကြီးကြီးရေးဆွဲလိုက်သည်။ ထိုနောက် စစ်ဝိုင်း၏ အချင်းကိုလည်း ရေးဆွဲလိုက်သည်။ စည်းဝိုင်း၏ အပြင်တွင် ညောင်ပင်တစ္ဆေ လုပ်သူက နေရသည်။ စက်ဝိုင်းအတွင်းတွင်း မယ်ထွေးလုပ်သူက နေရသည်။ မယ်ထွေးလုပ်သူသည် ကစားသူများတွင် အငယ်ဆုံးဖြစ်လိုမှ ဖြစ်ပေလိမ့်မည်။ ကျန်ကစားသူများက မယ်ထွေးလုပ်သူကို ကျောပေးပြီးလျှင် စက်ဝိုင်းအပြင်ဘက်ကို မျက်နှာမူထားကြသည်။ စက်ဝိုင်းအတွင်ရှိ ကစားသူတိုင်းသည် ညောင်ပင်တစ္ဆေ လုပ်သူနှင့် အခြားကစားသူများ၏ အမေးအဖြေများကိုသာ နည်းလည်ကြလျှင် နားလည်သည့်ကလေးတိုင်းက ဝင်၍ ဆိုနိုင်လေသည်။ အမေးအဖြေပြုလုပ်ကြရာတွင် -


ကစားသူများ - ညောင်ပင်တစ္ဆေ


ညောင်ပင်တစ္ဆေလုပ်သူ - ဝေလေလေ


ကစားသူများ - နင် ဘယ်ကိုင်းမှာနေ


ညောင်ပင်တစ္ဆေလုပ်သူ - ညောင်ကိုင်းမှာနေ


ကစားသူများ - နင်ဘာသီးစား


ညောင်ပင်တစ္ဆေလုပ်သူ - ညောင်သီးစား


ကစားသူများ - နင် ဘာထမင်းစား


ညောင်ပင်တစ္ဆေလုပ်သူ - ညောင်ထမင်းစား


ကစားသူများ - နင် ဘာဟင်းစား


ညောင်ပင်တစ္ဆေလုပ်သူ - ညောင်ဟင်းစား


ကစားသူများ - နင် ဘာရေသောက်


ညောင်ပင်တစ္ဆေလုပ်သူ - ညောင် ရေသောက်


ကစားသူများ - နင် ဘာကွမ်းသီးစား


ညောင်ပင်တစ္ဆေလုပ်သူ - ညောင် ကွမ်းသီးစား


ကစားသူများ - ညောင်ပင်တစ္ဆေ နင်ထမင်းစားပြီးပြီလား


ညောင်ပင်တစ္ဆေလုပ်သူ - မစားရသေးဘူး။ ဘာဟင်းချက်သလဲ


ကစားသူများ - ကြက်သားဟင်းချက်တယ်


ညောင်ပင်တစ္ဆေလုပ်သူ - ငါ့တစ်ခါက်ပေး


ကစားသူများ - ဘာလုပ်ဖို့


ညောင်ပင်တစ္ဆေလုပ်သူ - ငါစားဖို့


ကစားသူများ - မပေးနိုင်ဘူး၊


မယ်ထွေးလေးရလျှင် ယူတော့

ထို့သို့ ဆိုပြီးကြသောအခါတွင် မယ်ထွေးသည် အလယ်၌ နေ၍ အခြားကစားသူများက မယ်ထွေးဘေးပတ်လည် တွင် စည်းကိုမထိမိစေဘဲ ကခုန်ကြပြီးလျှင် ညောင်ပင်တစ္ဆေကို လက်ညှိုးထိုး၍ ပြောင်လှောင်ကြလေသည်။ ညောင်ပင်တစ္ဆေ လုပ်သူကလည်း မယ်ထွေးကို စည်းဝိုင်း၏ အပြင်သို့ ဆွဲထုတ်နိုင်ရန် ဟိုဘက် သည်ဘက်လှည့်၍ လိုက်လေသည်။ တစ်ယောက်ယောက် လဲသောအခါ ညောင်ပင်တစ္ဆေ မယ်ထွေးကို ဝင်၍ဆွဲယူလေသည်။ ကစားသူများကလည်း မယ်ထွေးကို စည်းဝိုင်းအလယ်တွင်သာ ရှိနေစေရန် ဆွဲယူကြ လေသည်။ နောက်ဆုံးတွင် ညောင်ပင်တစ္ဆေက မယ်ထွေးကို တစိတ်တဒေသအားဖြင့် စည်းကို ကျော်အောင်ဆွဲယူနိုင်လျှင် မယ်ထွေးက ညောင်ပင်တစ္ဆေလုပ်၍ ကစားပွဲကို အစမှ ပြန်ကစားကြလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)