ညောင်ကြီးပေါင်းရွာ၊ လက်ပန်ကွင်း

ဝီကီပီးဒီးယား မှ


ညောင်ကြီးပေါင်းကျေးရွာ သည် ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်မြို့နယ်၊ လက်ပံကွင်း ကျေးရွာ အုပ်စု တွင်းမှ ကျေးရွာ တစ်ရွာဖြစ်ပါသည်။ မြန်အောင်မြို့နယ်၏ အနောက် တောင်ဘက်တည်ရှိပြီး ကျေးရွာသည် မြေပြန့် ဒေသဖြစ်သည်။ကျေးရွာ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ လယ်ယာ မြေများသည် စပါးနှင့်ပဲစိုက်ပျိုးရန်အတွက် အဓိကအားထားရာများပင် ဖြစ်သည်။ ညောင်ကြီးပေါင်းကျေးရွာသည် နှစ်စဉ်မိုးရေချိန်လက်မ (၆၀)ခန့် ရရှိပြီး၊ သဘာဝပေါက်ပင်များမှာ ကုက္ကိုလ်၊ ဝါး၊ သရက်စသည့် သဘာဝပေါက်ပင်များ အလေ့ကျပေါက်ရောက်ရာ ဒေသ လည်းဖြစ်သည်။ မိုးစပါးသီးနှံ စိုက်ပျိုးနိုင်သော လယ်(၂၉၃) ဧကရှိပြီး၊ ၎င်းလယ်မြေ များ ပေါ်တွင် မတ်ပဲ သီးထပ်စိုက်ပျိုးသည့် ဧကမှာ(၁၅၀) ဧကရှိသည်။ အိမ်ထောင်စုပေါင်း (၁၃၅) စုနှင့် ကျား(၁၉၀) ၊ မ (၂၁၅) ဦးဖြင့် လူဦးရေပေါင်း (၄၀၅) ဦးနေထိုင်နေသော ရွာ တစ်ရွာ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]


https://vdp.drdmyanmar.org/